Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၇.၇.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ သီတာရပ်ကွက် အတွင်းရှိ သဇင်မိုး(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၈.၇.၂၀၂၅ ရက်နေ့ ၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၂)အတွင်းရှိ ဟုန်ချမ်း (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
22 Jul 2025
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်(၉း၃၀)မှ (၁၁း၃၀)အထိ မြိတ်ခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
22 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့၊နေ့လယ်(၁၄:၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီ ၅၈ ပေပါ (သို့) ပိဿာ ၆၃၈၀ သည် ရန်ကုန်မြို့မှ 4S-8645 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ ဆောင်ရေးသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ MV-အောင်တက်တိုးရေယာဉ်ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

Pages