သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှု အတွက် ဧရာဝတီတိုင်းဒေသကြီးမှ အဓိကဝယ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်မှ MV-အောင်တက်တိုးရေယာဉ်ဖြင့် ဆန် အိတ်များ သယ်ယူလာခဲ့ကြောင်း သိရှိရပါသည်။

22 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီ အချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ကော့သောင်းမြို့ နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

22 Jul 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့ သော စားအုန်းဆီ(၉၁)ပေပါအား ယာဉ်အမှတ် 6R/8082 (၇၅)ပေပါနှင့် 7K/3515 (၁၆)ပေပါ ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂.၇.၂၀၂၅)နှင့်(၃.၇.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ကော့သောင်းခရိုင် စားသုံးသူရေး

22 Jul 2025
ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဘိလပ်မြေရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီးမြှင့်မှုရှိ/မရှိ စျေးကွက် အခြေအနေအား ၂၀၂၅ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ် မြေအရောင်းဆိုင်များအား မြေပြင်တွင်ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် ဝန်ထမ်းများ သည်(၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၇;၃၀)အချိန်တွင် ခရိုင်မီးသက်တပ်ဖွဲ့၊ တိရစ္ဆာန် မွေးမြူရေးနှင့်ကူသရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကမ်းနားလမ်းဈေးတာဝန်ခံရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ ဘဲဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

