Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jul 2025
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် အတူပူးပေါင်း၍ (၇.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အလယ်ကုန်းရှိ ဦးစိုးကိုကို မုန့်ဟင်းခါးဖိုလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့တို့နှင့်အတူ (၇.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် မြောင်းမြ မြို့နယ်ရှိ ကြာဖူးငုံကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ခရိုင်စိုက်တိုးမြှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုဆွေးနွေး ခဲ့ပါသည်။
23 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)အချိန်တွင် ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း တိုက်(၂၃)၊ ဗဟိုလမ်း၊ ဗျိုင်းရာမရပ်ကွက်၊ တာမွေမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မြောင်းမြမြို့ပေါ်ရှိ အလှကုန်ရောင်းချသည့် စတိုးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
23 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးနှင့်ဝန်ထမ်းများသည် ခရိုင်စိုက် တိုးမြင့် အဖွဲ့နှင့်ပူးပေါင်း၍ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြကန်သာရပ်ကွက် တုန်းလှဲချောင်း ကျေးရွာရှိ ဦးဆန်းလင်းဦး၏ အသားထိုးကြက်မွေးမြူရေးခြံသို့ သွားရောက်၍ ကြည့်ရှု့လေ့လာခဲ့ပါသည်။

Pages