သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၆.၇.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပလန(၁)ကျေးရွာရှိ သောက်ရေသန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၆.၇.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက် အတွင်းရှိ သုခကမ္ဘာ(ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

22 Jul 2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ သန့်ရှင်းရေးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ၅.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် (အမက) ဂွေးပင်ချောင်ကျောင်းအတွင်းအပြင်နှင့် လမ်းဘေးဝဲယာရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီ

22 Jul 2025
၄.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ပေါင်မြို့နယ် (အ.ထ.က) မင်းတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေ့ဦးစွာလူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ထို

22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် (၁၆.၇.၂၀၂၅) ရက်နေ့(၁၁:၃၀)အချိန်တွင် ရန်ကင်းရပ်ကွက်၌ သစ်သီးဝလံအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

