သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများ တိုးပွားရရှိစေရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက် (၁၁:၀၀)နာရီအချိန်က မုံရွာမြို့၊ အလုံရပ်ကွက်ရှိ “ အမှတ်-၂ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူးရေး အထက်တန်းကျောင်း”တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

၂၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၂၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြောက်ပိုင်းခရိုင်အတွင်းရှိ City Care ဆေးဆိုင်သို့သွားရောက်ကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက်အရ ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၌ မြို့နယ်ကျန်းမာရေးခန်းမတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
