သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ၊ United K.M.K ကုမ္ပဏီ အအေးခန်းစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့် အလုပ်သမားများအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ကြပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၂၉ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကလောမြို့၊ ကလောမြို့ မဈေး၌ ဈေးသူဈေးသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၍ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက စားသုံးဆီဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ ဈေးကွက်အတွင်း လက်လီ/ လက်ကားရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား ပြန်လည်ရောင်းချရာ၌ မှန်မှန်ကန်ကန် ရောင်းချစေရေး၊ လက်ကားရောင်းချနေသူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက
ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတားဆီး အရေးယူနိုင်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကလောမြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့သည် (၃၀.၇.၂၀၂၄) ရက်နေ့တွင် အောင်ပန်းမြို့၊ ပြည်သာယာဈေးရှိ သီးနှံစုံရောင်းဝယ်ရေးပွဲရုံများတွင် တရားမဝင်ကုန်ပစ္စည်းများ ရောင်းဝယ်မှုရှိ/မရှိ အခြေအနေနှင့် တောင်ကြီး၊ မိတ္ထီလာလမ်းမကြီးပေါ်၌ ဖြတ်သန်းမောင်းနှင်လာသောကုန်တင်ယာဉ်များတွင် တရားမဝင်ကုန်စည်များ တင်ဆောင်လာမှုရှိ/မရှိ အခြေအနေတို့အား စစ်ဆေးစိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံလမ်းတွင် ဆန်/စပါး လုပ်ငန်းရှင်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်ခဲ့သည်။