သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့ပေါ်ရှိ ဗေရှားဒါသောက်ရေသန့် လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ရေးနှင့် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် (၁၁)ရပ်ကွက် ဇီဝကာရာမ(အ.မ.က) ကျောင်းတွင် ကျောင်းသူ/သား (၅၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသောက်တက်စေရန် အသိပညာပေး ဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁) ရက်နေ့ ၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များရှိ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။ ဒီဇင်ဘာလ(၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မှ ဧည့်မထဆန်(၃၀၀၀)အိတ် တင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ( MRF )၏ ရည်ညွှန်း သတ်မှတ်ဈေးမ
ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ဖျာပုံမြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးဝါးများကို သက်ဆိုင်ရာ ထောက်ခံချက်ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။