သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၁၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသောကုန်စုံဆိုင်(၅)ဆိုင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၁-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိုးကောင်းမြို့နယ်၊ ပဲခူးစုကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့နယ်တာဝန်ခံသည် (၄-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးမှူးရုံး၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှုများဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၄-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သက်ကယ်ပြင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စားသုံးသူပြည်သူ (၂၅၀) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင် ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦစီးမှူးရုံးမှ ပြည်တွင်းဌာနတာဝန်ခံ ဦးမျိုးဝင်းနိုင်(ဦးစီးအရာရှိ)သည် (၁၁-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ “ကျော်စိုး”ပဲမျိုးစုံရောင်းဝယ်ပွဲရုံသို့သွားရောက်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရပါသည်။