Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

(၃.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀)က စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်း မြို့နယ်အဆင့် ဌာနဆိုင်ရာများ အစည်းအဝေးပြုလုပ်ကျင်းပခဲ့ရာ အွန်းလိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအကြောင်းကို ရပ်ကျေးစာရေးနှင့် အုပ်ချုပ်ရေးမှူးများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့သည်။

06 Feb 2025

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ကြိမ်ချောင်း အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာ‌ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်း အသိပညာ ပေးဟောပြောခြင်းကို ၃.၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

06 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံရုံးတွင် ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

06 Feb 2025

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၃.၂.၂၀၂၅)ရက်နေ့     နေ့လည်(၁၂;၀၀)နာရီကလပွတ္တာမြို့၊    အမှတ်()ရပ်ကွက်ရှိ အမှတ်() မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

            (၃၀.၁.၂၀၂၅) ရက်မှ (၁.၂.၂၀၂၅) ရက်အတွင်း မအူပင်ခရိုင်အတွင်း အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသူး လုပ်ငန်း(၅)ခုရှိသဖြင့် လုပ်ငန်းတည်နေရာနှင့် ကုန်စည်ရောင်း ချမှုများ အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိကို မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ရောင်းချသူလုပ်ငန်း လိပ်စာများ အတိုင်း သွားရောက် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

Pages