Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Dec 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ “ပြုံးပြုံးရွှင်” စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီဆိုင်လုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

30 Dec 2022

        ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဒေးဒရဲမြို့ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များအား (၂၂.၁၂.၂၀၂၂)ရက် နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

30 Dec 2022

         ဖျာပုံမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ( ၂၂ )ရက်နေ့ ၊ နံနက်( ၁၀:၀၀ )နာရီတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ Talk Show အစီအစဉ်ကိုကျင်းပပြုလုပ်ခဲ့ပါသည်။

30 Dec 2022

            ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၂၀.၁၂.၂၀၂၂)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

30 Dec 2022

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ဒုခရိုင်ဦးစီးမှူးသည် (၂၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင် (၁၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

Pages