ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆေးဖက်ဝင် တစောင်းခါး

      အညာဒေသ၌ မိုးရာသီတွင် ထွက်ရှိသော တစောင်းခါးပင်သည် ဆေးဖက်ဝင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ချည်သောအရသာရှိသော်လည်း  ချည်စူးစူးမဟုတ်ပဲ နှုတ်မြိန်စေသည့် ဟင်းလျာတစ်ခွက်ဖြစ်ပါသည်။ထို့ပြင် ဒေသခံများအနေဖြင့်လည်း မိသားစု ဟင်းတစ်ခွက်ရသည့်အပြင် အပိုဝင်ငွေရရှိသော ဒေသထွက်ကုန် ဖြစ်ပါသည်။

     တစောင်းခါးသည် ကိုလက်စထရောကျစေပြီး ၊အမျှင်ဓါတ်ပါသောကြောင့် နှလုံး သွေးကြောကျဉ်းရောဂါ၊ ကိုယ်အင်္ဂါ ကိုက်ခဲနာကျင်သော ရောဂါများကို ကာကွယ်နိုင်ပြီး ဆာလောင်ခြင်း၊ ရေငတ်ခြင်းတို့ကို ထိန်းသိမ်းနိုင်သည်ဟု သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင်  တစောင်းခါး တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် လက္ကားရောင်းချသော ဈေးသည်များကို ဖောက်သည်ပေး၍ လက်လီ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

      စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇူလိုင်လ ပထမပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

   ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး ဇွန်လ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၇၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဇူလိုင်လ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၆၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၁၅၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို ဒေသတွင်းထွက်ရှိသည့် စားတော်ပဲများသာမက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့်မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြသည့်အပြင် အစိမ်းသာမက ရေစိမ်၍လည်း ရောင်းချ ကြပါသည်။

စားတော်ပဲ

     ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှုန်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၈၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲရေစိမ်

    ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ် ဈေးနှုန်းမှာ ()ပြည်လျှင်(၄၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ် နှင့်ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ နေ့စဉ်စားတော်ပဲ(၈)ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင် ဇူလိုင်လ ပထမပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၂၈၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၃၅၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၃၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ် ဇူလိုင်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၅၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၂၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၀၅)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၃၀)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၁၃၅)ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၉၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၂၅)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

အချိုတည်းစရာဖြစ်သည့် စလေဘီနှင့်ချစ်တီးမုန့် ဈေးနှုန်း/ဈေးကွက်

     ရွှေဘိုမြို့တွင် မြန်မာ့ရိုးရာအစားအစာမုန့်များ၊ ကိတ်မုန့်၊ ပေါင်မုန့်များအပြင် အချိုတည်း စရာဖြစ်သည့် စလေဘီနှင့် ချစ်တီးမုန့်များကိုလည်း ရောင်းချကြပါသည်။ အချိုမုန့်ဖြစ်သည့် စလေဘီနှင့်ချစ်တီးမုန့်သည်ဂျုံနှင့်သကြားကို အခြေခံ၍ ပြုလုပ်ရသော မုန့်ဖြစ်ကြောင်း၊ စလေဘီနှင့် ချစ်တီးမုန့်များကို  (၁)ပိဿာလျှင် (၁၂၀၀ဝိ/-)ကျပ် ဖြင့်ရောင်းချကြောင်း၊ တစ်ဆယ်ကျပ်သား အနည်းဆုံး ဝယ်ယူ၍ရကြောင်း၊ စလေဘီနှင့် ချစ်တီးမုန့်များသည် (၁)ပတ်ကြာထိသာ အထားခံ ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချသူများ၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ဖြစ်သည့် မြို့များ၊ ကျေးရွာများအပြင် ဆွမ်းကပ်၊ အလှူပွဲနှင့် မင်္ဂလာဧည့်ခံပွဲများမှလည်း လာရောက်၍ ဝယ်ယူကြောင်း၊ ပြန်လည်ရောင်းချသည့်ဈေးသည်များမှ  အထုပ်သေးများတွဲ၍ ပြန်လည်ရောင်းချ ကြောင်း စလေဘီနှင့် ချစ်တီးမုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ် ဇူလိုင်လ အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေ

            (၈-၇-၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၀) ဆိုင်ရှိ ကုန်စည်များ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရပြီး မြို့နယ် ကုန်ဈေးနှုန်း စာရင်းများကို အပါတ်စဉ် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိသည်။

       ညောင်တုန်း မြို့နယ်တွင်း ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန် များဖြစ်သည့် ဆန်(မနောသုခ) ၁ပြည် ၃၃၀၀ကျပ်၊ စားအုန်းဆီ ၁ပိဿာ ၆၄၅၀ကျပ်၊  ဆား၊  ၁ပိဿာ ၁၆၀၀ကျပ်၊ ငါးငပိ ၁ပိဿာ ၁၅၀၀၀ကျပ်၊ ကုလားပဲ ၁ပိဿာ ၆၃၀၀ကျပ်၊ အားလူး အလတ်စား ၁ပိဿာ ၃၅၀၀ကျပ်၊ ငရုတ်ခြောက် ၁ပိဿာ ၉၀၀၀ကျပ်၊  ကြက်သွန်နီ အလတ်စား ၁ပိဿာ ၁၈၀၀ကျပ်၊ ကြက်သွန်ဖြူရှမ်းစ ၁ပိဿာ ၁၀၀၀၀ကျပ်၊ ဖြင့်ရောင်းချနေပြီး ယခင်လဈေးနှုန်း နှိုင်းယှဉ်ပါက အားလူး ၅၀၀ကျပ် ကျဆင်းကြောင်း  သိရသည်။

            သားငါးဈေးအနေဖြင့် ဆိတ်သား အသား၁ပိဿာ ၂၉၅၀၀ကျပ်၊ အရိုးအသား ၂၆၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ အရိုးအသား ၂၂၀၀၀ကျပ်၊ အသား ၂၃၄၀၀ကျပ်၊ အမဲသား ၁၈၀၀၀၊ ၁၉၈၀၀ကျပ်၊  ငါးမြစ်ချင်း ခုတ်သား ၁ပိဿာ ၁၅၀၀၀-၁၈၀၀၀ ကျပ်၊ ကြက်ဗမာ ၁ပိဿာ ၂၅၀၀၀-၂၈၀၀၀ကျပ်၊ စီပီကြက် ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လဈေးနှုန်း နှိုင်းယှဉ်ပါက ဗမာကြက် ၂၀၀၀-၅၀၀၀ကျပ်၊ကျဆင်းပြီး၊ ငါးမြစ်ချင်း ၅၀၀၀ကျပ် ဈေးမြှင့်တက်ပြီး ကျန်ကုန်စည်များ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေဈေးနှုန်း အခြေအနေ

            ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန်လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

         ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ဇူလိုင်လ ဒုတိယပါတ်ဈေးအနေဖြင့် ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် ၂၃၀၀၀ကျပ်၊ ဘိလပ်မြေ အယ်လဖာ ၁အိတ် ၂၂၅၀၀ ကျပ်၊ အပါချီ ၁အိတ် ၂၂၀၀၀၊ စက်အုတ် ၉ပေါက် ၁ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၅၀၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ ယခင် လဈေးဖြင့် နှိုင်းယှဉ်ပါက သံချောင်းဈေးနှုန်းများ ၃၀၀၀၀-၅၀၀၀၀ကျပ် မြငိ့တက်လာကြောင်းတွေ့ရပြီး အခြားကုန်ဈေး နှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆေးဖက်ဝင် ကြောင်လျှာသီး/ကြောင်လျှာပွင့်ခြောက် ဈေးကောင်းရ

   အညာဒေသ၌ စိုက်ပျိုးထွက်ရှိသော ကြောင်လျှာသီးပင်သည် ဆေးဖက်ဝင်သည့် အသီးအနှံ တစ်မျိုးဖြစ်ပြီး၊ အပင်မှသီးသော ကြောင်လျှာသီးအပြင်၊အပင်မှပွင့်သော ကြောင်လျှာပွင့်ကိုလည်း အခြောက်လှန်း၍ ရောင်းချရသဖြင့်  ဒေသခံများအနေဖြင့်လည်း မိသားစု ဟင်းတစ်ခွက်ရသည့်အပြင် အပိုဝင်ငွေရရှိသော ဒေသထွက်ကုန် ဖြစ်ပါသည်။

    ကြောင်လျှာသီးသည် အသည်းနှင့်ကျောက်ကပ်ကိုကျန်းမာစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေခြင်း စသည့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိသည်ဟု လေ့လာသိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ‌ပထမပတ်တွင်  ကြောင်လျှာသီး တစ်တောင့်လျှင် အကြီးအ‌သေးပေါ် မူတည်၍  (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ပေါက်ဈေးဖြင့် ဈေးကောင်းရ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ သီးနှံ လက္ကားဒိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)      

မအူပင်ပင် ပဲမုန့် ဇူလိုင်လ ဈေးနှုန်း အခြေအနေ

             မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးထုတ်လုပ်သော အသေးစားစက်မှု လုပ်ငန်း ၄ဦးခန့်ရှိပြီး  မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် လူကြီးသူမနှင့် အိတ်ဆွေသူငယ်ချင်းများကို  လက်ဆောင်အဖြစ်ပေးရန်၊ ကန်တော့ရန် ကောင်မွန်သော မုန့်တစ်မျိုးဖြစ်သည်။ ကန်တော့ရာတွင်လည်းကောင်း လက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုး ဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊  ဓနဟိန်း ပဲမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။

              ပဲမုန့်ဈေးနှုန်းအနေဖြင့် ၁၀-၅-၂၀၂၅ ရက်နေ့ ရောင်းချမှုဈေးနှုန်းမှာ ပဲမုန့် ၁ထုတ် ၂၅၀၀ကျပ်၊ ပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၅၀၀၀ကျပ်၊ ပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၅၀၀၀ကျပ်၊ အငံမုန့် ၁ထုတ် ၂၇၀၀ကျပ်၊ အငံဘူးသေး  ၆ထုတ်ပါ ၁၆၂၀၀ကျပ်၊ အငံဘူးကြီး ၁၀ထုတ်ပါ ၂၇၀၀၀ကျပ်၊ ဘဲဥမုန့် ၁ထုတ် ၂၄၀၀ကျပ်၊ ဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၂၀၀၀ကျပ်၊ ဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၄၀၀၀ကျပ်၊ ကိတ်မုန့် ၁ထုတ် ၅၀၀၀ကျပ်၊ ကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၅၀၀၀ကျပ်၊ ဖရုံယို ၁ထုတ် ၂၆၀၀ကျပ်၊ ဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး ယခင် မေလ ဈေးနှုန်းဖြင့် နှိုင်း ယှည်ပါက ကိတ်မုန့် တစ်ခုကို ၃၀၀ကျပ် ဈေးမြင့်လာတက်ပြီး ကျန်သော မုန့်ဈေးနှုန်း ပုံမှန်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရန်ကုန်သီရ်မင်္ဂလာဈေးမှ ဝင်ရောက်နေသော ငရုတ်သီးစိမ်း

             မအူပင်ကုန်စိမ်’ဈေးကွက်သို့ ဒေသတွင်း စားသုံးရန်လိုအပ်ချက်အရ ငရုတ်သီးစိမ်းများ ဝင်ရောက်လျက်ရှိကြောင်း မအူပင်ဈေးကွက်အတွင်းမှ သိရသည်။ မအူပင်ခရိုင်တွင် ငရုတ်သီးစိမ်းစိုက်ပျိုးကြသော်လည်း မိုးရာသီတွင် မိုးများသောကြောင့် ငရုတ်စိုက်ပျိုးမှု နောက်ကျမှ စိုက်ပျိုးကြောင်းသိရသည်။ ဒေသတွင်း စားသုံးသူလိုအပ်ချက်အရ ငရုတ်သီးစိမ်းများကို ရန်ကုန်သီရိမင်္ဂလာဈေးမှ မှာယူရောင်းချကြောင်း သိရသည်။

            ဈေးကွက်နေဖြင့် ငရုတ်သီးစိမ်း အချိန်၃၀ပါ ၁အိတ်ကို ငွေကျပ် ၁၂၀၀၀၀ကျပ်ဖြင့် ရန်ကုန်မှ ၎င်းှာယူရောင်းချပြီး မအူပင်ဈေးကွက်တွင် ငရုတ်သီးသိမ်း ၁ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ ငရုတ်စိမ်း တစ်အိတ်လျှင် အကျိုးအမြတ် ငွေကျပ် ၃၀၀၀၀ ကျန်ရှိကြောင်းနှင့် ကုန်စိမ်းရောင်းချသူမှ ငရုတ်စိမ်းများကို တစ်ပတ်လျှင် အချိန် ၃၀ပါ အိတ် ၂အိတ်ခန့် ရောင်းချရကြောင်းနှင့် အခြားသော ကုန်စိမ်းရောင်းချသူများလည်း ဝယ်ယူရောင်းချလျက်ရှိသည်။ ဒေသတွင် ငရုတ်စိုက်သီးနှံပေါ်ချိန်တွင် ဒေသမျိုးများကိုသာ ရောင်းချလျက်ရှိပြီး ရန်ကုန်သို့လည်း တင်ပိုကြောင်း ငရုတ်သီးနှံရောင်းချသူထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း