ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ပုဇွန်ထုတ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ပုဇွန်ထုတ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

    ပုဇွန်ထုတ်များကို  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  ဝယ်ယူရောင်းချကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုတ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုတ် ဈေးနှုန်းများအနေဖြင့် ပုဇွန်ထုတ် လက္ကားဈေး(၁)ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ ပုဇွန်ထုတ် လက်လီဈေး (၁)ပိဿာလျှင်(၆၀၀၀၀) ကျပ်၊ ပုဇွန်ထုတ်(၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်(၂၅)ကျပ်သားလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နေကြာစေ့ ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ် ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက္ကား တစ်ပြည်လျှင်(၇၈၀၀)ကျပ်၊ နေကြာစေ့ လက်လီ တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ နေကြာစေ့ နို့ဆီဘူး(၄)ဘူးလျှင်(၀၀၀)ကျပ်နှင့် နေကြာစေ့ နို့ဆီဘူး(၁)ဘူးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညင်းသီး ဈေးနှုန်း

     ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီး နှင့် ဒညှင်းသီး ကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း နာနတ်သီးချင်းတူပေမဲ့ မဲဇာနာနတ်သီးသည် အရမ်းချိုသည့်အတွက် ဈေးပိုကောင်းပြီး ရောင်းပန်းလှကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော နာနတ်သီး ဈေးနှုန်း အနေဖြင့် မဲဇာ နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀/၄၀၀၀)ကျပ်၊ မဲဇာ နာနတ်သီး အသေး တစ်လုံးလျှင် (၂၅၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မန္တလေး နာနတ်သီး အသေး တစ်လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် လည်းကောင်း ဒညင်းသီး ဈေးနှုန်း အနေဖြင့် ဒညင်းသီး အကြီး တစ်လုံးလျှင်(၂၀၀)ကျပ်၊ ဒညင်းသီး အလတ် တစ်လုံးလျှင်(၁၅၀)ကျပ် နှင့် ဒညင်းသီး အသေး တစ်လုံး လျှင်(၁၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့တွင် သစ်သီးဝလံမျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့ ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မွေးမြူရေးနှင့်  စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ ရိုးရိုး ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့များကို ကျွန်းလှမြို့ ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ဗမာနွားများသည် သဘာဝအစားအစာဖြစ်သော မြက်၊ ကောက်ရိုး၊ ပဲမှော်များကို သာကျွေးရပေမဲ့ နို့စားနွားများကိုဖြင့် အသင့်စား အစာမှုန့် ၊ ပဲပတ်၊ ကုလာပဲဆံမှုန့် ၊ ဆန်ကွဲ နှင့် မြက်နုများကိုသာ ကျွေးမွေးရခြင်းဖြင့် နွားနို့အထွက်နှုန်းကောင်းပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့်အတွက် မွေးမြူသင့်ကြောင်း မွေးမြူရေးလုပ်ကိုင်သူထံမှ သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

“ သုံးခွမြို့နယ်၌ မိုးစပါးများစိုက်ပျိုးလျက်ရှိ”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီ၌ လျာထားဧကအနေဖြင့် (၁၅၃၆၆၇)ဧကဖြစ်ပြီး ဇူလိုင်လ ဒုတိယပတ်အထိ မိုးစပါး (၁၄၇၆၁၄) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

    သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီချိန်တွင် ဆန်စပါးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာများ ဖူလုံစေရေးနှင့် ပြည်ပသို့ တင်ပို့နိုင် စေရေးအတွက် သက်ဆိုင်ရာဌာနများမှ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးနိုင်စေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ သွင်းအားစု ဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ်စေရန် တောင်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ဒုတိယပတ်အထိ မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ရိုးရိုးပျိုး ထောင်စိုက်ခင်းဧက (၂၄၂၃)ဧက၊ တိုက်ရိုက်အစေ့ချ (Seeder)စနစ်ဖြင့် (၂၁၂၇၆)ဧကနှင့် ကြဲပတ် စိုက်ပျိုးဧက (၁၂၃၉၁၅)ဧကတို့ဖြစ်ပြီး စုစုပေါင်း အနေဖြင့် မိုးစပါး စိုက်ပျိုးပြီးဧက (၁၄၇၆၁၄) ဧကတို့ဖြစ်ကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် (၉၆.၀၆)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒူးရင်းသီး ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဒူးရင်းသီး ဈေးနှုန်း များမှာ ဒူးရင်းသီး  အကြီး တစ်လုံးလျှင်(၇၀၀၀၀)ကျပ်၊  ဒူးရင်းသီး အလတ် တစ်လုံးလျှင် (၅၀၀၀၀) နှင့် ဒူးရင်းသီး အလုံးသေး တစ်လုံးလျှင် (၃၅၀၀၀/၃၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။   

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ တတိယပတ်၏ မျှစ်စိမ်း၊ မျှစ်ချဉ်နှင့် မျှစ်ပြုတ်ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရောင်းချနေသော မျှစ်ဈေးနှုန်းများ အနေဖြင့် မျှစ်ချဉ် ( ၁၀ )ကျပ်သားပါ အထုပ်သေး ( ၁ )ထုပ်လျှင် ( ၄၀၀)ကျပ်ဖြင့် လည်းကောင်း၊ မျှစ်စိမ်း ( ၁၀) ကျပ်သားလျှင် ( ၁၀၀၀ ) မျှစ်ပြုတ် ၁ ပုံလျှင် ( ၅၀၀)ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ( ၂၀၀)ကျပ်ခန့် မျှစ်ဈေးများ ပြန်လည် ကျဆင်းလာကြောင်း သိရသည်။

Doca(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သဘာဝတောမှို ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှိုများဖြစ်သည့် ဒေါင်းဖြူ/ဒေါင်းဝ မှို၊ မှိုအိုးမဲ၊ မှိုဖြူပါး၊ မှိုကြောညို နှင့် မှိုချဉ်ပေါင် တို့ကိုလိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောမှို ဈေးနှုန်းအနေဖြင့် တောမှို လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တောမှို(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ် နှင့် တောမှို(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ် သွက်လျက် ရှိကြောင်း နှင့် မိုးရွာသွန်းသောကြောင့် တောမှိုများ လှိုင်လှိုင်ပေါပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း တောမှိုရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ဈေးကောင်းလျက်ရှိသော တောင်ဘို့မှို ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

     တောင်ဘို့မှိုကို ခြမှိုလို့လဲခေါ်လေ့ရှိကြသည်။ တောင်ဘို့မှိုသည် တောင်ဘို့ရှိရာမြေအောက် ခြကောင်ရှိသောနေရာများ၌ အစုလိုက်အပြုံလိုက်ပေါက်ရောက်လေ့ရှိပါသည်။ တောင်ဘို့မှိုသည် နွေအကုန် မိုဦးရာသီအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာသွန်းအပြီးတွင် ပေါက်ရောက်လေ့ရှိပါသည်။ တောင်ဘို့မှိုသည် အခြားမှိုများနှင့်မတူ တမူထူးခြားပြီး အဖူးများဖြစ်သည့်အတွက် ရေအဆေးခံပြီး  အရသာမှာ ပိုချို ပိုနုပြီး လူကြိုက်များကာ ဈေးကောင်းရရှိသော မှိုအမျိုးအစားဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းအနေဖြင့် တောင်ဘို့မှို လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ တောဘို့မှို(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် တောင်ဘို့မှို(၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း တောင်ဘို့မှိုရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ သာစည်ဈေးရှိ ဆူးပုတ်ကြီးရွက်ဈေးနှုန်းအခြေအနေ

မုံရွာမြို့၊ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိမိတို့အိမ်ခြံမြေများနှင့် လယ်ယာမြေများ တွင်  ဆူးပုတ်ပင်များကို မီးဖိုချောင်စရိတ်သက်သာစေရန် စိုက်ပျိုးလေ့ရှိကြပြီး၊  စီးပွားဖြစ် စိုက်ပျိုးမှုများလည်း ရှိကြပါသည်။ ဆူးပုတ်ရွက်သည် ရာသီမရွေးပေါ်ထွက်သော သီးနှံတစ်မျိုး လည်းဖြစ်ပါသည်။ စိုက်ပျိုးရရှိသော ဆူးပုတ်ကြီးရွက်များကို    မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  ဆူးပုတ်ကြီးရွက်ဈေးနှုန်းများမှာ ဇူလိုင်လ တတိယပတ်တွင် ဆူးပုတ်ကြီး(၁) စည်းလျှင် (၃၅၀) ကျပ်မှ (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း