
တဇောင်းခါးမှာ သဘာဝဟင်းသီးဟင်းရွက် အပင်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူသော နှစ်ရှည်ခံ အပင်ဖြစ်ကြောင်း၊ အပူပိုင်းဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသများတွင် အများဆုံးပေါက်ရောက်ကြောင်း သိရှိသည်။ မြင်းခြံမြို့ရှိ စံပြဈေး၊ အေးမြသီတာဈေးများတွင်ရောင်းချနေသော ၂၀၂၅ခုနှစ်ဇူလိုင် နောက်ဆုံးပတ်တွင်ရောင်းချနေသာ လက်လီဈေး တဇောင်းခါး ၂၅ ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ လက်ကား ဈေးတစ်ပိဿာလျှင် (၉၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဇွန်နောက်ဆုံးပတ်တွင် တဇောင်းခါး (၂၅)ကျပ်သားလျှင် လက်လီဈေး(၃၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် တဇောင်းခါးလက်လီ ဈေးနှုန်း(၂၅)ကျပ်သားလျှင် (၅၀၀)ကျပ်၊ လက်ကားဈေးမှာ တစ်ပိဿာလျှင်(၂၀၀၀) ကျပ် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ မိုးရာသီ ဖြစ်သော ကြောင့် တဇောင်းခါး ဟင်းသီးဟင်းရွက် များ ထွက်ပေါ်ချိန် ဖြစ်သောကြောင့် ဈေးနှုန်းများ ကျ ဆင်းခဲ့ကြောင်း တဇောင်းခါးမှာ ခါးသက် သောအရသာရှိပြီး စားသုံးလျှင် ဖန်ချိုအရသာရှိကာ ခံတွင်းမြိန်စေပြီး ဆေးဖက်ဝင်၍ စားသုံး မှုများပြားလျှက် ရှိသောကြောင့် ဈေးကွက်တွင် ရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်း ချသူတစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။
DOCA (မန္တလေး)