ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန်ကျည်းသီးမှည့် ဈေးနှုန်းအနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် မန်ကျည်း ပင်များ အလေ့ကျပေါက်ရောက်ပြီး ဒေသခံပြည်သူများက မန်ကျည်းသီးမှည့်ချိန်တွင် ခူးဆွတ်ကာ ရောင်းချကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီး မှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်ကို လူကြိုက်များ၍ အရောင်း အဝယ်ပိုဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့နယ်တွင် မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြသလို မြို့နယ်အတွင်းရှိ အကြော်ဆိုင်များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း မန်းကျည်းမှည့်များ ထပ်မံဝင် ရောက်မှုမရှိတော့ပဲ သိုလှောင်ထားသည့်ပစ္စည်းများသာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း  အစေ့လွတ်မန်ကျည်းသီးမှည့် လက်လီတစ်ပိဿာလျှင် (၉၀၀၀)ကျပ် လက်ကားတစ်ပိဿာ (၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် အစေ့ပါမန်ကျည်းသီးမှည့် (၁)ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

ကွမ်းသီးဈေးကွက်

           မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးလေ့ရှိကြသည့် ဓလေ့တစ်ခုက စွဲစွဲမြဲမြဲရှိနေသည့်အတွက် ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီးဈေးကွက်ကလည်း ခိုင်ခိုင်မာမာရှိပြီးသားဖြစ်ပါသည်။ ကွမ်းသီးတွင်အဝိုင်းသီးနှင့် အချွန်းသီးဟူ၍ပုံစံ(၂)မျိုးရှိရာ အချွန်းသီးများကိုသာအဝယ်ဒိုင်များက ဈေးကောင်းပေး၍ ဝယ်လေ့ရှိသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့တွင်အဓိကစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ဇွန်၊ဇူလိုင်လခန့်တွင် ကွမ်းသီး လှိုင်လှိုင် စသီး နေကြောင်းသိရသည်။စီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင်လည်း အနည်းဆုံး ၅နှစ်ကာလကြာမြင့်သည်။ တချို့အပင်များက ၅ နှစ်ကာလနှင့် အသီးသီးသော်လည်း တချို့အပင်များက သုံးနှစ်ခွဲလောက်ကတည်းက အသီးကင်းများ စတင်သီးလာပြီဖြစ်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကွမ်းသီးစိုက်ဧက နှစ်သိန်းခွဲကျော်ရှိကြောင်း သိရသည်။ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွေခရိုင်များတွင် ကွမ်းသီးပင်များ စိုက်ပျိုးဖြစ် ထွန်းပြီး အရည်အသွေး ကောင်း ကြောင်းသိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ကွမ်းသီးများကပြည်ပဈေးကွက် ကောင်းလျက်ရှိသည်။ဈေးကွက်ထိပ်တန်းရောက်လာသည့်ကွမ်းသီးပင်များကို စနစ်တကျ စိုက်ပျိုး ၍ (၇)နှစ်မှ (၈)နှစ်အတွင်းမှသာ စတင်ခူးဆွတ်နိုင်သောကြောင့် စိုက်ပျိုးသူများအနေဖြင့် နှစ်ရှည် သီးနှံပင်ဖြစ်၍ ရေရှည်စီးပွားဖြစ်သော သီးနှံတစ်မျိုးဖြစ်သော်လည်း အကျိုးအမြတ်ရရှိမှုအတွက် စောင့်ဆိုင်းရကြောင်းသိရှိရပါသည်။ နှစ်ကာလချီ၍ ပြုစုပျိုးထောင်ရသော ကွမ်းသီးပင်များသည် ယခုအခါတွင် ရွှေကဲ့သို့ပင် တန်ဖိုးရှိသည်ဟု ဆိုရမည်ဖြစ်သည်။ ကွမ်းသီးမှာအမှည့်ခြောက် တင်သာမက အရည်သောက်များလည်း ဈေးကောင်းရလျက်ရှိသည်။ ဈေးကောင်းရသောကြောင့်  ကွမ်းသီးတို့အား ရင့်မှည့်ချိန်အထိ မရောက်ရှိဘဲ အရည်သောက်အနေ အထားဖြင့်ရောင်းချသည့်အတွက် ကွမ်းသီးခြောက်ထွက်ရှိမှုနှုန်းကျဆင်းလျက်ရှိသည်။ ယခုနောက်ပိုင်းတွင်ကွမ်းသီးခြောက် ဈေးကွက်ထက် ကွမ်းသီးနု ဝယ်လိုအားဈေးကွက်က ပို၍ကောင်းနေသည်။ ကွမ်းသီး၏အပြင်ပိုင်း အခွံစိမ်းကို ယေဘုယျအားဖြင့် ကွမ်းသီးနုဟုခေါ်ကြပြီး ကုန်သည်များကဝယ်ယူ ရာတွင် အခိုင်လိုက်၊ အလုံးလိုက်၊ ကီလိုအချိန်များနှင့်ဝယ်ယူကြသည်။ ကွမ်းသီးနုကို တရုတ်ဘက်မှ အဝယ်လိုက်ပြီး ကွမ်းသီးခြောက်ပါကင်တွေကိုတော့ အိန္ဒိယဘက်မှ ဝယ်ယူကြောင်း၊ ကွမ်းသီး အနုဈေးကွက်အဝယ်လိုက်နေသည့်အတွက်တစ်ဖက်တွင်ကွမ်းသီးအရင့်များ ရှားပါးသွားသည်။ ထို့ကြောင့် တောင်သူအချို့တွင် ကွမ်းသီးခြောက် ပြတ်လပ်မှုများရှိလာ၍ ဈေးကွက်အတွင်း ကွမ်းသီးခြောက် များဈေးမြင့်တက်လာခဲ့သည်။

ယခင်နှစ်တွင် ကွမ်းသီးခြောက် သိုလှောင်ထုတ်လုပ်မှု နည်းပါးနေသဖြင့် ကွမ်းသီးခြောက် လိုအပ်ချက်ကြောင့် ယခုနှစ်တွင် ဈေးနှုန်းများ ဈေးကောင်းလျှက်ရှိကာ စျေးနှုန်း ဆက်လက် မြင့်တက်နေပါသည်။ ဇွန်လပထမပတ်တွင် ကွမ်းသီးနုဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကွမ်းသီးခြမ်းဈေးနှုန်းမှာမြင့်တက်နေပါသည်။ဇူလိုင်လတတိယပတ်တွင်ကွမ်းသီးအခြမ်း စျေးနှုန်း မှာ တစ်ပိဿာလျှင်(၃၈၀၀၀/-) ကျပ် ထိ ဈေးနှုန်းမြင့်တက်ပြီး ပြီးတနင်္သာရီတိုင်းဒေသကြီး မှထွက်ရှိသောကွမ်းသီးများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းသို့ အများဆုံး တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် အရောင်းသွက်သည့် ဒေသထွက်နဂါးမောက်သီး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများအပြင် ဥယျာဉ်ခြံသီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြ ကြောင်းသိရသည်။ မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီ ရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိ သောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုးတို့ ဖြစ်ကြောင်း သိရသည်။

          ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေး ရွာနှင့် အခြားကျေးရွာများတွင် နဂါးမောက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဒေသထွက်နဂါးမောက်သီးများ ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် တွင် နဂါးမောက်သီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် (၅၀၀မှ ၈၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နဂါးမောက်သီးများသည် ဒေသထွက်ဖြစ်သည့်အတွက် ဈေးနှုန်းချိုသာခြင်း၊ အသီးလတ်ဆတ်မှုရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

                                                         

ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဒေသထွက် သနပ်ခါးတုံးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

နွေနှမ်းစိုက်တောင်သူများ ဈေးကောင်းရရှိ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါးကို အဓိကထားစိုက်ပျိုးကြသည်။ နွေစပါး၊ နွေနှမ်းများကို ဖေဖော်ဝါရီ၊ မတ်လများတွင်စိုက်ပျိုးကြပြီးနွေနှမ်းအများဆုံးစိုက်ပျိုးကြကြောင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာမှာ နွေနှမ်းစိုက်ဧက(၅၀၀)ခန့်ရှိကြောင်း၊နွေနှမ်းတွင် နှမ်းနက် အများဆုံး စိုက်ပျိုးကြကြောင်း၊ နွေနှမ်းကို ရေဖျန်းစိုက်ပျိုးကြပြီး မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၁)ဧက ကျပ်(၂၀)သိန်းခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ချိန်မှ ရက်(၉၀)တွင် ရိတ်သိမ်းနိုင်ကြောင်း၊ ဂရုစိုက်ပြုစုမှုအပေါ် မူတည်၍ အထွက်နှုန်းမှာ (၁)ဧက လျှင် (၆)တင်းမှ (၂၀)တင်းအထိ ထွက်ရှိ ကြောင်း၊ဈေးကွက်အနေဖြင့် နှမ်းပွဲစားများက တောင်သူ လက်ဝယ်အရောက် လာရောက် ဝယ်ယူ ကြ၍ နှမ်းနက်(၁)တင်းလျှင် ကျပ် (၂၃၅၀၀၀/- မှ ၂၉၀၀၀၀/-) အထိ  နှမ်းအရည်အသွေး၊ ထွက်ရှိ သည့်အချိန်ကာလအလိုက်ဈေးနှုန်းကွာခြားလျှက်ရှိကြောင်း၊အထွက်နှုန်းကောင်းသော  တောင်သူ များ အနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကြောင်း နှမ်းစိုက်တောင်သူ တစ်ဦးထံမှသိရှိရသည်။

DOCA(မန္တလေး)

ဩဂုတ်လ ဒုတိယပတ်အတွင်း ကောက်ရိုးမှိုနှင့် ငွေနှင်းမှို ဈေးနှုန်းများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ဒုတိယ ပတ်တွင် ရောင်းချနေသော မှိုဈေးနှုန်းများ အနေဖြင့် ငွေနှင်းမှို( ၁၀ )ကျပ်သားလျှင် ( ၁၀၀၀) ကျပ်နှင့် ( ၂၅ ) ကျပ်သားလျှင် ( ၂၅၀၀ )ကျပ်ဖြင့်ရောင်းချနေကြောင်း၊ ကောက်ရိုးမှို(၁၀)ကျပ် သားလျှင် (၈၀၀)ကျပ်၊ ( ၂၅) ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် လည်းကောင်း ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသာ ကွမ်းသီးနှင့် ကွမ်းရွက်ဈေးများ

                    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချ နေသော ကွမ်းသီးနှင့်ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ ) ပိဿာလျှင်( ၃၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁ ) ပိဿာလျှင် (၂၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်)  ( ၁ )ပိဿာလျှင် ( ၅၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ )ပိဿာလျှင် ( ၃၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အသင့် ( ၁) ပိဿာလျှင် ( ၂၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ပယ်ရွက် ( ၁ ) ပိဿာလျှင် ( ၁၀၀၀) ကျပ်ဖြင့် လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိပြီး ကွမ်းရွက် ဈေးများ ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

 

 

ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ပန်းဈေးနှုန်းများ

                        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင်စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိ ကြပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်၌ မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ အနေဖြင့် သပြေပန်း ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ အာဆီယံသပြေ ( ၁ )စည်းလျှင် ( ၈၀၀)ကျပ်၊ သပြေ ငုတ်ကြီး()ငုတ်လျှင် (၁၅၀၀)ကျပ်နှင့် သပြေ ငုတ်သေး ()ငုတ်လျှင် (၁၀၀၀)ကျပ်၊ ရွက်လှ ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ခ‌ရေပန်း ( ၁ )ကုံးလျှင် ( ၂၀၀)ကျပ်၊ ကံကော်ပန်း ( ၅ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ အညို ( ၁ )စည်းလျှင် (၂၀၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊  ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသာ အာလူး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်း၌  ဈေးကွက်အတွင်း ရောင်းချ နေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။ ယခု ဩဂုတ်လဒုတိယပတ်အတွင်း ရောင်းချနေသော အာလူးဈေးနှုန်းမှာ အာလူး () ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဖရဲသီး ဈေးနှုန်းဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင်  ဩဂုတ်လ အတွင်း  ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရပါသည်။

     ယခုဩဂုတ်လဒုတိယပတ်အတွင်း ဝင်ရောက်လာသည့် ဖရဲသီး‌စျေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ၄၀၀၀ ကျပ်၊ အလုံးလတ် ၂၀၀၀ ကျပ်နှင့် အလုံးသေး ၁၅၀၀ကျပ် စျေးဖြစ်ပြီး အသီးအရွယ်အစား အလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိ ရ ပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း