ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော နာနတ်သီးနှင့် ဒညှင်းသီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီးနှင့် ဒညှင်းသီးကို မန္တလေးမြို့၊ မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

      စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီး ဈေးနှုန်းများမှာ မြစ်ကြီးနား နာနတ်သီးတစ်လုံးလျှင်(၆၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၄၀၀၀)ကျပ်နှင့် ဒညှင်းသီးဈေးနှုန်းမှာ ဒညှင်းသီးတစ်လုံးလျှင်(၃၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင်(၂၀၀)ကျပ်၊ ဒညှင်းသီးအပြုတ် တစ်လုံး လျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)    

အရောင်းသွက်သည့်မန္တလေးပဲကြီး

        ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီးသီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး (ကြီး)၄၀၀၀၀၀ကျပ်၊ ပဲကြီး(လတ်)၃၆၀၀၀၀ကျပ် နှင့်၃၈၀၀၀၀ကျပ်၊ ပဲကြီး(သေး) ၃၀၀၀၀၀ကျပ်နှင့်၃၄၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၂၄၀ကျပ်၊ ပဲကြီး(လတ်) ၆၅၁၆ကျပ်နှင့်၆၈၇၈ကျပ်၊ ပဲကြီး(လတ်)၆၅၁၆ကျပ်နှင့် ၆၈၇၈ ကျပ်၊ ပဲကြီး(သေး) ၅၄၃၀ ကျပ်နှင့် ၆၁၅၄ကျပ် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၀၆၈ကျပ် နှင့် ၅၄၃၀ ကျပ် ၊ပဲကြီး (လတ်) ၄၅၂၅ကျပ်နှင့်၄၇၀၆ ကျပ်၊ ပဲကြီး(သေး) ၄၁၆၃ကျပ်နှင့်၄၃၄၄ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

“မုန်လာထုပ်စျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေး နှင့် မြို့မစျေးများသို့ မုန်လာထုပ်(ခ)ဂေါ်ဖီထုပ်များ ဝင်ရောက်လျက်ရှိရာ စျေးကွက်အနေဖြင့် အောင်ပန်း၊ ကလော၊ ရွာငံနှင့် ရေဦးမြို့များမှ စျေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး ယခင်လ မုန်လာထုပ် တစ်ထုပ်လျှင် (၁၀၀၀-၁၂၀၀)ကျပ်အထိ ရောင်းချရပြီး ယခုလတွင် စျေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း၊ လက်ရှိ မုန်လာထုပ်စျေးနှုန်းအနေဖြင့် တစ်ထုပ်လျင် ဖောက်သည်စျေး (၁၃၀၀/-)ကျပ် နှင့် လက်လီစျေး(၁၅၀၀/-)ကျပ်အထိ စျေးနှုန်းမြင့်တက် ရောင်းချရသောကြောင့် မုန်လာထုပ်စိုက်ပျိုးသော တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းလျက်ရှိကြောင်း ၊ မုန်လာထုပ်ကို အစိမ်းကြော်၊ အတို့အမြှုပ်၊ မုန်လာထုပ်အချဉ်၊ မုန့်ဟင်းခါးများတွင်လည်း ထည့်၍စားသုံးကြောင်း၊ မုန်လာထုပ်ကို ပဲလှော်ပဲကြော်များဖြင့်လည်း အသုပ်သုပ်၍ စားသုံးနိုင်ကြောင်း ၊ အများပြည်သူများ ဝယ်လိုအားရှိသော မုန်လာထုပ်ကို တောင်သူများ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)

စက်တင်ဘာလဒုတိယပတ်ကုလားပဲစျေးကွက်

        ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၅၄၀၀၀ကျပ်နှင့် ၂၅၅၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၄၃၀၀၀ ကျပ်နှင့် ၂၄၄၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၃၃၀၀၀ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ ကုလားပဲ (929) ၂၄၃၀၀၀ကျပ်နှင့်၂၄၄၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာကုလားပဲ(V-2) ၄၄၃၇ကျပ်နှင့် ၄၄၅၄ကျပ်၊ကုလားပဲ(V-7)၄၂၄၅ကျပ်နှင့်၄၂၆၂ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၁၄၂ကျပ်နှင့် ၄၂၃၁ကျပ်၊ ကုလားပဲ(929)၄၃၂၀ကျပ်နှင့်၄၃၃၈ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာကုလားပဲ (V-2) ၅၂၄၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၈၅၃ကျပ်နှင့် ၄၈၈၉ကျပ်၊ကုလားပဲ(929) ၄၉၇၈ ကျပ် စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ပန်ထိမ်ငိုပန်းစျေးကွက်”

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးများသို့ ပန်းမျိုစုံ ဝင်ရောက်လျက်ရှိရာပန်းတိမ်ငိုပန်း၊ဂန္ဓမာပန်းနှင့်နှင်းဆီပန်းများ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ၄င်းပန်းများထဲမှ ပန်းတိမ်ငိုပန်းကို ကလော ၊ အောင်ပန်းနှင့် ပြင်ဦးလွင်မြို့များမှ အများဆုံး ဝင်လျက်ရှိကြောင်း ၊ ပန်းထိမ်ငိုပန်းအနေဖြင့် (၃)မျိုးရှိပြီး အရာင် များမှာ အဖြူရောင်၊ ခရမ်းနုရောင်၊ ခရမ်းရင့်‌ရောင်ဟူ၍ ရှိပါသည်။ ယခုလက်ရှိ ကျောက်ဆည်မြို့ရှိ မြို့မစျေးနှင့် အေးမြကြည်လင်စျေး များတွင် ပန်းတိမ်ငိုပန်း ခရမ်းအရင့်ရောင်(၁၀)ပင်စီး တစ်စည်းလျှင် (၃၀၀၀-၃၅၀၀)ကျပ် ၊ အဖြူရောင်နှင့် ခရမ်းနုရောင်(၁၀)ပင်စီး တစ်စည်းလျှင် (၂၅၀၀-၂၈၀၀)ကျပ်ဟူ၍ အမျိုးအစားပေါ် မူတည်၍စျေးနှုန်းကွာခြားလျက်ရှိပြီး နေ့စဉ် အေးမြကြည်လင်စျေးနှင့် မြို့မစျေးများသို့ ဝင်ရောက်လျက်ရှိကြောင်း ၊ ဝါတွင်းကာလဖြစ်သောကြောင့် ပန်းတိမ်ငိုပန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ပန်းရောင်းချသော ပန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူခရိုင်၏ အပတ်စဉ်စက်သုံးဆီပြောင်းလဲမှုအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၅.၉.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်)တို့၏ ဈေးနှုန်းပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၀၉၅ကျပ်၊ 95 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၃၁၆၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၇၁၀၅ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၃၂၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၃၂၉၈)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၃၃၇၀)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၈၆၅)ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ (၃၅၅၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်သွားကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)        

မန္တလေးထောပတ်ပဲစျေးကွက်

        ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက်နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ထောပတ်ပဲ(ဂေါက်) ၃၀၅၀၀၀ ကျပ်၊ထောပတ်ပဲ (ကြီး) ၂၈၀၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၁၉၅၀၀၀ကျပ်နှင့် ၂၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာထောပတ်ပဲ(ဂေါက်)၅၄၂၂ကျပ်၊ထောပတ်ပဲ (ကြီး) ၄၉၇၈ကျပ်နှင့် ၅၃၃၃ကျပ်၊ ထောပတ်ပဲ(သေး) ၃၄၆၇ကျပ်နှင့် ၃၅၅၆ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ဂေါက်)၇၆၄၄ကျပ်၊ထောပတ်ပဲ(ကြီး) ၇၁၁၁ကျပ်နှင့်၇၂၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၅၅၁၁ကျပ်နှင့်၆၅၇၈ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

“ရက်(၁၀၀)ခိုင် အောင်သပြေများ အရောင်းသွက်”

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်း (၉)ခရိုင်တွင် ပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့် ရှေးယခင်ကပင် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမာန်များအား စိုက်ပျိုးခဲ့ကြပါသည်။ ယင်းသီးနှံများအနက်မှ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ဈေးကွက်ဝယ်လိုအားရှိသော အောင်သပြေပန်းငုတ်များကို ကျောက်ဆည် မြို့နယ်ရှိ သံရွာနှင့်သင်တုန်းကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ၊ သပြေပန်းစိုက်ပျိုးရန်အတွက် မျိုးစေ့ကို ခရမ်းသုံးခွမြို့နယ်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မျိုးစေ့ (၁)ပြည်လျှင် (၂၀၀၀၀- ၂၅၀၀၀)ကျပ်ခန့်ရှိပြီး တစ်ဧကလျှင် မျိုးစေ့ ပြည်(၈၀)ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၂)လခွဲသားဝန်ကျင်တွင် အပင်များကို ဖြတ်တောက်ပြီး ငုတ်ချန်ပေးရကြောင်း ၊ ငုတ်ချန်ပြီး တစ်နှစ်အကြာတွင် ရောင်းတန်းဝင်ပန်းများ ရရှိပြီးဖြစ်ကြောင်း ၊ သပြေပန်းများ ပိုးမကိုက် ၊ အညွှန့်များလှအောင်၊ အရွက်မာအောင် ဈေးကွက်မဖြန့်ခင်တစ်လအလိုတွင် ဆေးဖြန်းပေးရကြောင်း၊ စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧက အပင်ပေါင်း (၁၅၀၀၀၀)ခန့်ထိ ရှင်သန်နိုင်ကြောင်း ၊ မြေပြုပြင်မှုနှင့် ရေ ၊ မြေ အပြုအစုကောင်းပါက ပန်းများပိုမိုလှကြောင်း ၊ အရွယ်အစားပေါ်မူတည်၍ တစ်နှစ်သား အောင်သပြေငုတ်တစ်ငုတ်လျှင် (၁၀၀၀- ၁၅၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ နှစ်နှစ်သား တစ်ပင်လျှင် (၃၀၀၀-၅၀၀၀)ကျပ်ထိ ရောင်းချရကြောင်း ၊ လက်ကား ဖောက်သည်ဈေးအနေဖြင့် (၂၀%) လျော့၍ ရောင်းချပေးကြောင်း ၊ အောင်သပြေငုတ်များ စိုက်ပျိုးရာတွင် အပင်သက်တမ်း (၃)နှစ်အထိ ရောင်းချပေးနိုင်ကြောင်း၊ ပန်းများကို အနီးပတ်ဝန်ကျင်ရှိ ကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို ရန်ကုန်မြို့များသို့လည်း Express ကားများဖြင့် တင်ပို့ရောင်းချကြောင်း၊ ကျန်နယ်ဝေးများမှ မှာယူလျှင်လည်း ကားဂိတ်အရောက် သေချာစွာထုတ်ပိုးပြီး ရောင်းချပေးလျက်ရှိကြောင်း ၊ အောင်သပြေငုတ်  စိုက်ပျိုးမှုတွင် အခင်းပြတ်ရောင်းချပါက ငွေအလုံးအရင်း ရရှိသော်လည်း တစ်နိုင်တစ်ပိုင်‌ နေ့ချင်းရောင်းချပါက ပိုမိုအကျိုးမြတ်ဖြစ်ထွန်းကြောင်း ၊ သပြေငုတ်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးကာ စားဝတ်နေရေးပြေလည်သောကြောင့် အောင်သပြေပန်းများ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက်နှင့် ငရုတ်သီးမှုန့်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုပ်သီး ခြောက်ဈေးနှုန်းများမှာ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ ငရုပ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)        

 

မန္တလေးပဲတီစိမ်းစျေးကွက်

          ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် စက်တင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၂၈၀၀၀၀ ကျပ်နှင့် ၃၁၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ)၄၉၇၈ကျပ်နှင့် ၅၅၁၁ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၃၇၈ ကျပ်နှင့်၄၃၅၆ကျပ်၊ ပဲတီစိမ်း(ပဲခွဲ)၂၂၂၂ကျပ်နှင့်၂၃၁၁ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း(ညာ)မှာ တစ်ပိဿာလျှင် ၁၁၅၅ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း