ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရောင်းချလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ဇလွန်မြို့၊ လေးမျက်နှာမြို့နှင့် ကြံခင်းမြို့နယ် တွင် (၁၉.၁၂. ၂၀၂၄)ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ မှ မိမိတို့ ဒေသ ရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ရောင်းချခဲ့ရာတွင် ဇလွန်မြို့နယ် လမ်းမတော်(မ)ရပ်ကွက်တွင် ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ် ဖြင့်  အလုံးရေ ၂၀၀၀ လုံး၊ လေးမျက်နှာမြို့ အိုင်သပြုကျေးရွာ၊ သီရိမင်္ဂလာဈေးတွင်  ကြက်ဥ တစ်လုံးလျှင် ၃၆၀ ကျပ်ဖြင့် အလုံးရေ ၁၅၀၀လုံး၊   ကြံခင်းမြို့နယ် မြို့မဈေးခေါင်းရုံးရှေ့တွင် ကြက်ဥ တစ်လုံးလျှင် ၃၆၀ ကျပ် ဖြင့် အလုံးရေ ၁၀၀၀ အား လည်းကောင်း၊ အမဲသား ၂၀ ကျပ်သားတစ်ထုပ် လျှင် ၃၅၀၀/- ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ၊ လပွတ္တာမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည်     (၁၁-၁၂-၂၀၂၄)    ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် လူ(၁)ဦး လျှင် (၅)လုံးနှုန်းဖြင့် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စုစုပေါင်း ကြက်ဥအလုံးရေ (၆၀၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ  (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀၀လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း (ဆန်)(ဟ) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၂၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀  ၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ်၂၂၀၀၀၀၀ ၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

          ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(ဟောင်း) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ငစိန်(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀ ၊ ငစိန် (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

 ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(ဟောင်း)  တင်း၁၀၀ လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၉၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၃,၁၀၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(စပါး)(ဟောင်း)  တင်း ၁၀၀ လျှင် ကျပ် ၄၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၆၀၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀၀၀၀၊ မနောသုခ(မိုး) (စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀,၀၀၀၊  မနောသုခ(မိုး) (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၈၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၈၅၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၇၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများအပါအဝင် ကုန်သွယ် ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဒီဇင်ဘာလ စတုတ္ထ ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးရှိ စပါး /ဆန် ဈေးနှုန်း များမှာ ယခင်အပတ်တိုင်းဈေးနှုန်းတည်ငြိမ်နေကြောင်း  သိရှိရပါသည်။   

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန် စီးထွက်မှုအခြေအနေ

ယခု    ဒီဇင်ဘာလ      (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး များသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၆၁၃၃၊ မန္တလေး သို့ အိတ်ရေ ၆၆၅၄၁၊ နေပြည်တော်သို့ အိတ်ရေ ၁၁၆၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၅၅၇၁၊ ကျောက်ပတောင်းသို့ အိတ်ရေ ၄၀၁၈၊ မိတ္ထီလာသို့ အိတ်ရေ ၈၃၇၅၊ တောင်ငူသို့ အိတ်ရေ ၁၇၉၅၊ ပဲခူးသို့အိတ်ရေ ၄၂၁၅၊ မကွေး အိတ်ရေ ၁၉၁၀၊  ဘားအံသို့ အိတ်ရေ ၁၀၇၀၂၊ ကချင် သို့ အိတ်‌ရေ ၉၂၅၊ မွန် သို့ အိတ်‌ရေ ၈၅၂၀၊ ပြည်သို့ အိတ်ရေ ၄၉၀၊ ဧရာဝတီသို့ အိတ်ရေ ၆၁၅၊ ကရင်သို့ အိတ်‌ရေ ၃၇၀၊ ဓနုဖြူသို့ အိတ်ရေ ၂၉၅ အိတ်   စုစုပေါင်း အိတ်ရေ (၁၆၁၆၃၅)  အိတ်၊ တန်အား ဖြင့် (၈၀၈၁) စီးထွက်ခဲ့ပြီး ယခု    ဒီဇင်ဘာလ      (စတုတ္ထ) ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 63917၊ မန္တလေး သို့ အိတ်ရေ ၆၆၀၁၄၊ နေပြည်တော်သို့ အိတ်ရေ ၂၉၆၄၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၀၃၂၆၊ ကျောက်ပတောင်းသို့ အိတ်ရေ ၅၁၉၅၊ မိတ္ထီလာသို့ အိတ်ရေ ၉၀၇၁၊ တောင်ငူသို့ အိတ်ရေ ၇၇၀၊ ပဲခူးသို့အိတ်ရေ ၅၅၁၀၊  ဘားအံသို့ အိတ်ရေ ၁၂၆၉၅၊ ကချင် သို့ အိတ်‌ရေ ၇၀၁၂၊ မွန် သို့ အိတ်‌ရေ ၁၅၈၄၅၊ ပြည်သို့ အိတ်ရေ ၆၄၀၊ ဧရာဝတီသို့ အိတ်ရေ ၁၁၃၅၊ မကွးသို့ အိတ်‌ရေ ၄၂၅၃၊ မြိတ်သို့ အိတ်ရေ ၇၆၀ အိတ်၊မူဆယ်သို့ အိတ်ရေ ၁၈၀   စုစုပေါင်း အိတ်ရေ (၂၀၆၂၈၇)  အိတ်၊ တန်အား ဖြင့် (၁၀၃၁၄) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ (၄၄၆၅၂) အိတ်၊ တန်အားဖြင့် (၂၂၃၃)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၇၀၀)ကျပ်၊ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည် (၅၂၀၀)ကျပ်၊  ဧရာမင်းဆန်  တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် (၄၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၈၅၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

ကြက်သွန်နီ တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀ကျပ်မှ ၁၅၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၇၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၆၀၀၀ကျပ် မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၅၀၀)ကျပ်၊ (သေး)တစ်လုံး (၄၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၂၇၀၀၀ ကျပ်မှ ၃၀၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၀၀၀၀ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၉၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၁၃၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

          ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဒီဇင်ဘာလ တတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၅၀၀)ကျပ် ၊ လိမ္မော်သီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပျားလိမ္မော် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်ထိ၊ တောပန်းသီးကျွတ် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊စတော်ဘယ်ရီ တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ဂျပန် စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ယာကွန်ဥ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊  ထောပတ်သီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၁၅၀၀)ကျပ် ထိ၊ထောပတ်သီး (Hass) တစ်ကီလိုလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊  ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၀၀၀)ကျပ်မှ (၂၈၀၀)ကျပ်၊ဖရဲသီး တစ်လုံးလျင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ် ထိ၊  မာလကာသီး တစ်လုံးလျှင်(၃၅၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ တည်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ သစ်ကြားသီး တစ်လုံးလျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်ထိ၊ထိုင်ဝမ် ဗောက်သီး တစ်ကီလိုလျှင် (၁၂၀၀၀)ကျပ်၊  အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေး အတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင် ၊ လပွတ္တာမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည်     (၁၁-၁၂-၂၀၂၄)    ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများသက်သာစွာဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၈၀)ကျပ်နှင့် လူ(၁)ဦး လျှင် (၅)လုံးနှုန်းဖြင့် လပွတ္တာမြို့နယ်ရှိ အခွန်လွတ်ဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စုစုပေါင်း ကြက်ဥအလုံးရေ (၆၀၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

မုံရွာမြို့ရှိ သံ‌ချောင်းလုံး ဈေးနှုန်းများ

          ပွင်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်၍ မုံရွာမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး အိမ်ဆောက်ပစ္စည်းများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ မုံရွာမြို့၌ ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းလုံး ဈေးနှုန်းများမှာ ပေ (၄၀)အရှည် ( ၃ )မူး တစ်တန် (၁၃၅) ချောင်းလျှင် ကျပ်(၂၂၅၀၀၀၀)၊ (  ၅ )မူး တစ်တန်(၈၈)ချောင်းလျှင် ကျပ်(၂၃၀၀၀၀၀)နှင့် ( ၆ )မူး တစ်တန်(၅၃)ချောင်းလျှင် ကျပ် (၂၅၀၀၀၀၀ ) ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လူထုစုပေါင်းလမ်းလျှောက်ပွဲ၌ စားအုန်းဆီများရောင်းချ

  ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းကျင်းပခဲ့ရာ ရွှေဘိုခရိုင်နှင့် မြို့နယ်အဆင့် ဝန်ထမ်းများ လမ်းလျှောက်ပွဲပါဝင်ဆင်နွဲကြပြီး  ရွှေဘိုမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အားကစားများဆောင်ရွက်ကြရာ လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲကြသော ဝန်ထမ်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် (၇:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရောင်းချခဲ့ပါသည်။

          အဆိုပါ လမ်းလျှောက်ပွဲမှ ပြန်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား စားအုန်းဆီ (၂၂၀)ဘူး ရောင်းချခဲ့ရာ (၁)ဦးလျှင် စားအုန်းဆီ (၁)ဘူးနှုန်းရောင်းချပြီး  (၅၀) ဆယ် သား (၁)ဘူးလျှင် (၄၃၀ဝိ/-)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့အတွင်း ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းများ

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဒီဇင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ  မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရ သည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဒီဇင်ဘာလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၂၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဒီဇင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၅၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့်  ၊  စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်း မြင့်တက် လျက်ရှိပြီး၊နှမ်းဆီသန့်နှင့်   ပဲဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်း တည်ငြိမ် လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင် များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း