ကျွန်းလှမြို့တွင် ရောင်းချနေသော မုန့်ညှင်းချဉ် ဈေးနှုန်း

Powered by Drupal

        ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ဒေသထွက် အရန်ဟင်းဖြစ်သည့် လက်လုပ်ချဉ်အမျိုးမျိုးရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိရေးအတွက် လုပ်ကိုင်လျက်ရှိရာ ရာသီစာဖြစ်သည့် မုန့်ညှင်းချဉ်များပြုလုပ်၍ ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင်  မုန့်ညှင်းချဉ်ဈေးနှုန်းအနေဖြင့် လက္ကား တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်နှင့် လက်ဖက်ရည် သောက်ပန်ကန် တစ်လုံးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း လက်လုပ်ချဉ်များ ရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)