ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်ဒုတိယအပတ်တွင် ကျိုင်းတုံမြို့ရှိ ဘိလပ်မြေနှင့်ဓာတ်မြေဩဇာဈေးနှုန်း အနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၉၀၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၀၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ် တို့ဖြစ်ပါသည်။

     တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၃၅၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၄၅၀၀)ကျပ် တို့ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဩဂုတ် ပထမအပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ဘိလပ်မြေဈေးနှုန်းများမှာ ကျိုင်းတုံ မြို့နှင့်တာချီလိတ်မြို့တို့တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

၂၁.၈.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၁.၈.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပတ်တွင်  မြေပဲ၊ နှမ်း၊ ပဲပုတ် လက်ကျန်စာရင်းမှာ ပြောင်းလဲမှုမရှိသော်လည်း ယခုတစ်ပတ်တွင် ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀ ) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာနှင့် ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၈၁၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၂၄၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၂၅၀၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀၊ မုံရွာ ကြက် သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၅၅၀၊ ရွှေဘို ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၉၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ၁၈.၈.၂၀၂၅ ရက်နေ့ ကထက်ဈေးကျလျက်ရှိပြီး ရွှေဘိုကြက်သွန်နီဈေးနှုန်းမှာ ၁၈.၈.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးနှုန်း တူညီနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၅၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

   ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

   ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၅၂၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။      

   ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

      စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

ပေါ်ဦးပေါ်ဖျား မျှစ်ခြောက်  စျေးကောင်းရ  အရောင်းသွက်နေ

           ရွှေဘိုမြို့တွင် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ဒေသထွက် မျှစ်ခြောက်များ အပြင် ကန့်ဘလူမြို့၊ကောလင်းမြို့များမှမျှစ်ခြောက်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု ဩဂုတ်လ တတိယပတ်တွင် မျှစ်ခြောက် လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးရှိ ဒေသထွက် စားသောက် ကုန် ရောင်းချသူတစ်ဦးထံမှ သိရသည်။

           ပေါ်ဦးပေါ်ဖျားဖြစ်သည့် မျှစ်ခြောက်သည် နုနယ်ပြီး နှစ်ပေါက် အထားခံသည့် စားသောက်ကုန်ဖြစ်သဖြင့် ကုန်သည် လှောင်လက်များပြီး၊ ဝင်ရောက်လာသော မျှစ်ခြောက် များကို   မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များသို့  တင်ပို့ရောင်းချသည့်အပြင် ရွှေဘိုမြို့ပေါ်ရှိ ဈေးကြီးများမှ တစ်ဆင့် ပြန်လည်၍ ဖောက်သည်ဝယ်ယူရောင်းချကြ သူများ၊စားသောက်ဆိုင်များမှ ဝယ်ယူသူများဖြင့်  ဈေးကောင်းရ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သတင်း ရရှိသည်။

Doca(စစ်ကိုင်း)

ဒညင်းသီး ဝင်ရောက်သမျှ အရောင်းသွက်

                 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေး၊ အောင်ဇေယျဈေး၊ ကုန်းဘောင်ဈေးတို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရွှေကူမြို့၊ ဗန်းမော်မြို့ စသည့် မြို့များအပြင် မန္တလေးမြို့ရှိ သီးနှံ ပွဲရုံများမှ ဒညင်းသီးများ လှိုင်လှိုင်ဝင်ရောက်လာ၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ် ဩဂုတ်လ တတိယပတ်တွင် ဒညင်းသီး အလုံးအရွယ်အစားပေါ် မူတည်၍ ဒညင်းသီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်ထိ ပေါက်ဈေးရှိပြီး ဈေးအတွင်း လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့် အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည် ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များအပြင် အသင့်စား စားသောက်ကုန်လုပ်ငန်းများမှ ဝယ်ယူကြပြီး ‌နေ့စဉ် ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သီးနှံလက္ကားဒိုင်များမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)

ဒန့်ဒလွန်စိုက်ပျိုး ဝင်ငွေတိုး

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှု စသည့်သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ဒန့်ဒလွန်ပင်ကို နေအိမ်ခြံဝင်းများ၌ စိုက်ပျိုးနိုင်သည့်အတွက် စားစရာဟင်းတစ်ခွက် အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့် ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး ()စီးလျှင်(၅၀၀)ကျပ်၊ ()စီးလျှင်(၉၀၀)ကျပ်၊ ဒန့်ဒလွန်ရွက်()စီးလျှင် (၃၀၀)ကျပ်နှင့် ()စီးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရသည်။      

Doca(စစ်ကိုင်း)

                                                                                     

ကန့်ဘလူမြို့နယ်၌ ကွမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

           မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၄၅၀၀မှ ၅၅၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းရွက်ရှယ်တစ်ပိဿာလျှင် (၅၀၀)ကျပ်ဆက်လက်မြင့်တက်လာကြောင်း၊ ကွမ်းရွက်များကို ကန့်ဘလူခရိုင်အတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်း ရှင်များထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)

                                                                            

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မြေပဲလုံးဆံဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံများကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင် အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော် စသည်ဖြင့်လည်း အသုံးပြုကြကြောင်း၊ ကန့်ဘလူမြို့နယ်တွင် အရောင်း အဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုတောင်သူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၁၇၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိ ကြောင်း၊ မြေပဲလုံးဆံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)

 ကန့်ဘလူမြို့ပဲဈေးကွက်၌ မတ်ပဲဈေးနှုန်း အနည်းငယ်ကျဆင်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိကြောင်း၊ ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ ညောင်ဇင်ကျေးရွာများတွင် မတ်ပဲသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၇၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၈၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း မတ်ပဲရိုးရိုး(၁)တင်း လျှင်(၆၀၀၀)ကျပ်နှင့် မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင် (၅၅၀၀)ကျပ် ဈေးနှုန်းဆက်လက်ကျဆင်း သွားကြောင်း၊ ထွက်ရှိသော မတ်ပဲသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း