ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းသွက်သည့်ဂန္ဓမာပန်းအမျိုးမျိုးစျေးကွက်

   ဝါတွင်းကာလအတွင်း မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်ဂန္ဓာမာပန်းများ ဝင် ရောက် လှျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံးတွေ့ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုး တစ်ပွင့် (၁၀ခက်ပါ) တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ ဆန်းမား၊ လပ်ကီး၊ ရွှေစိမ်း၊ ကီလို၊ ကြွေဖြူ၊ ကြွေဝါ၊ ချက်စိမ်းနှင့် ပုလဲဖြူ တစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးမြို့၊ သိရီမာလာပန်းစျေးကွက်အတွင်းမှ သိရှိရပါသည်။

 DOCA(မန္တလေး)

 

      မန္တလေးစျေးကွက်ရှိပဲယင်းကြီးစျေး

           ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်း(နီ)၂၃၀၀၀၀ကျပ်၊ ပဲယင်း(ကြီး)၂၂၅၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၈၃၃ကျပ်၊ ပဲယင်း(ကြီး)၃၇၅၀ကျပ်တို့ဖြစ်ပြီး၊ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲယင်း(နီ) ၃၈၈၃ ကျပ်နှင့် ၃၉၁၇ကျပ်၊ ပဲယင်း (ကြီး) ၃၁၃၃ကျပ်နှင့် ၃၁၆၇ ကျပ်တို့ဖြစ် ပေါ်ခဲ့ ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ်ကာလတူ ပေါက်စျေး နှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ပဲယင်း (ကြီး)မှာ ၅၈၃ကျပ်ပိုမိုရရှိကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

မေမြို့ပန်းစျေးငြိမ်လျက်ရှိ

   မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်မေမြို့ပန်းများ ဝင်ရောက်လျက်ရှိပြီး၊ စျေးနှုန်း ပြောင်းလဲမှုမရှိဘဲ စျေးငြိမ်လျှက် ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယ ပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။မန္တလေးပန်းမျိုးစုံစျေးကွက်အတွင်း ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော် များကျင်းပသည့်အချိန်ဖြစ်၍ မေမြို့ပန်းမှာ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(မန္တလေး)

ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ရွှေဖရုံသီးနှင့် ကြက်ဟင်းခါးသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီး ()ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီးစိတ် ()စိတ်လျှင်(၁၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး()ပိဿာ လျှင်(၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း ကုန်စိမ်းရောင်းချသည့်လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချသည့် အသင့်စားအကြော်အလှော်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် အသင့်စားအ ကြော်အလှော်များကို ရောင်းချလျက်ရှိပါသည်။ အသင့်စားအကြော်အလှော်များကို မိသားစုတစ် နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကြော်လှော်၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

     အသင့်စားအကြော်အလှော်များသည်   အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုး ဖြစ်ပါသည်။ အသင့်စားအကြော်အလှော်များမှာ ငါးနီတူအစပ်ကြော်၊ ရွှေလရောင်အချိုကြော်၊ ရွှေလရောင်အစပ်ကြော်၊ အသားတုပဲငါးပိကြော်၊  လသာခြောက်အစပ်ကြော်၊ ပါလာချောင်ကြော် ဟူ၍ အမျိုးမျိုးရောင်းချလျက်ရှိကြောင်း၊ အသင့်စားအကြော်အလှော်များကို ကျောင်းသူ၊ကျောင်း သားများ၊ ရုံးသူရုံးသားများနှင့် အိမ်ရှင်မများမှ အများဆုံးဝယ်ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက် တိုဘာလ ဒုတိယပတ်အတွင်း အသင့်စားအကြော်အလှော် အမျိုးအစားအလိုက်ဈေးနှုန်း အနည်း ငယ်ကွာခြားကာ (၁၀)ကျပ်သားလျှင် (၃၀၀၀မှ၅၀၀၀)ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း အကြော်အလှော်ရောင်းချသူထံမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ရောင်းချလျက်ရှိကြောင်း သိရသည်။  

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ဂွေးသီး၊စောင်းလျားသီးနှင့် သီးသီးများကို ကန့်ဘလူမြို့ပေါ်နှင့်နတ် ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ဂွေးသီး(၅)လုံး လျှင်(၁၀၀)ကျပ်၊ စောင်းလျားသီး(၁)လုံးလျှင် (၅၀)ကျပ်၊ (၄)လုံးလျှင်(၂၀၀)ကျပ်၊ သီးသီး(၁)လုံး လျှင်(၁၀၀)ကျပ်၊(၃)လုံးလျှင် (၂၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ၊ ဂွေးသီး၊ စောင်းလျားသီးနှင့် သီးသီးများကို အချဉ်ပေါင်းရောင်းချသူများမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

စျေးကောင်းရရှိသည့်မန္တလေးပဲကြီးစျေး

          ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၂၀၀၀၀ကျပ်နှင့် ၄၃၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၇၀၀၀၀ကျပ်နှင့်၄၀၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၂၀၀၀၀ကျပ်နှင့်၃၃၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၆၀၂ကျပ်နှင့် ၇၇၈၃ ကျပ်၊ ပဲကြီး(လတ်)၆၆၉၇ကျပ်နှင့် ၇၂၄၀ကျပ်၊ ပဲကြီး (သေး)၅၇၉၂ကျပ်နှင့်၅၉၇၃ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(ကြီး)၅၀၆၈ကျပ်နှင့်၅၃၃၉ကျပ်၊ပဲကြီး(လတ်)၄၇၀၆ကျပ်နှင့်၄၇၉၆ကျပ်၊ ပဲကြီး(သေး) ၄၁၆၃ ကျပ်နှင့် ၄၂၅၃ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

                                                                                               

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သလဲသီးဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

     သလဲသီး၏ အခွံသည် အနီရောင်ဖြစ်ပြီး အတွင်းသားလေးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာ လဒုတိယပတ်အတွင်း သလဲသီးအသေး(၁)လုံးလျှင်(၁၀၀၀)ကျပ်၊ သလဲသီးအကြီး(၁)လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့်ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

  အောက်တိုဘာလပထမပတ်ကုလားပဲစျေး

     ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၄၅၀၀၀ကျပ်နှင့် ၂၄၇၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၈၀၀၀ ကျပ်နှင့်၂၃၀၀၀၀ကျပ်၊ကုလားပဲ (ထိုင်ဝမ်)၂၂၇၀၀၀ကျပ်နှင့်၂၂၈၀၀၀ကျပ်၊ ကုလားပဲ (929) ၂၃၃၀၀၀ ကျပ်နှင့် ၂၃၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၂၇၉ကျပ်နှင့် ၄၃၁၄ကျပ်၊ ကုလားပဲ(V-7)၃၉၈၃ကျပ်နှင့် ၄၀၁၇ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၃၆ကျပ်နှင့် ၄၀၅၃ကျပ်၊ ကုလားပ ဲ(929)၄၁၄၂ကျပ်နှင့် ၄၂၇၈ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၄၁၅ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၃၅၆ကျပ်နှင့် ၅၀၆၇ ကျပ်၊ကုလားပဲ(929) ၅၁၇၃ ကျပ်နှင့် ၅၁၉၁ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲ စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါ သည်။ 

DOCA (မန္တလေး)

သင်္ဘောသီးအစိမ်းနှင့်သင်္ဘောသီးအမှည့်ဈေးနှုန်းများ

    သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် သင်္ဘောပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် သင်္ဘောသီးအ စိမ်း(၁)ပိဿာလျှင်(၁၅၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ သင်္ဘောသီးမှည့်အသေးတစ်လုံး လျှင် (၂၅၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း သင်္ဘောသီးမှည့်ကို စားသုံးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် ရောင်ရမ်းမှုကိုကျဆင်းစေခြင်း၊ အရွယ်တင်နုပျို စေခြင်းနှင့် ရောဂါများကို နှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သင်္ဘော သီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့်  အထောင်းစုံရောင်းသည့် ဆိုင်များမှဝယ်ယူကြသဖြင့် သင်္ဘောသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း