ဈေးကွက်အတွင်း  အာလူး ဈေးနှုန်း မြင့်တက်

Powered by Drupal

     ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အာလူးသီးများ   ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင်  ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး အာလူးသီး တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  နိုဝင်ဘာလ ဒုတိယပတ်တွင် အာလူးသီး တစ်ပိဿာလျှင် ၈၀၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူးသီး တစ်ပိဿာလျှင်     ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အာလူးသီးများ ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး အာလူးသီး တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင် နိုဝင်ဘာလ ဒုတိယပတ်တွင် အာလူးသီး တစ်ပိဿာလျှင် ၈၀၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက အာလူးသီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၁၀၀၀ကျပ် ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။

      အာလူးသီးဈေးနှုန်း မြင့်တက်လာရခြင်းမှာ တောင်ကြီး၊ အောင်ပန်းမြို့နှင့် မန္တလေးစသည့် မြို့များမှ တစ်ဆင့် မှာယူရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူစရိတ်များ များပြားသောကြောင့် ဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော သီးနှံ ပွဲရုံများမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)