ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ စားသုံးသူပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  စက်တင်ဘာလ (၁၀)ရက်နေ့၊  နေ့လယ်(၁၅)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ရောင်းချရေးအဖွဲ့ဝင်များ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်၍ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပါသည်။

     ရောင်းချရာ၌ စားသုံးသူပြည်သူတစ်ဦးလျှင် ဆန်(၁)ပြည်၊ ကြက်ဥ(၅)လုံး၊ စားအုန်းဆီ တစ်ဆယ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ အားလူး(၂၅)ကျပ်သားတို့ကို (၃၅၀၀)ကျပ်ဖြင့် ရပ်ကွက်နေ ပြည်သူ(၄၀၀)ဦးတို့ကို ရောင်းချပေးခဲ့ကြောင်း၊  ဆက်လက်၍လည်း ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်(၁၀)ခုတွင် ရပ်ကွက်အလိုက် တစ်ပတ်လျှင် နှစ်ရက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် Covid-19ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရောင်းချရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဝယ်ယူနေသည်များကို အဆင်ပြေစေရန် ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့နယ်တာဝန်ခံမှလည်း ရောင်ချရေးအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၄၀၀၀၊ တန်အားဖြင့် ၆၂၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၄၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၈၄၀၀ ၊ တန်အားဖြင့် ၆၄၂၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၄၄၀၀၊ တန်အားဖြင့် ၂၂၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၂ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၆၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျင် ၈၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျင် ၁၃၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ဒုတိယပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၅၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၄၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၂၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၈၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၇၀၀၀၀-၇၀၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၇၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၉၀၀၀-၈၂၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၅၄၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၈၈၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်း ကျပ် ၅၅၀၀၀၊ ထောပတ် ပဲ တစ်တင်းကျပ် ၅၂၀၀၀-၅၄၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၇၀၀၀၀-၇၅၀၀၀-၈၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၇၀၀၀-၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၄၅၀၀၀-၅၀၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၄၁၀၀၀-၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၇၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၇၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၀၀၀-၁၈၅၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၈၂၀၀၀-၈၄၀၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၇၂၀၀၀-၈၅၀၀၀-၉၅၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၈၃၀၀၀-၉၀၀၀၀-၉၅၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၃၆၀၀၀-၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၆၁၅၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၅၈၀၀-၆၀၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၃၁၇၅-၃၂၀၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၀၀-၂၁၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၆၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် သီးနှံများအားလုံး ဈေး အနည်းငယ် အေးနေပြီး၊ တိရိစ္ဆာန်အစားအစာဖြစ်သော ပဲဖတ်ဈေးနှုန်းများ အနည်းငယ်ဈေးတက်လျက်ရှိပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ် ၊ ဧရာမင်းဆန်(တစ်အိတ်)လျှင်  ၆၃၀၀၀-၆၄၈၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်)လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ် ၊  ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၄၅၀-၁၁၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၈၁၅၀-၈၂၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၃၀၀ မှ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၅၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၂၀၀ မှ ၂၄၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၃၅၀၀-၄၀၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၃၀၀-၅၅၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၇၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၇၅၀၀-၈၅၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၃၀၀၀-၁၄၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၈၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၅၀၀၀-၂၇၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၆၅၀၀-၇၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ နံနတ်သီး (၁) လုံးလျှင် ၅၀၀-၇၀၀ ကျပ်၊ ဖရဲသီး(ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၁၀၀ ကျပ် အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ် နေပြီဖြစ်သောကြောင့် ဆီဈေးနှုန်းများ အနည်းငယ်ကျနေပြီး၊ ကျန်ဈေးနှုန်းများ ဈေးအေးနေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်း ဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။   

DOCA(စစ်ကိုင်း)       

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် စက်တင်ဘာလ(ဒုတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်တွင် ဧရာမင်းစပါး/ဆန်ဈေးအနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်တွင် မနောသုခ စပါး/ဆန်ဈေး အနည်းငယ်ကျနေပြီး၊ ကန့်ဘလူခရိုင်တွင် စပါး/ဆန် ဈေးနှုန်းများကျဆင်းနေပါကြောင်းနှင့် ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၈၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၃၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၈၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ နွေ(စပါး) တင်း ၁၀၀လျှင် ကျပ် ၉၇၀၀၀၀၊ နွေ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ(ပထမ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၁၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၈၈၀၀) အိတ်၊ တန်အားဖြင့်(၆၉၄၀) စီးထွက်ခဲ့ပြီး၊ ယခု စက်တင်ဘာလ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၈၀၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၀၀၀၀)အိတ်၊ တန်အားဖြင့်(၆၅၀၀) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၈၈၀၀) တန်အားဖြင့် (၄၄၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)       

 

                                               

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာလ(၉)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀၀ မှ ၂၄၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၁၃၀၀ မှ ၂၅၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀၀ မှ ၁၅၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၇၀၀ မှ ၂၄၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၁၀၀၀ မှ ၁၅၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၇၀၀ မှ ၃၈၅၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ) ၃၀၀၀ မှ ၃၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်)(ပိဿာ) ကျပ် ၄၂၀၀ မှ ၅၀၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၂၀၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၃၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၂၄၀၀ မှ ၂၈၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၅၀၀ မှ ၂၀၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း(၅၄၆၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၁၂၈၉၀)ကျော်၊ ဗူးသီးအလုံးပေါင်း (၁၇၄၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၂၁၆၉၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၂၂၅၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း(၈၄၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၂၉၉၁)ကျော်၊ ဖရဲသီးလုံးပေါင်း (၄၀၈၀၀) ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

 

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင်ဘာလ (၆) ရက်နေ့မှ စက်တင်ဘာလ (၁၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ မိတ္ထီလာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၈၀၀ ၊ အလုံးလတ် ကျပ် ၁၃၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ ၊ အလုံး သေး ၃၀၀ မှ ၂၀၀၊ တိုက်ကြီးမှ  ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ အလုံးသေး ကျပ် ၄၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၂၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၈၀၀၊ အလုံးသေး ကျပ် ၁၅၀၀ မှ ၁၃၀၀၊ ၁၀၀၀ မှ ၇၀၀၊ တိုက်ကြီး  မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၊ အလုံးသေး ကျပ် ၄၀၀ မှ ၂၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) အိတ်စွပ် အလုံးကြီး သေတ္တာ အလုံး ၆၅ လုံးပါ ကျပ် ၄၅၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၄၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၉၀ ပါကျပ် ၃၅၀၀၀၊ ရပ်စောက် မှ သရက်သီး (ရင်ကွဲ) ရိုးရိုး အလုံးကြီး သေတ္တာ အလုံး ၅၀ လုံးပါ ကျပ် ၃၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၆၅ ပါကျပ် ၂၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၈၅ ပါကျပ် ၂၅၀၀၀၊ အလုံး ၁၀၀ ပါ ကျပ် ၂၀၀၀၀၊ ပုပ္ပါး မှ နဂါးမောက်သီး(နီ) ၊ (ဖြူ) အလုံးကြီး တစ်ဖာ ၁၈ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၇၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဝါးတန်းကုန်စည်ဒိုင်အတွင်း ဆန်ရောင်းချပေးနေ

    မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း/ဘုရင့်နောင်)တို့မှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန်အတွက် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း) အတွင်းတွင် (၃.၈.၂၀၂၂) ရက်နေ့မှ (၁၃.၉.၂၀၂၂)ရက်နေ့ထိ ရွှေဘိုပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၇၅၀၀၀/- မှ ၇၇၀၀၀/- ကျပ်နှုန်းဖြင့် (၄၃၃၀)အိတ်၊ ကြားပျံ(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၅၀၀၀/- မှ ၆၀၀၀/- ကျပ်နှုန်းဖြင့် (၃၇၈၈)အိတ်၊ ဧရာဝတီ ပေါ်ဆန်း(ရှယ်) (၁၀၈)ပေါင် တစ်အိတ်လျှင် ၅၂၀၀၀/- မှ ၅၅၀၀၀/- ကျပ်နှုန်းဖြင့် (၂၆၉၇၈)အိတ်၊ ရက်-၉၀ (ရှယ်) (၁၀၈)ပေါင် တစ်အိတ် လျှင် ၃၅၀၀၀/- မှ ၃၇၀၀၀/- ကျပ်နှုန်းဖြင့် (၄၄၂၉)အိတ် ဆန်အမျိုးအစားအလိုက် အိတ်ရေစုစုပေါင်း (၁၅၂၄၄)အိတ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ကျောက်တံခါးမြို့နယ် အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချ

      ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စက်တင်ဘာလ ၈ ရက် မွန်းလွှဲ (၁) နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူ ပြည်သူများအား ဆီ ၁ ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် လိုက်လံရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ရောင်းချပေးရာတွင် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ပေါ်ရပ်ကွက်များအား လူတစ်ဦးလျှင် (၅၀) ကျပ်သား တစ်ပိဿာ (၅၄၀၀)ကျပ်ဖြင့် စားအုန်းဆီ ပိဿာချိန် (၃၃၀၀) လူဦးရေ ၆၆၀၀ ဦးအား လည်းကောင်း ၊ (၉.၉.၂၀၂၂) (၁၀.၉.၂၀၂၂) ရက်နေ့များတွင်  ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း မြို့ပေါ် (၈) ရပ်ကွက်အား လူတစ်ဦးလျှင် ဆီ (၅၀)ကျပ်သားနှုန်းဖြင့် ဆီတစ်ပိဿာကို (၅၆၀၀) ကျပ်ဖြင့် စားအုန်းဆီ ပိဿာချိန် (၈၈၀၀) ကို လူဦးရေ (၁၇၆၀၀)အား ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေးလျှက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်များသို့လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူ များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီများ လိုက်လံရောင်းချပေးခြင်းကို မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ ဝန်ထမ်း များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း