ပြည်တွင်းကုန်သွယ်မှုသတင်း
Powered by Drupal
သနပ္ပင်မြို့နယ်အတွင်း အသားတိုးကြက်မွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိနိုင်သောကြောင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းထက် ပိုမိုတွင်ကျယ်စွာလုပ်ကိုင်လာကြကြောင်း သိရှိရသည်။ မွေးမြူသူများအနေဖြင့်လည်း အသားတိုးကြက်မွေးမြူရာတွင် တစ်နိုင်တစ်ပိုင် အကောင်ရေ (၅၀၀/၁၀၀၀) မွေးမြူသူများရှိပြီး အကောင်ရေ (၃၀၀၀/၅၀၀၀/၁၀၀၀၀) ထိ စီးပွားဖြစ်မွေးမြူသူများလည်းရှိကြောင်းသိရှိရပါသည်။ အသားတိုးကြက်အနေဖြင့် သားပေါက်မှ ရောင်းချရသည့်အထိ ၄၅ရက်သာ ကြာမြင့်သောကြောင့် အချိန်တိုတိုနှင့် အမြတ်အစွန်းများများရရှိကြောင်း၊ ၄၅ရက်သား ကြက်တစ်ကောင်လျှင် ပိဿာချိန် ၁ပိဿာ ၅၀ကျပ်သားခန့်ရရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် ၉၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရသည်။ လက်ရှိပေါက်ဈေးအနေဖြင့် ကြက်သားဈေးကောင်းရရှိနေ၍ ၁ပိဿာလျှင် ၁၂၀၀၀ကျပ်ခန့်ရရှိနေပြီး အချိန်တိုအတွင်း အကျိုးအမြတ်ရရှိသော လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
ပေါင်မြို့နယ်၌ တိုင်ထောင် ပဲတောင့်ရှည်များ ဈေးကောင်းရရှိ၍ စီးပွားဖြစ် စိုက်ပျိုးလာ
ဈေးနှုန်းမြင့်တက်လာသော မော်လမြိုင်မြို့ရှိ ကြက်ဥဘဲဥ ဈေးကွက်ဈေးနှုန်း
ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ အောက်တိုဘာလ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၆၃၀၀)တင်း/ (၁၅၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၇၂၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းများ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
အောက်တိုဘာလအတွင်း မော်လမြိုင်မြို့သို့ ကြက်သွန်နီ စီးဝင်စီးထွက်မှုနှင့် ဈေးနှုန်းအခြေအနေ
ကန့်ဘလူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အနီးကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများထံမှ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ ဒုတိယပတ်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၂၀၀ ရှိခဲ့ရာ ယခုလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀-၃၀၀၀ ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်နီတစ်ပိဿာလျင် ငွေကျပ်၈၀၀ခန့်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူ မြို့မဈေးရှိ ကြက်သွန်နီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။
DOCA(စစ်ကိုင်း)
မွန်ပြည်နယ်၏ ကွမ်းသီးဈေးနှုန်း အောက်တိုဘာလတွင် ဈေးကောင်းရ
ကန့်ဘလူခရိုင်တွင် အာလူးသီးနှင့်ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးနှင့် ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတစ်ဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့များရှိ လက္ကားကုန်သည်များမှတစ်ဆင့် ကန့်ဘလူခရိုင်အတွင်းရှိ လက်လီအရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ အာလူးသီးနှင့် ခရမ်းချဉ်သီးဈေးနှုန်းများမှာ အာလူးသီး(၁)ပိဿာလျှင် ငွေကျပ်(၆၀၀၀)၊ အလုံးလှ(၁)ပိဿာလျှင် ကျပ်(၇၀၀၀)နှင့် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ငွေကျပ်(၆၅၀၀)ဖြင့်ရောင်းချကြောင်း၊ အာလူးသီးနှင့် ခရမ်းချဉ်သီးများ ဈေးနှုန်းမြင့်တက်နေသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)
ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆန်ဈေး အနည်းငယ်အေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ အောက်တိုဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၁၆၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၇၀၀)တင်း/ (၁၀၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် မြေပဲလုံးဆန်တစ်တင်းလျှင် (၃၂၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၈၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၂၈၈၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆန်များ အဝင်များ၍ ဈေးအနည်းငယ်ကျပြီး ရွှေဘိုဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲလုံးဆန်များအား ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်များနှင့် စားသုံးရန်အတွက် ဆီကြိတ်ခွဲရန်ဝယ်ယူသူများရှိသဖြင့် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)





