ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၂ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

        စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့နယ်ရှိ ဈေးကွက်အတွင်း  ခရမ်းချဉ်သီး ဈေးနှုန်း တည်ငြိမ်လျက်ရှိ

       ရွှေဘိုမြို့၌  ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို  ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ၊နောင်ချို၊ အင်းလေးဘက်မှ ဝယ်ယူရောင်းချမှုများရှိသော်လည်း ယခုအခါတွင် သယ်ယူစရိတ်များသောကြောင့် ဈေးကွက်အတွင်းတွင် မိမိတို့ ဒေသမှထွက်သော ခရမ်းချဉ်သီးများကိုသာ အဓိကထား၍  အလုံး အကြီး၊အသေး ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားလျက်ရှိကြောင်း  နိုဝင်ဘာလ ပထမပတ်တွင် ခရမ်းချဉ်သီး လက်လီ တစ်ပိဿာ ကျပ် ၂၄၀၀၊၂၅၀၀ ဈေးနှုန်းဖြင့် ရောင်းချကြပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စည်ပင်သာယာဈေးအတွင်းရှိ ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

        ၂၀၂၂-၂၀၂၃ မိုးစပါးသီးနှံအနေဖြင့်  ရွှေဘိုခရိုင်တွင် ဧက(၃.၅)သိန်းကျော်နှင့်ရေဦးခရိုင်တွင် ဧက(၂.၉)သိန်းကျော်၊ စုစုပေါင်း ဧက(၆.၄)သိန်းကျော် စိုက်ပျိုးရန် လျာထားမှုအပေါ်  အောက်တိုဘာလ ဒုတိယပတ်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ ရွှေဘိုပေါ်ဆန်းနှင့် ဧရာမင်းကို အဓိကထား၍ စိုက်ပျိုးပြီး  ရွှေသွယ်ရင်၊ ဆင်းသုခ၊ မနော်ဟရီ၊ IR 747စသည့် စပါးမျိုးများလည်း  စိုက်ပျိုးကြကြောင်း  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

   ရွှေဘိုခရိုင်အတွင်း နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၂၄၀၀၀၀၀)ကျပ်၊ ဆန်တစ်အိတ် လျှင် (၈၅၀၀၀)ကျပ်၊ ဧရာမင်း စပါးတင်း(၁၀၀) လျှင် (၁၄၅၀၀၀၀)ကျပ်၊ ဆန်တစ်အိတ် လျှင် (၆၅၀၀၀)ကျပ်၊ ရွှေဝါထွန်းစပါး တင်း(၁၀၀) လျှင် (၁၀၅၀၀၀၀)ကျပ် ၊ဆန်တစ်အိတ် လျှင် (၄၃၀၀၀)ကျပ်ဖြင့် အသီးအသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

       ရွှေဘိုခရိုင်မှ ထွက်သော ဆန်များကို ဒေသတွင်းသာမက ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ ရှမ်း(တောင်)၊ ရှမ်း(မြောက်)စသည့်မြို့များသို နေ့စဉ် တင်ပို့ရောင်းချလျက်ရှိရာ အောက်တိုဘာ လတွင် အိတ်ရေ (၄၉၄၇၀၀) စီးထွက်ခဲ့ပြီး ယခင်လက အိတ်ရေ (၅၀၆၂၀၀)စီးထွက်ခဲ့သဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လအောက် (၁၁၅၀၀)အိတ် လျော့၍ စီးထွက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တမူးမြို့နယ်စပ်စခန်း၏ ကုန်သွယ်မှုအခြေအနေများ

       စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ( ၁၀/၂၀၂၂ ) လအတွင်း သွင်းကုန် အမေရိကန်ဒေါ်လာသန်း ( ၀.၃၁၆ ) သန်း၊ တန်ချိန်အားဖြင့် ( ၁၆၈.၁၀၀ ) တင်သွင်းခဲ့ပြီး ယခုလတွင် သွင်းကုန်အနေဖြင့် ဓါတ်မြေသြဇာ ဖြစ်ပါသည်။ ပို့ကုန်အနေဖြင့် ကွမ်းသီးကို အမေရိကန် ဒေါ်လာသန်း ( ၀.၀၇၇ ) သန်းဖြစ်ပြီး တန်ချိန်အားဖြင့် ( ၈၉.၆၈၀ ) တန်၊ အုန်းသီးကို အမေရိကန်ဒေါ်လာသန်း ( ၀.၀၀၆ ) သန်း၊ တန်ချိန်အားဖြင့် ( ၅၄ ) တန်၊ စီးကရက် အမျိုးမျိုး အမေရိကန်ဒေါ်လာသန်း ( ၀.၀၅၁ ) သန်း၊ တန်ချိန်အားဖြင့် ( ၂၃.၇၂၈ ) တန်၊ နန်းဖာလုံ ကုန်စုံ အမေရိကန်ဒေါ်လာသန်း ( ၀.၂၆၆ ) သန်း တင်ပို့နိုင်ခဲ့ပြီး ပစ္စည်းတန်ချိန် ( ၁၆၇.၄၀၈ ) တန် တို့ဖြစ်ပါသည်။

     အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၆.၁၅၀ သန်း ဖြစ်ပြီး အမှန်တကယ် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၄၀၀ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် အမှန်တင်ပို့နိုင်မှုမှာ ရာခိုင်နှုန်းအနေဖြင့် ၆.၅၀ % သာ ရှိခဲ့ပါသည်။ သွင်းကုန်လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၃၀၀ သန်း ဖြစ်ပြီး အမှန်တကယ် တင်သွင်းနိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၃၁၆ သန်း အမှန်တင်သွင်း နိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၁၀၅.၃၃ %  ရှိခဲ့ပါသည်။ အောက်တိုဘာလအတွင်း ပို့ကုန်ပမာဏထက် သွင်းကုန် ပမာဏ ပိုမိုခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းခရိုင်မှ စိုက်ပျိုးထွက်ရှိသော ချည်မျှင်ရှည်ဝါ

            စစ်ကိုင်းခရိုင်တွင် ချည်မျှင်ရှည်ဝါ၊ ချည်မျှင်တို ( မလှိုင်ဝါ၊ ဝါကြီး) တို့ စိုက်ပျိုးကြပါသည်။ ဝါမျိုးစုံ မျိုးကွဲအလိုက် မိုးကြိုတွင် ( ရွှေ-၈၊ ငွေ-၉)၊ မိုးတွင် ( ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) နှင့် မိုးနှောင်းတွင် ( ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) မျိုးများကို စိုက်ပျိုးကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံ (ချည်မျှင်ရှည်ဝါ) လျာထားဧက(၃၉၈၁၂)၊ အမှန်စိုက်ဧက(၄၀၁၈၆) ဖြစ်၍ (၁၁၀%) ၊ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ ဝါသီးနှံ မျိုးစေ့ထုတ် စံပြကွက် ဧက (၃၁၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဝါကောက်သိမ်းခြင်း (၃-၄) ကြိမ်ခန့် ပြုလုပ်ပြီးဖြစ်ကြောင်း၊ အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် (၅၅၀) ပိဿာခန့် ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၏ တစ်ဧကကုန်ကျစရိတ်အပေါ် ဝင်ငွေအနေဖြင့် တစ်ဧက အထွက်ပိဿာ (၅၀၀) ကို အခြေခံ၍ တစ်ပိဿာရောင်းဈေး (၂၀၀၀) ကျပ်ခန့် ဈေးနှုန်းထားတွက်လျှင် ကျပ် (၁၀)သိန်း ခန့် ဝင်ငွေရရှိပြီး တစ်ဧကကုန်ကျစရိတ် ကျပ်(၅)သိန်း ကုန်ကျလျှင် ကျပ်(၅)သိန်းခန့် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

          စိုက်ပျိုးထွက်ရှိသော ဝါများကို ကျေးရွာအရောက် ပွဲစားများက လာရောက်ဝယ်ယူ၍ ပြည်တွင်းသုံး ပုဂ္ဂလိက အသေးစားလုပ်ငန်းရှင်များသို့ ရောင်းချကြောင်း၊ ပြည်တွင်းသုံး ပုဂ္ဂလိက အသေးစားလုပ်ငန်းရှင်များအတွက် ဝါသီးသန့် ရောင်းချပြီး ပြည်ပဈေးကွက်အနေဖြင့် တရုတ်ပြည်သို့ ပြည်တွင်းဝါကြိတ်၍ ထွက်ရှိသော ဂွမ်းများကို တင်ပို့ရောင်း ချကြောင်း၊ ဝါနှင့်ဝါထွက်ပစ္စည်းဈေးနှုန်းများမှာ နေ့အလိုက် အတက်အကျ အပြောင်းအလဲရှိရာ နိုဝင်ဘာ ၃ ရက်နေ့က တစ်ပိဿာပေါက်ဈေးနှုန်းများမှာ ဝါ(၂၅၀ဝိ/-)၊ ဝါဂွမ်း (၆၀၀ဝိ/-)၊ ဝါစေ့ဆီ(၅၅၀ဝိ/-)၊ ဝါစေ့(၁၀၀ဝိ/-နှင့်ဝါစေ့ဖတ်(၉၀ဝိ/-) အသီးသီးရှိကြောင်း စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာမှ ဝါကြိတ်စက်လုပ်ငန်းရှင် ဦးကျော်စိုးလွင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

           မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ တည်ငြိမ်နေပါသည်။

          မုံရွာမြို့၏ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်းစပါးတင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀ မှ ၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ မှ ၆၀၀၀၀၊ မနောသုခစပါး တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ မနော သုခဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၈၈၀၀၀ မှ ၉၀၀၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။ ယခင်အောက်တိုဘာလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းနှင့် ယခုနိုဝင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိပါ။ ထူခြားချက်အနေဖြင့် ယခင်လ ပထမပတ်ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ၁၉၀၀၀၀၀ ဖြစ်ပေါ်ခဲ့ရာမှ ယခုလ ပထမပတ်၌ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ၂၂၀၀၀၀၀ ထိ ‌ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ဆန်ဈေးနှုန်းတွင်လည်း ရွှေဘိုပေါ်ဆန်းဆန်၂၄ပြည်ပါ တစ်အိတ်လျှင်ဈေးနှုန်း ၈၈၀၀၀ ကျပ် ဖြစ်ပေါ်ခဲ့ရာမှ ယခုလ ပထမပတ်တွင် ၉၀၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

         ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ‌ပထမပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၇၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၆၆၀၀၊ တန်အားဖြင့် ၅၈၃၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၆၀၀၊ နေပြည်တော်သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၈၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၅၁၀၀ ၊ တန်အားဖြင့် ၅၂၅၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၁၅၀၀၊ တန်အားဖြင့် ၅၇၅တန် လျော့၍ စီးထွက်ခဲ့ပါသည်။

         ရွှေဘိုမြို့၏ နိုဝင်ဘာလ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၄၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၃၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် နိုဝင်ဘာလ ၇ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၃၃၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မကွေးမြို့၌ ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်နှင့် စတုတ္ထအပတ် စက်သုံးဆီစျေးနှုန်းအခြေအနေ

           စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပါသည်။

          မကွေးမြို့ပေါ်၌ စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိပြီး  ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၂-ခုနှစ် အောက်တိုဘာလ တတိယအပတ်နှင့် စတုတ္ထအပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ  ဒီဇယ်ရိုးရိုး (၁) လီတာလျှင် ယခင်အပတ်ကျပ်(၂၇၄၅)၊ ယခုအပတ်ကျပ်(၂၆၅၅)ဖြစ်၍ ကျပ်(၉၀)စျေးကျ၊ ဒီဇယ်ပရီမီယမ် (၁)လီတာလျှင် ယခင်အပတ်ကျပ်(၂၈၂၀)၊ ယခုအပတ်ကျပ်(၂၇၃၀)ဖြစ်၍ ကျပ်(၉၀)စျေးကျ၊ ဓါတ်ဆီ (92) (၁)လီတာလျှင် ယခင်အပတ်ကျပ်(၂၀၄၀)၊ ယခုအပတ်ကျပ်(၂၀၀၅)ဖြစ်၍ ကျပ်(၃၅) စျေးကျ၊ ဓါတ်ဆီ(95) (၁)လီတာလျှင် ယခင်အပတ်ကျပ်(၂၁၁၅)၊ ယခုအပတ် ကျပ်(၂၁၀၀)ဖြစ်၍ ကျပ်(၁၅)အသီးသီးစျေးကျလာကြောင်း စက်သုံးဆီအရောင်း ဆိုင်များမှ သိရှိရပါ သည်။

DOCA(မကွေး)

 

ချောက်မြို့၊ မြို့မဈေး၌  အရောင်းအဝယ်ဖြစ်ပေါ်နေသော စျေးနှုန်းအခြေအနေ

       ချောက်မြို့နယ်တွင် မြို့နေလူဦးရေအတွက် အဓိကလိုအပ်သော စားဖိုးဆောင်သီးနှံများကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ်အောင်ပန်း၊ တောင်ကြီးတို့မှ အဓိကမှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။

    ချောက်မြို့၊ မြို့မစျေး၌ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၈)ရက်မှ နိုဝင်ဘာလ (၁)ရက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ အာလူး(၁)ပိဿာ ကျပ်(၂၆၀၀)၊ ငရုတ်သီးစိမ်း(၁၀)သား ကျပ်(၁၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာကျပ်(၂၀၀၀၀)၊ ကြက်သွန် (၁)ပိဿာ ကျပ်(၅၀၀၀)၊ ကြက်သွန်ဖြူ(၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ပန်းဂေါ်ဖီ(၁)ပွင့် ကျပ်(၂၀၀၀)၊ ဂေါ်ဖီ(၁)ထုပ် ကျပ် (၁၇၀၀)၊ မျှစ်(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ကန်စွန်းရွက်(၁)စီး ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စီး ကျပ်(၁၀၀)၊ ပြောင်းဖူး(၁)ဖူးကျပ်(၃၀၀)၊ နဂါးမောက်သီး(၁)လုံး ကျပ်(၈၀၀)၊ ဂေါ်ရခါးသီး(၁)လုံး ကျပ်(၂၀၀)၊ ကန်စွန်းဥ (၁)ပိဿာလျှင်(ရွှေဝါ၊ ငချိတ်) ကျပ်(၂၀၀၀)၊ အာတာလွတ်ဥ (၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ပန်းဆီငန်းသီး (၁)လုံး ကျပ်(၇၀၀)၊ ရွှေလိမ္မော် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နို့ပန်းသီး(၁)လုံး ကျပ်(၂၅၀၀)၊ ဖရဲသီး(၁)လုံး ကျပ်(၂၀၀၀)၊ သလဲသီး(၁)လုံး ကျပ်(၁၅၀၀)၊ ထောပတ်သီး(၁)လုံး ကျပ်(၃၀၀-၄၀၀-၅၀၀)ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း