ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးကွက်အတွင်း ဒေသထွက်ဂျင်းဈေးနှုန်း ကျဆင်းလျှက်ရှိ

      ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီးဒေသထွက်ဂျင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစားများ ၊ ဟင်းလျာများတွင်အသုံးပြုပြီး ပြည်နယ်တွင်းတွင်လည်း စားသုံးသူများ ကြောင်း၊ ယခုနိုဝင်ဘာလဒုတိယပတ်အတွင်း ဈေးကွက်အတွင်းဖြစ်ပေါ်နေသောဂျင်းဈေးနှုန်း မှာတစ်ပိဿာလျှင်(၁၈၀၀)ကျပ်နှုန်းသာရှိပြီး ယခင်အောက်တိုဘာလဒုတိယပတ်အတွင်း ဂျင်း ဈေးနှုန်းမှာဂျင်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်အထိမြှင့်တက်ခဲ့ပြီး ယခုနိုဝင်ဘာလဒုတိယပတ် နှင့်ယခင်အောက်တိုဘာလဒုတိယအပတ် ဂျင်းဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် (၂၀၀) ကျပ်ခန့်ကျဆင်းလာကြောင်း ဂျင်းဈေးနှုန်းကျဆင်းသွားရခြင်းမှာ ဂျင်းစိုက်တောင်သူများစိုက်ပျိုးဧကမြင့်မားလာခြင်းနှင့် ထုတ်လုပ်နိုင်မှုမြှင့်မားလာခြင်းကြောင်းဖြစ်သည်ဟု ဒေသထွက်ဂျင်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကံမမြို့နယ် မြောက်ချောင်းဘက်ကျေးရွာများမှ ထွက်ရှိသည့် ဆောင်းပဲတီစိမ်းနှင့် မတ်ပဲ၊ ပဲကြီး ဈေးနှုန်းဈေးကွက်အခြေအနေ

        ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းပဲတီစိမ်းသီးနှံမှာ နိုဝင်ဘာလ ပထမပတ်တွင် ပဲတီစိမ်း (၂၀)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၄၆၀၀၀) ဈေးနှုန်း ဖြစ်ပြီး ယခု ဒုတိယပတ်တွင် ပဲတီစိမ်း(၂၀)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၄၉၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၃၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်နေ့လျှင် အိတ်(၂၀)ဝန်းကျင်ခန့်၊ တစ်ပတ်လျှင် အိတ်(၁၅၀)ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

     မတ်ပဲသီးနှံမှာ နိုဝင်ဘာလ ပထမပတ်တွင် (၂၀)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၅၇၀၀၀)ဈေး ရှိခဲ့ပြီး ယခု ဒုတိယပတ်တွင် (၂၀)ပိဿာဝင် တစ်တင်းလျှင် ကျပ်(၆၀၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၃၀၀၀)၊ ပဲကြီး(၂၀)ပိဿာဝင် တစ်တင်းလျှင် ပထမပတ်တွင် (၇၅၀၀၀)ဈေးရှိခဲ့ပြီး ယခု ဒုတိယပတ်တွင် ကျပ်(၇၆၀၀၀)ဖြင့် ယခင်အပတ်ထက် ကျပ်(၁၀၀၀) ဈေးနှုန်အသီးသီးမြင့်တက်ခဲ့ပြီး အဝယ်ရှိခဲ့ကြောင်း ရေနံ့သာကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အစေ့ထုတ်ပြောင်း စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

             ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် အစေ့ထုတ်ပြောင်း (မိုး)သီးနှံ (၁၁၅၅၇)ဧက စိုက်ပျိုးပြီး တစ်ဧက လျှင် (၅၀)တင်းနှုန်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။

          အစေ့ထုတ်ပြောင်း(မိုး)သည် စက်တင်ဘာလတွင် စတင်ပေါ်၍ ပေါ်ချိန်ရောင်းဈေးမှာ တစ်တင်းလျင် (၁၅၀၀၀)ကျပ်ဖြစ်ပြီး၊ ယခုလက်ရှိ‌ပေါက်ဈေး အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၈၀၀၀)ကျပ်ဖြင့် ဒေသတွင်းသိုလှောင်သော ကုန်သည်များအပြင် မန္တလေးနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၂ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၅၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၄၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

        စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင်၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပေါ်ဦးပေါ်ဖျား မကျည်းတောပဲမြစ် ဈေးကောင်းရ

      မကျည်းတောပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မကျည်းတော ကျေးရွာမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ၎င်းရွာမှထွက်သော ပဲမြစ်များသည် အခြားဒေသများမှ ထွက်သော ပဲမြစ်များထက် အရွယ်အစားသေးပြီး အရသာမှာ ဆိမ့်၍ စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင် မကျည်း‌တောပဲမြစ်မှာ လူကြိုက်များ‌သော အစားအစာတစ်မျိုးဖြစ်ပါသည်။

        ရွှေဘိုမြို့တွင် ယခု နိုဝင်ဘာ ဒုတိယပတ်တွင်  ပေါ်ဦးပေါ်ဖျား မန်ကျည်းတော ပဲမြစ်များ ဝင်ရောက်လာ၍  တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ဈေးကောင်းရ အရောင်းအဝယ်ဖြစ်နေကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့နယ်ရှိ နဂါးမောက်သီးဈေးကွက်

         ရွှေဘိုမြို့နယ်၌  ဈေးကွက်အတွင်းတွင် ဒေသတွင်း ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် ရွှေဘိုမြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီး များ ဝယ်ယူရောင်းချသော်လည်း  ၊ပြင်ဦးလွင်မြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီးများ ကိုသာ အဓိကထား၍  ဝယ်ယူရောင်းချကြသည်။

        နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့်  တစ်ဆင့်ဝယ်ယူရ၍ အလုံး အကြီး/ အသေးပေါ် မူတည်ပြီး နဂါးမောက်သီးအကြီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံး လျင်(၇၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀)ကျပ်ဈေးနှုန်းဖြင့် အသီးသီးရောင်းချရကြောင်း၊ နဂါးမောက်သီး တစ်နေ့လျှင် (၁၀)ခြင်းခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ပုံမှန်သာ ဖြစ်ကြောင်း ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးမှ သိရသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

           ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်(၄၅၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်(၄၀၀၀) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင်(၆၄၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၉၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၉၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ (၅၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၅၅၀၀) ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်မှ(၅၀၀၀)ကျပ်ထိ၊ ချင်း တက်တစ်ပိဿာလျှင်(၂၂၀၀)ကျပ်မှ (၂၄၀၀)ကျပ်ထိ၊ ငရုတ် ခြောက်အမျိုးအစားအလိုက်  (၁၆၀၀၀)  ကျပ် မှ (၁၇၀၀၀)ကျပ်ထိ၊ အာလူး (၂၂၀၀)ကျပ်မှ (၂၄၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၈၀၀၀)ကျပ်မှ  (၉၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ဝက်သားတစ်ပိဿာ(၁၄၀၀၀)ကျပ်မှ (၁၅၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၅၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၅၅၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

နိုဝင်ဘာ(ပထမ)ပတ် ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်အခြေအနေ

     ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူကုန်စည်ဒိုင်တွင် နေ့စဉ်ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ ဆိပ်ဖြူဒေသတွင်းနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများ နေ့စဉ် ကုန်ချိန်(၂၀၀၀၀)ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        ကုန်စည်ဒိုင်ဈေးကွက်တွင် နိုဝင်ဘာ(ပထမ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာလျှင် ထိပ်စ ကျပ်(၃၇၀၀)၊ အလတ်စ ကျပ်(၃၅၀၀)၊ အနိမ့်စ  ကျပ်(၃၂၀၀) ၊ အရောင်ပျက် အသေးစ ကျပ်(၂၅၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။ ယခင်အောက်တိုဘာ(စတုတ္ထ)ပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ထိပ်စ ကျပ်(၃၆၅၀)၊ အလတ်စ ကျပ်(၃၄၀၀)၊ အနိမ့်စ ကျပ်(၃၀၀၀)၊ အရောင်ပျက် အသေးစ ကျပ်(၂၂၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်(၁)ပတ်ထက် ယခု(၁)ပတ် ကြက်သွန်နီ(၁)ပိဿာလျှင်ထိပ်စ ကျပ်(၅၀) ၊ အလတ်စ ကျပ်(၁၀၀) ၊ အနိမ့်စ ကျပ်(၂၀၀) ၊ အရောင်ပျက် အသေးစ ကျပ်(၃၀၀) ဈေးနှုန်းအသီးသီးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ကြက်သွန်နီ များကို ပြည်တွင်းဖြန့်ဖြူးမှုထက် ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့သို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိ ကြောင်းသိရှိရသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းတွင် ကြက်သွန်နီလက်လီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀/ ၄၃၀၀/၃၆၀၀/၃၀၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

     ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)၊ ပြည်၊ ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ မြဝတီမြို့အသီးသီးသို့ နေ့စဉ်တင်ပို့အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရန်ကုန်မြို့သို့ ပိဿာ(၃၀)ဝင်ဆံ့ (၃၄၃၃) အိတ်၊ ပြည်မြို့ (၁၄၄၀) အိတ် ၊ ပုသိမ်(၁၆၈၀) အိတ်  စစ်တွေမြို့ (၉၆၀) အိတ် ၊ မော်လမြိုင် (၁၆၈၀) အိတ်၊ မြဝတီမြို့ (၇၆၀၀) အိတ် တစ်ပတ်အတွင်း စုစုပေါင်း (၁၆၇၉၃)အိတ်၊ ပျမ်းမျှပိဿာ(၅)သိန်း၊ တန်ချိန်(၃)သောင်းခန့် နေ့စဉ် (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

ဈေးကျပြီး အရောင်းအဝယ်ဖြစ်နေသော ပခုက္ကူမြေပဲဈေးကွက်

       ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့ နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲလှိုင်လှိုင်ဝင်ရောက်၍ ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြေပဲဈေးနှုန်းများ တရိပ်ရိပ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

       နိုဝင်ဘာ(ပထမ)ပတ်အတွင်း နေ့စဉ်ပခုက္ကူဈေးကွက်သို့ မြေပဲတောင့် (၃)တင်း ဝင်အိတ် (၇၀၀) ခန့် (၁)ပတ်အတွင်း အိတ်(၅၀၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း (၁)ရက်လျှင် (၂၅)ပိဿာဝင်ဆန့် အိတ်(၅၀၀)၊ (၁)ပတ်အတွင်း အိတ်(၃၅၀၀)၊ ပိဿာ(၉၀၀၀၀)ခန့် ဝင်ရောက် အ‌ရောင်းအဝယ်ဖြစ်သည်။ နိုဝင်ဘာလ(ပထမ)ပတ်တွင် မြေပဲတောင့်(အခြောက်) (၁) ပိဿာလျှင် ကျပ်(၁၅၀၀မှ ၃၀၀၀)ထိ အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆံလုံးဆံ အကြီးအသေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ်(၅၁၀၀ မှ ၄၃၀၀) ၊ လက်လီဈေး ကျပ်(၅၆၀၀ မှ ၄၈၀၀) ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲ(စက်)ဆီ (၁) ပိဿာလျှင် ကျပ်(၁၀၀၀၀/ ၉၅၀၀) ရှိကြောင်း ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ပခုက္ကူမြေပဲဈေးကွက်မှ သိရှိရသည်။

      ကုန်စည်စီးဆင်းမှုအနေဖြင့် နိုဝင်ဘာ(ပထမ)ပတ်တွင် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲ ရောင်းဝယ်ရေးပဲခွဲစက် လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး ရန်ကုန်မြို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊  မြေပဲဆံ(လုံးဆံ/ဆီဆံ)များကို ဆီစက်လုပ်ငန်းရှင် များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥ လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိပြီး ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ မြေပဲများဈေးကွက်အတွင်းသို့ အဝင်များပြီး အဝယ်လိုက်သော်လည်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

ပခုက္ကူမြို့မဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အာလူးနှင့်ဂျင်းတက် ဈေးကွက်အခြေအနေ

      စားဖိုဆောင်သီးနှံအာလူးများ ပခုက္ကူမြို့မဈေးကွက်သို့ နိုဝင်ဘာလ(ပထမ)ပတ်အတွင်း ရှမ်းပြည်(အောင်ပန်း)ထွက် အာလူးနှင့် တရုတ်အာလူးများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပိဿာ(၃၀)ဝင်ဆံ့အိတ်(၃၅)အိတ် တစ်ပတ်အတွင်း(၂၄၅)အိတ် ပိဿာ(၇၀၀၀)ခန့်  နှင့် တရုတ်နိုင်ငံထွက် အာလူးများမှာ တစ်ပတ်အတွင်း ပိဿာ(၂၀၀၀)ခန့် ဈေးကွက်သို့ဝင်ရောက် လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ရှမ်းပြည်(အောင်ပန်း)အာလူး တစ်ပိဿာလျှင် အာလူးအရွယ်အစားလိုက်၍ လက္ကားဈေးမှာ ကျပ်(၂၀၀၀/၁၉၀၀/၁၆၀၀/၁၅၀၀)နှင့် လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် လုံးကြီး ကျပ်(၂၄၀၀/၂၃၀၀/၁၈၀၀/၁၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံထွက် အာလူးများမှာလည်း ကျပ် (၂၅၀၀ မှ ၂၂၀၀ ထိ) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ယခင် တစ်ပတ်ထက် အာလူးဈေး တစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

     ဂျင်းတက်များလည်း ပခုက္ကူမြို့မဈေးသို့ ရှမ်းပြည်နယ်(အောင်ပန်း)မှ တစ်ပတ်လျှင် ပိဿာ (၃၀)ဝင်ဆံ့ အိတ်(၁၀၀)၊ စုစုပေါင်း ပိဿာချိန်(၃၀၀၀)ခန့် ဝင်ရောက်လျက်ရှိ ပြီး လက္ကားဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ်(၁၀၀၀/၉၀၀)နှင့် လက်လီဈေးမှာ ကျပ်(၁၄၀၀/၁၃၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆောင်းရာသီဖြစ်၍ ဂျင်းတက်များအား ဂျင်းပေါက်ပြုလုပ်ပြီး မြို့တွင်း လက်ဖက်ဆိုင်များတွင် ဖြန်းဖြူးရောင်းချရ၍ စားသုံးသူများ ဝယ်ယူစားသုံးမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဂျင်းပေါက်တစ်ပိဿာလျှင် ကျပ်(၁၅၀၀/၁၄၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အခြေခံစားသုံးကုန်လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း