ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးစေ့ကြဲပက်ပျိုးခင်းများစိုက်ပျိုးလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှုကို ဒေသစီးပွားဖြစ် အဓိကအများဆုံးစိုက်ပျိုးကြသည်။ ယခုနှစ်တွင်လည်း ဆောင်းစိုက်၊ ပင်စိုက်စိုက်ပျိုးရန်အတွက် တောင်သူအများစုသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလလယ်မှစ၍ မျိုးစေ့ကြဲပက်ပျိုးခင်းများပြုလုပ်ဆောင်ရွက်လျက်ရှိသည်။  မျိုးဖြင့်ကြဲပက်စိုက်တောင်သူများသည်  မိမိတို့စိုက်ခင်းအတွက်လည်းကောင်း၊ ပြန်လည်ရောင်းချရန်အတွက်လည်းကောင်း မျိုးစေ့(၄)ဘူး၊ (၁)ပြည်မှစ၍ (၁)တင်း၊ (၁၆)ပြည်အထိ  ပျိုးခုံ၊ ပျိုးခင်းများပြုလုပ်ကြသည်။

  ယခုနှစ်တွင် မျိုးစေ့ကြဲပက်ပြုလုပ်ဆောင်ရွက်မှုအခြေအနေကိုသိရှိရန်အတွက် မြို့ပေါ်ရှိ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းဆောင်ရွက်ခဲ့ပါသည်။ စိုက်တောင်သူမှာ ယခုနှစ်တွင် ကြက်သွန်နီမျိုးစေ့တစ်တင်းလျှင်(၀.၅)ဧကခန့် ပျိုးခင်းပြုလုပ်စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁)သိန်းဈေးဖြင့်ဝယ်ယူရကြောင်း၊ အောက်တိုဘာလကုန်ပိုင်းတွင် ပျိုးခုံပြုလုပ်ကြဲပက်ခဲ့ကြောင်း၊ ကြဲပက်ပြီး(၄၅)ရက်သားခန့်တွင် ပျိုးပင်နုတ်မည်ဖြစ်ပြီး   ဒီဇင်ဘာလ၊ ဇန်နဝါရီလတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ပျိုးပင်များကို မိမိတို့ပြန်လည်စိုက်ပျိုးသည့်အပြင် ပိုလျှံသည့်ပျိုးပင်များကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မျိုးစေ့စရိတ်၊ သွင်းအားစုစရိတ်၊ အလုပ်သမားငှားရမ်းခစရိတ်ကြီးမြင့်ခြင်းကြောင့် ကုန်ကျစရိတ်မှာ ယခင်နှစ်ထက်များကြောင်း၊ ကျပ်(၂၈)သိန်းခန့်ကုန်ကျမည်ဟုခန့်မှန်းကြောင်း စိုက်တောင်သူကပြောကြားခဲ့သည်။

  ယခင်နှစ်တွင်  မျိုးစေ့တစ်ပြည်လျှင် ကျပ်(၃)သောင်းခန့်ဖြင့်ဝယ်ယူခဲ့ရပြီး (၀.၅)ဧကတွင် မျိုးစေ့တစ်တင်းစိုက်ပျိုးရ၍ ကျပ်(၁၀)သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ မျိုးစေ့တစ်ပြည်ပျိုုးထားသော ပျိုးပင်များကို ကျပ်(၂)သိန်းဈေးဖြင့်ရောင်းချရ၍ ကျပ်(၁၅)သိန်းခန့်အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုးစေ့တစ်ပြည်လျှင် ကျပ်(၁)သိန်းဖြင့်ဝယ်ယူရပြီး တစ်ပြည်ပျိုးခ ကျပ်(၃)သိန်းကျင်ခန့်ဖြင့် ရောင်းချရမည်ဆိုလျှင် အကျိုးအမြတ်များစွာရရှိမည်ဖြစ်ပြီး မိုးကြက်သွန်နီဥစိုက်များကိုတူးဖော်ချိန်တွင် ယခင်နှစ်ကဲ့သို့ ဈေးနှုန်း၊ ဈေးကွက်ကောင်းမွန်ရန်မျှော်လင့်ကြောင်း၊ ပျိုးပင်ဈေးကွက်လည်းကောင်းမွန်မည်ဖြစ်ကြောင်း စိုက်တောင်သူထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ၏ နိုဝင်ဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်နှင့် စီးဆင်းမှု

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သို့ ဒေသတွင်းစိုက်ပျိုးထွက်ရှိရာကျေးရွာများမှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် နေ့စဉ် ပျှမ်းမျှပိဿာ(၃)သောင်းခွဲ၊ တစ်ပတ်အတွင်း ကုန်ချိန်(၂)သိန်းခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆိပ်ဖြူမြို့မှ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီပိဿာ(၅)သိန်းခန့်ကုန်စည်စီးဆင်းကြောင်း ဈေးကွက်မှသိရှိရပါသည်။

   ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် နိုဝင်ဘာလ(ဒုတိယပတ်)အစောပိုင်းတွင်  အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၀၇၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဈေးနှုန်းဖြင့်လည်းကောင်း၊ အလယ်ပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ် (၃၁၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ (ဒုတိယပတ်)နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၂၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဖြင့် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိ ရသည်။

   နိုဝင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၂၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၀၇၅)ဖြစ်၍ ကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၅)၊ အလတ်စ ကျပ်(၃၀၀)ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

    နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဆိပ်ဖြူကြက်သွန်နီသည် ဒေသတွင်း/ ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကုန်ချိန်(၂)သိန်းခွဲခန့်၊ (၉၆၁၅)အိတ်၊ မြဝတီမြို့သို့ ကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ (၇၆၉၂)အိတ်၊  ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၅)သောင်း၊ (၁၉၂၃)အိတ်၊ စုစုပေါင်းကုန်ချိန်ပိဿာ (၅) သိန်းခန့်၊ (၁၉၂၃၀)အိတ်၊ တန်ချိန်(၈၁၆)ခန့်အပြင် ပြည်ပဝယ်လက်ပို့ကုန်အဖြစ် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ရန်ပယ်စျေး၌ နိုဝင်ဘာလ(ပထမပတ်)အတွင်းဖြစ်ပေါ်နေသော ကုန်စျေးနှုန်းအခြေအနေ

     မကွေးမြို့၊ ရန်ပယ်စျေးသို့ မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဒဟက်ကန်ကျေးရွာ၊ ကန်ပြားကျေးရွာ၊ ကန်လှကျေးရွာ၊ ထုံးပေါက်တောကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ပုထိုးစမ်း‌ကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     မကွေးမြို့၊ ရန်ပယ်စျေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ရောင်းချလျက်ရှိသောစျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းမုန်လာ(၁)ပွင့်လျှင် ကျပ်(၁၃၀၀-၁၅၀၀)၊ ဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၁၀၀၀-၁၂၀၀)၊ ပဲသီး(၁)ထုံးလျှင် ကျပ်(၁၈၀၀-၂၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီးစိမ်းတောင်ပေါ်(၁၀)(၁)ပိဿာလျှင် ကျပ်(၅၅၀၀)၊ ပြောင်းဖူးသကြား(၁၀)ဖူးလျှင် ကျပ်(၃၅၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀-၁၆၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၆၅၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သွန်နီ (ကြီး)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်ဖြူ (ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၅၀-၂၈၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၅၀၀)တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ရန်ပယ်စျေး၌ရောင်းချလျက်ရှိသော ပုစွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ရန်ပယ်စျေး၊ မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး ရန်ပယ်စျေးသို့ ဒဟက်ကန်ကျေးရွာ၊ ကန်ပြားကျေးရွာ၊ ကန်လှကျေးရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကျီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ထို့ပြင် ရန်ပယ်စျေးသို့ ရန်ကုန်ဘုရင့်နောင်၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင်မွေးမြူထားသော တီလားဗီးယား၊ ငါးဖန်းမငါးများကိုအခြောက်လှန်း၍ ၎င်းငါးများအား ငါးဆားနယ်အဖြစ်လည်းကောင်းပြုလုပ်၍ လာရောက်ရောင်းချကြကြောင်းသိရှိရပါသည်။

    မကွေးမြို့၊ ရန်ပယ်စျေး၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်းရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀၊ ပုစွန်ခြောက်(အလတ်)(၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)၊ ပုစွန်ခြောက်(အသေး)(၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ ငါးကြီးခြောက်(၁)ပိဿာလျှင်  ကျပ်(၇၀၀၀၀-၈၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ငါးရံ့လုံး(၁)ပိဿာလျှင် ကျပ်(၄၀၀၀၀)၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀-၂၆၀၀၀)၊ ငါးဘတ်ခြောက်(၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ငါးတံခွန်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀-၁၆၀၀၀)၊  ငါးရံ့ခြောက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မော်လမြိုင်မြို့ သံလွင်ဈေး၌ နိုဝင်ဘာလ(တတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

      ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တတိယအပတ်တွင် မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၁၀၆၀၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၇၃၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၄၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၄၂၀၀) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ် (၈၀၀)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၄၀၀၀)၊ မကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ပဲနီလေး (မြန်မာ) တစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ မြေပဲဆံ တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ သကြား တစ်ပိဿာလျှင် ကျပ် (၄၄၀၀)၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးခူ တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ အာဗြဲခြောက် တစ်ပိဿာလျှင် ကျပ် (၃၂၀၀၀)၊ ကြက်ဥ တစ်လုံးလျှင် ကျပ် (၂၇၀)၊ ဘဲဥ တစ်လုံးလျှင် ကျပ် (၄၀၀)၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် (၂၀၀)၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် (၁၅၀၀)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ ပဲတောင့်ရှည် တစ်စည်းလျှင် ကျပ် (၅၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး၊ နိုဝင်ဘာလ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာခဲ့ကြောင်း ဈေးဆိုင်များထံမှ သိရှိရပါသည်။

DOCA(မွန်)

 

မော်လမြိုင်ကုန်စည်ဒိုင်၏ ပုစွန်(အစို) နှင့် ပုစွန်ခြောက်ဈေးနှုန်းများအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်ကုန်စည်ဒိုင်၌ ၁၃.၁၁.၂၀၂၃ မှ ၂၀.၁၁.၂၀၂၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပုစွန်ဈေးနှုန်းများမှာ ပုစွန်ပျော့(အကြီး) ၁ပိဿာလျှင် ကျပ် ၂၁၀၀၀၊ ပုစွန်ပျော့(အသေး) ၁ပိဿာလျှင် ကျပ် ၁၈၃၀၀၊ ပုစွန်ထုပ်(စိမ်း)ရေချို(အကြီး) ၁ပိဿာလျှင် ကျပ် ၆၀၅၀၀၊ ပုစွန်ထုပ်(စိမ်း)ရေချို(အလတ်) ၁ပိဿာလျှင် ကျပ် ၄၄၅၀၀၊ ပုစွန်ထုပ်(စိမ်း)ရေချို(အသေး) ၁ပိဿာလျှင် ကျပ် ၃၉၀၀၀ ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

  ပုစွန်ခြောက်ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) ၁ပိဿာလျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်ထိလည်းကောင်း၊ ပုစွန်ခြောက်(အလတ်) ၁ပိဿာလျှင် ၆၀၀၀၀ ကျပ်၊ ပုစွန်ခြောက်(အသေး)(အမြင့်ဆုံးဈေး) ၁ပိဿာလျှင် ၅၄၀၀၀ ကျပ်၊ ပုစွန်ခြောက် (အသေး) (အနိမ့်ဆုံးဈေး) ၁ပိဿာလျှင် ၄၂၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းအခြေအနေ

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်များသည် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး နိုဝင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၁၉၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၂၃၀၀) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၈၀) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၃၁၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု နိုဝင်ဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၁၇၅) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၂၂၆၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၅၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၉၅) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၂၀) ကျပ်၊ ဒီဇယ် (ပရီမီယံ) တစ်လီတာလျှင် (၃၅) ကျပ်၊ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၅) ကျပ် ဈေးနှုန်းအသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(မွန်)

မင်းလှမြို့နယ်၏ မတ်ပဲဈေးကွက်အခြေအနေ

   ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ မတ်ပဲဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် မတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ဈေးနှုန်းရှိခဲ့ရာမှ နိုဝင်ဘာလ ပထမပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

     တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲတစ်တင်းဈေးနှုန်းများမှာ နိုဝင်ဘာလ(၉) ရက်နေ့တွင်  (၉၈၀၀၀) ကျပ်၊ (၁၀) ရက်နေ့တွင် (၉၆၅၀၀) ကျပ်၊ (၁၁) ရက်နေ့တွင် (၉၇၈၀၀) ကျပ်၊ (၁၂) ရက်နေ့တွင်  (၉၈၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီး‌ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်၏ စပါး/ဆန်ဈေးကွက်အခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခစပါး၊ (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၄၃၂၀၀၀) ကျပ်ရှိခဲ့ပြီး နိုဝင်ဘာလ ပထမပတ်တွင် အစိုဓာတ် (၁၈%၂၀%) ရှိသော (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၄၇၂၀၀၀) ကျပ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် အစိုဓာတ် (၁၅%၁၆%) ရှိသော (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၄၃၅၀၀၀) ကျပ်၊ စပါးခြောက်၍ သန့်သော (၄၆) ပေါင်ပါ တင်း (၁၀၀) လျှင် (၁၆၅၆၀၀၀) ကျပ်ထိပေးကြောင်း စပါးကုန်သည်တစ်ဦးထံမှသိရှိရပါသည်။

     နိုဝင်ဘာလ တတိယပတ်တွင် ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊ မနောသုခဆန်အ‌ဟောင်း ဆန်ကာတင် (၁) အိတ်လျှင် (၇၅၀၀၀) ကျပ်နှင့် ဆန်အသစ်(၁) အိတ်လျှင် (၆၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်၏ မတ်ပဲဈေးနှုန်းအခြေအနေ

  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင်  မတ်ပဲဈေးများ ဆက်မြင့်တက်လက်ရှိပြီး  အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်အောက်တိုဘာလ ဒုတိယပတ်တွင် မတ်ပဲဈေးမှာ ပိဿာ (၂၀)ဝင်တစ်တင်းလျှင် ၈၄၀၀၀ကျပ်မှ ၈၄၅၀၀ကျပ်အထိဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်တွင် ၉၀၀၀၀ကျပ်မှ      ၉၁၀၀၀ကျပ်အထိဖြင့်ရောင်းဝယ်လျက်ရှိပါသည်။

    နိုဝင်ဘာလ ပထမပတ်တွင် မတ်ပဲဈေးမှာ ပိဿာ (၂၀) ဝင်တစ်တင်းလျှင် ၉၁၀၀၀ကျပ်မှ    ၉၂၅၀၀ကျပ်အထိဈေးမြင့်တက်ခဲ့ပြီး ဒုတိယပတ်တွင် ၉၁၀၀၀ကျပ်မှ ၉၁၅၀၀ကျပ်အထိဈေးနှုန်းဖြင့် ဈေးငြိမ်နေကြောင်းသိရပါသည်။

       တင်ပို့မှုအနေဖြင့် ရန်ကုန်ဝယ်လက်သို့ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ပိဿာ(၂၀)ဝင်အိတ် (၂၅၀-၃၀၀)ခန့်တင်ပို့မှုရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း