ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၌ “ပြည်သူအများ စားသုံးသူအခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် Thursday Talk ဆွေးနွေးဟောပြော



ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျှက်ရှိသော အသင့်သောက် ကော်ဖီမစ် ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသား ဖော်ပြထား ခြင်း ရှိ/ မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက် ကော်ဖီမစ်ထုတ်များ ဖြစ်သော One Twa, Milk Boy, Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ် မတည့်ကြောင်းဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း(ကြီး/ရေး)နှင့်ဝန်ထမ်းများ သည် ၂၀၂၅ ခုနှစ်၊ဇူလိုင်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀) ဂရမ်အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုး အမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူခံ ရ မှာ ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ဈေးစည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို (၂၅.၇.၂၀၂၅) ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီ အချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချ နေသော ကျောက်မြောင်းကြီးရပ်ကွက်၊ သီတာလမ်း၊ အမှတ် (၂၄/၂၆) ရှိ ငွေအိုး ဆန်နှင့်ဆီ စားသောက်ကုန်မျိုးစုံ ရောင်းဝယ်ရေး အရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေး မှုများဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ပေါ်ဆန်းမွှေး (လတ်) ၊ ဇီယာ ၊ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ စသည့် ဆန်များရောင်းချလျက်ရှိပြီး၊ ၎င်းဆန်ဈေးနှုန်းမှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချ နေခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ဆန်များကို ဈေးနှုန်း အဆမတန်ရောင်းချမှုမရှိစေရေးနှင့် ရောင်းချခြင်းကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာ ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးမှူး) နှင့် ဝန်ထမ်းများသည် (၂၄.၇.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၃၀)အချိန်တွင် ဦးစားပေး ကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင် သာယာရေးအဖွဲ့တို့ နှင့် ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက် အချိုးအစားများ နှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသော စားသုံးဆီများ ရှိ/မရှိ စစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေ သောဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှတင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ သင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်း ၂၇.၇.၂၀၂၅ ရက်နေ့တွင် MT ROYAL 79 V.13/25 သင်္ဘောဖြင့် IOS ဆီကန်သို့ 450 MT ၊ HTT (MEC) ဆီကန်သို့ 4075 MT ၊ DD ဆီကန်သို့ 2000 MT စုစုပေါင်းတန်ချိန် 6525 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကို ဇူလိုင်လ(၂၅)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ကွမ်းခြံ ကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရဲတင့် အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုးက မုဒိတာ အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်း လင်းပြောကြားခဲ့ကြသည်။
ထို့နောက် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ပါဝင်သော လူငယ်စကား ဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲတို့တွင် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ဆောင်ရွက် ပြီး ကျောင်းသား/ကျောင်းသူ (၅)ဦးတို့က လူငယ်နှင့် စာပေ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အားကစားခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြ ပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်များကို မေးမြန်းရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ချီးမြှင့်ခဲ့ ကြသည်။
ထို့နောက် ပြန်ဆက်ဦးစီးဌာနက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်တက်လာ စေရန်၊ နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို ပြသထားရာ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှု့လေ့လာခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီအံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများက တက်ရောက်ခဲ့ကြ ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆုများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း များကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် အ.ထ.က(၂)ကျောင်း၌ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံ ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က(၂) ကျောင်းတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရန် စာဖတ်ရန်လိုအပ်ကြောင်း၊ ကျောင်းစာများကျက်မှတ်ရ၍ မအားလပ်လျှင် ညအိပ်ရာဝင်ချိန် (၁၀) မိနစ် စာဖတ်ပါက တစ်လ လျှင် (၅)နာရီအချိန်ရပြီး ဗဟုသုတများကြွယ်ဝမည်ဖြစ်ကြောင်း AI နည်းပညာများအကြောင်း ဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အသိပညာဗဟုသုတများလေ့လာရာတွင် စားသုံးသူကာကွယ်ရေးဥပဒေမှ စားသုံးသူ၏ အဓိပ္ပါယ်၊ ကုန်စည်၏ အဓိပ္ပါယ်၊ ဆောင်ပုဒ်၏ အဓိပ္ပါယ်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ သုံးစွဲရာတွင် အဓိက သိရှိရ မည့် ကုန်အညွှန်းအမှတ်အသားများ၊ အွန်လိုင်းမှ ဝယ်ယူခြင်းဖြင့် ရရှိမည့်အားသာချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ကျောင်းသား/ ကျောင်းသူ လူငယ်များ၏ အသက်အရွယ်ကို ကြည့်၍ဟောပြောခြင်း တိုင်းရင်းဆေးပညာဦးစီး ဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက မြန်မာ့သနပ်ခါး၏ ဆေးဖက်ဝင်ပုံများ အကြောင်း၊ သနပ်ခါးလိမ်းခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ကြောင်းတို့ကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၁၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲပြီးချိန်တွင် အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ Consumer Call Center 1535 လိုင်းခွဲ(၂)သို့ လက်တွေ့ခေါ်ဆို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူး(၃)ဦး တို့သည် (၂၈.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၂၄၆)၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်း၊ စက်မှုဇုန်(၂)၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ Ocean Supermarket သို့ စားသုံးဆီအမျိုးမျိုး အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် Ocean Supermarket တာဝန်ခံမှ ပူးပေါင်းပါဝင်လျက် စားသုံးဆီ အမျိုးမျိုးအမှတ်တံဆိပ်များမှာ သိန္ဓိ၊ ငွေသဇင်မင်း၊ ဇမ္ဗူအေး၊ နှစ်သက်၊ ဧရာဝတီ၊ ရွှေအုံ၊ စံတော်ဝင်၊ ရန်ကုန်၊ ရွှေ၊ Forture နှင့် စံချိန် စားသုံးဆီအမျိုးမျိုးတွင် ဥပဒေအခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်အမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိဌာနမှလည်း အမှတ်တံဆိပ် မပြည့်စုံသော ကုန်ပစ္စည်း များအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၃၀.၇.၂၀၂၅ ရက်နေ့ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းနှင့် ဝါးတန်းဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ် များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)