“ Online Sale မြေပြင်ကွင်းဆင်းဆောင်ရွက်”

Powered by Drupal

          ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ (၂၀)ရက်နေ့တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန (FDA)စသည့်အဖွဲ့များနှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့နယ်တွင် Online Sale နှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယခုအပတ်တွင် Online မှတစ်ဆင့် ရောင်းဝယ်လုပ်ကိုင်နေသော နောင်လိုင်ကျေးရွာ၊ လင်းထက်အမည်ရှိ ကလေးအသုံးဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အခြားသုံးပစ္စည်းများရောင်းချနေမှုအပေါ် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးမှုအပေါ် လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည့် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင်လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းရောင်းချသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုအတွက် စားသုံးသူကပေးချေရန်နည်းလမ်းနှင့်ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ပွင့်လင်းမြင်သာမှုရှိစွာရောင်းချရန်၊ လုပ်ငန်းရှင်မှတင်ပြလာသောအချက်အလက်များ၊ အမှတ်တကယ်ဆောင်ရွက်ခြင်းရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ပြင်ဦးလွင်မြို့နယ်အနေဖြင့် Online Sale လျှောက်ထားသူ ယနေ့အထိ (၁၆)ဦးရှိပြီး၊ Online Sale လုပ်ငန်း(၁၆)ခုအားလုံး မြေပြင်ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)