“ပြင်ဦးလွင် မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ အစားအသောက်ရောင်းချနေသော ဆိုင်များသို့ အသိပညာပေးဟောပြော”

Powered by Drupal

       ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ(၂၀)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြို့မဈေးကော်မတီရုံးခန်း၌ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနအဖွဲ့တို့နှင့် ပူးပေါင်းပြီး ဈေးအတွင်းရှိ အလှကုန်ပစ္စည်း၊ အစားအသောက်ရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အစားအသောက်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်မှ အလှကုန်၊ အစားအသောက်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေး ၊ အရည်အသွေး ကောင်းမွန်ရေး၊ အကျိုးအာနိသင်ကောင်းရရှိနိုင်သော အလှကုန်ပစ္စည်းများ ရွေးချယ်ရောင်းချစေရေး အချက်များဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်လွင်ထူးမှ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြရောင်းချနိုင်ရေးနှင့် ကုန်ပစ္စည်းများအား Online မှတစ်ဆင့် ရောင်းချသည့်အခါ www.ecomreg.gov.mm Online Registration လျှောက်ထားဖို့ လိုအပ် ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည် ။ ၄င်းအသိပညာပေးဟောပြောဆွေးနွေးပွဲ အခမ်းအနားသို့ လုပ်ငန်းရှင်(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)