သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၈.၆.၂၀၂၅ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပ သော စတုတ္ထအကြိမ်မြောက်မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောတွင်ကျေးရွာရှိ ဆေးဝါးတက္ကသိုလ်ဝင်း၌ ကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲ များကို ရာသီတုပြောင်းလဲခြင်း၊ သစ်တောပြုန်းတီးခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြှင့်တက်ခြင်းအန္တရာယ် တို့မှကာကွယ်နိုင်ရန်၊ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သဘာဝ ပတ်ဝန်ကျင် စိန်းလန်းစိုပြေရန်နှင့် သာယာလှပစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြု လုပ်ခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ခရေ၊မယ်ဇယ်၊ စိန်ပန်းပြာ၊ ပိတောက်၊ ယင်းမာ၊ တမာ၊ ကံ့ကော်၊ သပြေဘူတ၊ ပျဉ်းကတိုး၊ သ‌ေင်္ဘာတည်စသည့် သစ်ပင်မျိုး(၁၁)မျိုး၊ ပျိုးပင်ပေါင်း(၈၀၀)ကို စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်တို့မှ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ ကြောင်းသိရှိရပါသည်။ DOCA( မန္တလေး)

လှိုင်သာယာမြို့နယ်တွင် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

မင်္ဂလာဒုံမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချသော ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

ကွမ်းခြံကုန်းမြို့နယ် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ