ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခြင်း

Powered by Drupal

       ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် (၉) ရပ်ကွက် ဓမ္မာရုံ၌ လုပ်ငန်းရှင် (၂၂) ဦးအား  Online Sale စနစ်ရောင်းချခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါ  အသိပညာပေးရာတွင် အလှကုန်၊ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၊ အစားအသောက် များကို Online စနစ်ဖြင့် ရောင်းချမည်ဆိုပါက ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာတွင် ဖြည့်သွင်း၍ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထား သူသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ပြီး အသက်(၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ် ကြောင်း၊ ရောင်းချခြင်းလုပ်ငန်းဆောင်ရွကမည့်နေရာကို တင်ပြနိုင်ရမည်ဖြစ်ပါသည်။ မှတ်ပုံတင် လက်မှတ်ရှိပါက စားသုံးသူ၏ တိုင်ကြားမှုတွင် ဥပဒေအရ ကာကွယ်ခုခံပိုင်ခွင့်ရှိပြီး ကုန်စည်(သို့) ဝန်ဆောင်မှုကို ရောင်းချရာတွင် သဘောတူညီချက်၊တန်ဖိုးနှင့်အညီ ငွေပေးချေမှုကို လက်ခံရယူပိုင်ခွင့် ရှိခြင်း စသည့် Online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားသာချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)