ဘိုကလေးမြို့နယ် အေးသာယာ ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း

Powered by Drupal

    ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံရုံးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့၊ နေ့လယ်  (၁၃:၀၀) နာရီအချိန်တွင် အေးသာယာ ကျေးရွာနှင့် ဆတ်ကျွန်းကျေးရွာရှိ တောင်သူများနှင့် Myro ကိစ္စရပ်နှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

    သိုလှောင်ရုံများတွင် ဆံ့ဝင်အင်အားထက် ပိုမိုသိုလှောင်ပါက အရေးယူမည်ဟူသော ကောလဟာလ သတင်းနှင့် ပက်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စပါးတင်း (၂၅၀၀) ၊ ဆန်အိတ် (၅၀၀) နှင့် အထက်ဆံ့ဝင်သည့် သိုလှောင်ရုံများအား တရားဝင်မှတ်ပုံတင်၍ သိုလှောင်နိုင်ကြောင်း၊ မှတ်ပုံတင်ပြီး သိုလှောင်ရုံများအနေဖြင့် သက်တမ်းကုန်ဆုံးပါက ထပ်မံ သက်တမ်းတိုး၍ သိုလှောင်နိုင်ကြောင်း၊ Myro တွင်ရှိသော ဆန်စပါးလက်ကျန်စာရင်းများအား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စာရင်းပြုစုပေးပို့ တင်ပြရကြောင်း၊ ဆန်စပါးသိုလှောင်ရုံ အရေအတွက်နှင့် သိုလှောင်မှုအင်အား သိရှိမှသာ ပြည်တွင်းဆန်ဖူလုံမှုနှင့် ပြည်ပတင်ပို့နိုင်မှု အခြေအနေများ ကို သိရှိနိုင်ရန်အတွက် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ဆံ့ဝင်အင်အားထက် ပိုမို သိုလှောင်ပါက အရေးယူမည်ဟူသော မဟုတ်မမှန် သတင်းလွှင့်နေမှုများမှာ မှန်ကန်မှုမရှိပါကြောင်း ရှင်းလင်းတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)