သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၉.၉.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ပါက အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မှတ်ပုံ တင် လက်မှတ်လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း  အခြေချနေထိုင်လျက် ရှိပြီး အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။ ထုတ်ပြန်ချက်ပါ သတ်မှတ်ချက်များ ကိုလိုက်နာနိုင်သူ၊လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာကိုတင်ပြနိုင်သူ၊ အစိုးရအဖွဲ့အစည်း တရပ်ရပ် က အမည်ပျက်ကြေညာ ထားသော ပုဂ္ဂိုလ်များ မဖြစ်ရဟု ဖော်ပြထားပါသည်။ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော၊ ကိုယ်ပိုင် သတ်မှတ်ချက်ဖြင့် တရားဝင် ဝက်ဘ်ဆိုဒ်ရရှိထားပြီး  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မည့်နေရာ တင်ပြနိုင်သော အဖွဲ့အစည်းဖြစ်ရပါမည်။ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာ တွင် ကုမ္ပဏီ သို့မဟုတ်စီးပွားရေးအဖွဲ့အစည်း ဖြစ်ပါက အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ်၏ရောင်စုံဓါတ်ပုံ၊ လူပုဂ္ဂိုလ်ဖြစ်ပါက ယင်း ပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမှန် တကယ် တည်ရှိကြောင်း သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း သို့မဟုတ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု  အမျိုးအစားစာရင်း၊ အချက်အလက်နှင့် အာမခံချက်၊ ကုန်စည်နှင့် စပ်လျဉ်း၍ မည်သည့်နိုင်ငံမှ တင် သွင်းကြောင်း သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်ကြောင်း ဖော်ပြထားသည့် အချက်အလက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းကခွင့်ပြု ထားသော အထောက်အထားများရှိပါက   ယင်းတို့နှင့်စပ်လျဉ်းသည့် အထောက်အထားများပါ ပူးတွဲတင်ပြ၍ အွန် လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဟု  ဖော်ပြထားကြောင်းအသိပညာပေးရှင်းလင်းခဲ့ပါသည်။

DOCA (ဧရာဝတီ)

အင်္ဂပူမြို့နယ်တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ရုံးမှ အကြီးတန်းစာရေး ဒေါ်ဝင်းမာစိုးသည် (၉.၉.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် အချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အစီအစဉ်တွင်  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်သွင်းနိုင်ရေး၊ သက်တမ်းတိုးခြင်းနှင့် စာရင်းလက်ကျန်ရေးသွင်းနိုင်ရေး ရှင်းလင်း ဆွေးနွေးခြင်း၊ ဆက်လက်၍ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား သိရှိနိုင်ရေး အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၌ သောက်ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် Happy Time သောက်ရေသန့်စက်ရုံများအား ( ၅.၉.၂၀၂၅ ) ရက်နေ့တွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ Happy Time သောက်ရေသန့် စက်ရုံအား သောက်ရေသန့်ထုတ်လုပ်ရာတွင် သောက်ရေသန့်ဗူးများတွင် ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားများသည် ( ၂/၂၀၁၉ ) နှင့် ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ စက်ရုံအတွင်း စနစ်တကျဖြင့် လုပ်ကိုင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုများ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်အတွင်း အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်တွင် ဦးစာပေး ဈေးကွက် စောင့်ကြည့် စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ( ၃ ) ရပ်အတွင်းမှ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု ) ပေးသည့် ကုမ္ပဏီများအား ( ၅.၉.၂၀၂၅ ) ရက်နေ့တွင် စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်အတွင်းရှိ Net For You Wifi ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ သွားရောက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ကုမ္ပဏီမှ Wifi အမှန်တကယ်အသုံးပြုသည့် စားသုံးသူများအား စာချုပ်ပုံစံများသတ်မှတ်ပေးထားခြင်း၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှု အရည်အသွေးများအား ယင်းစာချုပ်ပေါ်တွင် မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့် ဝန်ဆောင်မှု ပေးထားသည်ကို တွေ့ရှိရပြီး၊ အသေးစိတ်ငွေတောင်းခံလွှာများ စနစ်တကျထားရှိခြင်း၊ စားသုံးသူများအား Refund Policy များ စနစ်တကျချမှတ်၍ Wifi ပြတ်တောက်မှုများ ရှိပါက ဝန်ဆောင်မှုရယူသည့် စားသုံးသူများအား ငွေများ ပြန်လည်အမ်းပေးခြင်း၊ မိမိတို့ ကုမ္ပဏီအနေဖြင့် Call Center များ ရှိပါသော်လည်း မိမိတို့၏ Local Phone Number များအား စားသုံးသူများ သိစေရန် အတွက် မိမိတို့၏ Page တွင် ဖော်ပြထားခြင်းများ၊ ဝန်ထမ်းများမှလည်း စားသုံးသူများအား ရှင်းလင်း ပြောကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံ မန်နေဂျာမှ ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့တွင် အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ( ၄.၉.၂၀၂၅ ) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ကလေးဝမြို့၊ အမှတ် ( ၂ ) ရပ်ကွက်အတွင်းရှိ အသင့်စားခေါက်ဆွဲအမျိုးမျိုး ရောင်းချသည့် ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကလေးဝမြို့ပေါ်တွင် ရောင်းချနေသည့် အသင့်စားခေါက်ဆွဲ အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ခြင်း/မရှိနှင့် သက်တမ်းလွန် အသင့်စားခေါက်ဆွဲခြောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ဗန္ဓုလဈေးတွင် စားအုန်းဆီရောင်းချပေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့၊ နံနက် (၈:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ဗန္ဓုလဈေးတွင် စားအုန်းဆီ ရောင်းချ‌ပေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင်ဘူးခွံပါပြီး (၈၀၅၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၅၀) ကျပ်သားဖြင့် စုစုပေါင်း (၄၄၀) ပိဿာရောင်းချပေးရာတွင် ဈေးသူဈေးသားများနှင့် ရပ်ကွက်နေပြည်သူများ အများအပြား ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြအသိပညာပေးခြင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊   ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ် စက်တင်ဘာလ () ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။  အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးရုံးမှ   အမှိုက်များကိုစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရယ်ရှိသောအမှိုက်ဟူ၍(၄)မျိုးခွဲခြားစွန့်ပစ်ရန်လိုကျောင်း၊ အမှိုက်ပုံးများကိုလည်း သိသာထင်ရှားသည့်နေရာတွင် စာများကပ်ထားရန်လိုကြောင်းနှင့် အမှိုက်စိုဆိုသည်မှာ အခြေခံအားဖြင့် အစားအသောက်ပစ္စည်း၊ ညစ်ညမ်းစေသည့် အစားအစာထုပ်ပိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု ထုတ်ကုန်စည်သည်တိုပါဝင်ကြောင်း၊ အမှိုက်ခြောက်တွင် ပြန်လည်ထုတ်ပိုးအသုံးပြုနိုင်သောပစ္စည်းနှင့် ပြန်လည် အသုံးမပြုနိုင်သောပစ္စည်းများပါဝင်ကြောင်း၊ ပလက်စတစ်အမှိုက်ဆိုသည်မှာ ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော အမှိုက်များပါဝင်ကြောင်း၊ ဘေးအန္တရယ်ရှိသောအမှိုက်တွင် ခြင်းဆေးဘူးများ၊ ပိုးသတ်ဆေးဘူးများ၊ သက်တမ်းလွန် နေသည့် အစားအစာများ၊ ဆေးဝါးများစသည်တို့ ပါဝင်ကြောင်းနှင့် ထိုသို့အမှိုက်အမျိုးအစားများ ခွဲခြား စွန့်ပစ်ခြင်းအားဖြင့် မိမိပတ်ဝန်းကျင်သန့်ရှင်ရုံသမက ကျန်းမာရေးကိုလည်းအထောက်အကူပြုကြောင်း  အသိပညာ ပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့နယ်၌ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၂.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၌ ဈေးကွက်အတွင်း “အသင့်သောက်အချိုရည် အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော “အသင့်သောက်အချိုရည်အမျိုးမျိုး” ရောင်းချနေကြောင်း သိရသည်။

DOCA(မွန်)

မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည်စုံဈေးရှိ KK ဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးမင်းမင်းစိုး (ဌာ နခွဲစာရေး)သည် (၈.၉.၂၀၂၅)ရက်နေ့တွင် မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည်စုံဈေးရှိ သစ်ခွဆေးဆိုင်နှင့် KK ဆိုင်များသို့သွားရောက်၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများ အခြေအနေအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးမေးမြန်းရာတွင် လူသုံးများသောဆေးဝါးများနှင့်  ရောင်းချနေသော ဆေးဝါးများ၏ဈေးနှုန်းများ အတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်း ကွာခြားမှုရှိ/ မရှိ၊  ဈေးကွက်များအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကိုကိုစစ်ဆေးခဲ့ပြီး ဆေးဝါးများကို အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

တောင်ဒဂုံမြို့နယ်၊ (၂၄)ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၅.၉.၂၀၂၅ ရက်နေ့၊ နံနက် (၁၆း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိကို တောင်ဒဂုံမြို့နယ်၊ (၂၄)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  Aung Oo Thar Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ