Yadanarpon teleport public Co.,Ltd သို့ ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦး တို့သည် (၂၉.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၁၀) နာရီအချိန်တွင် လှိုင်မြို့နယ်ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Yadanarpon teleport public Co.,Ltd အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၅)၊ တက္ကသိုလ်များလှိုင်နယ်မြေ၊ လှိုင်မြို့နယ်ရှိ Yadanarpon teleport public Co.,Ltd သို့ သွားရောက်ကာ ကုမ္ပဏီမှ ဆောင်ရွက်နေသော ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်း အော်ပရေတာများ လိုက်နာဆောင်ရွက် ရမည့်အချက်(၁၁)ချက်အား လိုက်နာဆောင်ရွက်ထား ခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူနစ်နာမှုမရှိစေရေးအတွက် သိသင့်သိထိုက်သောအချက်များကိုလည်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA (ရန်ကုန်)









