
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (လက်ထောက် ညွှန်ကြားရေးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဒေါပုံမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ (၁.၁၀.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်တို့အားဝင် ရောက်စစ်ဆေးခဲ့ရာ စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချရန်၊ အလေးချိန်ပြည့်မီစေရန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာရောင်းချရန်၊ စားသုံးသူပြည်သူများပွင့်လင်းမြင်သာစွာရှိစေရေးအတွက် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချမှု ရှိ/မရှိ ကိုကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
