သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ်၌စားအုန်းဆီ မှောင်ခိုဈေးကွက်ရောင်းချမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စားအုန်းဆီရောင်းချသောဈေးဆိုင်သို့ မှောင်ခိုဈေးနှုန်းဖြင့်ရောင်းချမှုရှိ/ မရှိ နိုဝင်ဘာလ (၃၀)ရက်နေ့၊ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေမှူးတို့သည်အမှတ်(၆)ရပ်ကွက်ရှိ စားအုန်းဆီလက်လီရောင်းချသော ဦးသန်းထွန်းဆိုင်သို့ ရပ်ကွက်နေပြည်သူများ စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ဝယ်ယူနေမှုအခြေအနေ ဝယ်ယူသည့်စားအုန်းဆီများအား မှောင်ခိုဈေးကွက်ဖြင့် ရောင်းချမှုမရှိစေရေး ရပ်ကွက်နေပြည်သူများအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းခရိုင်တွင် Talk Show အစီအစဉ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်း အသိပညာပေးခြင်း

     အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ)သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇  ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကော့သောင်းခရိုင် ၊ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Talk Show အစီအစဉ်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်မည့်သူတိုင်း Online ဖြင့် ကုန်သွယ်ရေးဦးစီးဌာနသို့ မှတ်ပုံတင်လျှောက်ထားရမည့်အကြောင်း၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှသာ ရောင်းချမည်ဖြစ်ကြောင်း၊ ပုံစံပါအချက်အလက်နှင့်အထောက်အထားများစိစစ်ခြင်းအား စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်အခြေအနေစစ်ဆေးခြင်းများ ဆောင်ရွက်ရမည့်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ Online စနစ်ဖြင့် ရောင်းချခြင်း ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

DOCA(တနင်္သာရီ)

 

“ သုံးခွမြို့နယ်၌အခြေခံ စားသောက်ကုန်ဖြစ်သည့်ကြက်ဥများအား သက်သာသော ဈေးနှုန်းများဖြင့်ရောင်းချပေးလျက်ရှိခြင်း”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  သုံးခွမြို့နယ်၌စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် နိုဝင်ဘာလ(၂၈) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် သုံးခွမြို့နယ်ရပ်ကွက်များသို့ လှည့်လည်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

            ထိုသို့ဖြန့်ဖြူးရောင်းချခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် သက်ဆိုင်တာဝန်ရှိသူများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုအရ  သုံးခွမြို့နယ်ရှိ ရပ်ကွက်များသို့သွားရောက်၍ ကြက်ဥတစ်လုံးလျှင်ငွေကျပ်(၃၈၀)ကျပ်နှုန်း (၁၀)လုံး(၃၈၀၀) ကျပ်တို့ဖြင့် ပြည်သူများမည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေး ရောင်းချပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌အခြေခံစားသောက်ကုန်ဖြစ်သည့်ကြက်ဥများဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ စားသုံးသူပြည်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥများအားဈေးနှုန်းချိုသာစွာဖြင့် နိုဝင်ဘာလ(၂၉)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက်များသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

            ထိုသို့ဖြန့်ဖြူးရောင်းချခဲ့ရာတွင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများ၊  မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းလတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းလတ်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ပူးပေါင်း၍ စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိစားသုံးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုအရ  ကော့မှူးမြို့နယ်တာလမ်းသစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်များသို့ သွားရောက်လှည့်လည်ပြီး ကြက်ဥတစ်လုံး လျှင်ငွေကျပ်(၃၇၀)ကျပ်နှုန်း (၁၀)လုံး (၃၇၀၀)ကျပ်တို့ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့် နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့၊ အ.ထ.က(၂) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုအရ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် နံနက် (၀၉:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အ.ထ.က(၂)ကျောင်းရှိ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ(၂၄၂)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။  

            အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးမှ ကုန်အညွှန်းအမှတ်အသားအကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက တက်ရောက်လာသည့် ဆရာ/ ဆရာမ များနှင့်ကျောင်းသား/ ကျောင်းသူများကို စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်တို့အား ဟောပြောခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စားသုံးသူများသည်ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအပါအဝင် ခရိုင်ဦးစီးမှူးရုံးများရှိ CICC များသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application မှတဆင့်လည်းကောင်း၊ DOCA Facebook Page နှင့် Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် မည်သူမဆို ကုန်စည်များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချမည်ဆိုပါက မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၂၅)ပေပါ(သို့)ပိဿာ ၂၇၅၀ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ကြေညာချက်အမှတ်(၁၆/၂၀၂၄)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ကြေညာချက်အမှတ်(၁၆/၂၀၂၄) ဖြစ်သည့် ပြည်တွင်းစားဆန်များ(ရွှေဘိုပေါ်ဆန်း/ဧရာဝတီပေါ်ဆန်း)တို့ကို စားသုံးသူရေးရာဦးစီးဌာန၏ ရည်ညွှန်းဈေးများအတိုင်း ရောင်းဝယ်ရန်နှင့် ဆန်ဈေးကွက်ဈေးနှုန်းများ သင့်တင်မျှတစေရေး အထူးအလေးပေး လိုက်နာဆောင်ရွက်ရန် နှိုးဆော်ချက် အား အောက်ပါ PDF File တွင် ဖတ်ရှုနိုင်ပါသည်။

ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့၊ နေ့လယ်(၁၅း၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ပြည်တွင်းဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာ ချိန်တွယ်ရောင်းချမှုများရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/မရှိ  စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

“ကျောက်ဆည်ခရိုင်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး”

ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများနှင့်ပူးပေါင်း၍ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအားလည်းကောင်း၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် မြစ်သားမြို့နယ်အတွင်းရှိ သောက်ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအားလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/မရှိနှင့် စက်ရုံပတ်ဝန်းကျင်၏အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှုအခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင်ထုတ်လုပ်သွားရန်နှင့်   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများကလည်း လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၉ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ၂/၂၀၁၉ ပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြရမည့်ညွှန်ကြားချက်များကို  ပြည့်စုံမှန်ကန်စွာဖော်ပြလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ကျောက်ဆည်မြိုနယ်ရှိ ရေသန့် စက်ရုံ(၁၂)ခု နှင့် မြစ်သားမြို့နယ်ရှိစက်ရုံ(၄)ခုတို့၏ ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

နေပြည်တော်ကောင်စီဦးစီးမှူးရုံး၌ စားသုံးဆီဖြန့်ဖြူးကြီးကြပ်သည့်စနစ်(Software)နှင့် စပ်လျဉ်း၍ အသိပညာ‌‌‌ပေးဟောပြောခြင်း

     စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် အသိပညာပေး ဟောပြောပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ကောင်စီဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူက  စားသုံးဆီဖြန့်ဖြူးရာတွင်  လက်ကားအဆင့်မှ အိမ်ထောင်စုအဆင့်အထိ စနစ်အသုံးပြု ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စပ်လျဉ်း၍  အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဟောပြောပွဲသို့ နည်းပညာကုမ္ပဏီ၊ နေပြည်တော်ကောင်စီဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် လက်ကားကိုယ်စားလှယ် စုစုပေါင်း(၃၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(IT)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ