သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောင်းစု အ.မ.က ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ကျောင်းစု အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာ‌ရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို ၁.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။

       အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာ ဗဟုသုတများကို ရှင်းလင်းပြီး၊ သတိပြုရမည့် ဆိုးဆေးများအန္တရာယ်နှင့် စားသုံးရန်မသင့်သော  အစားအစာများနှင့် အချိုရည်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက် (၁၁)ချက်အကြောင်း၊ ကုန်စည်များတွင် မဖြစ်မနေဖော်ပြပါဝင်ရမည့် ကုန်စည်အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ‌ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့သည် မဖြစ်မနေ ပါဝင်ရမည်ဖြစ်၍ သတိပြုလေ့လာ၍ ဝယ်ယူအသုံးပြုရန်ကိုလည်းကောင်း၊ စားသုံးသူ အခွင့်အရေး နစ်နာမှုတစ်ရပ်ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအခွင့်အရေးကို အပြည့်အဝကာကွယ်ပေးနေသဖြင့် တိုင်ကြားနိုင်သည့်နည်းလမ်း (၇)မျိုး အကြောင်းနှင့် ပြန်လည်ဖြေရှင်ဆောင်ရွက်ခြင်းအကြောင်းတို့ကိုလည်းကောင်း၊ Consumer Call Center ၁၅၃၅ ကိုခေါ်ဆို၍ သိလိုသည်များမေးမြန်းနိုင်ပြီး တိုင်ကြားလိုလျှင် ဆက်သွယ်တိုင်ကြားနိုင် ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

             ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရွှေတောင်မြို့ပေါ်ရပ်ကွက်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား (၆.၁၂.၂၀၂၄) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           အဆိုပါကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချသောကလေးအဟာရဖြည့်စွက်စာဗူး၊ အထုပ်များပေါ်တွင် ညွှန်ကြားထားသော ကုန်အညွှန်း အမှတ်အသား(၈)ချက် ပြည့်စုံမှန်ကန်မှုရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ထားသိုမှုပုံစံများစနစ်တကျရှိစေရေးနှင့် စားသုံးသူများအား စိတ်ကျေနပ်မှုရှိစေရေး စသည်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များအား မှာကြားပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

             ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ်(၃)ရပ်ကွက်၊ (ပြည်ကျော်) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၆.၁၂.၂၀၂၄)ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            ထိုသို့စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီး မှူးတို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့လုပ်ငန်းမှထုတ်လုပ်သော အစားအသောက်များအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်၊ FDAထောက်ခံချက်ရရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင် ရရှိရေးဆောင်ရွက်ရန် မိမိတို့လုပ်ငန်းတွင် အသုံးပြုရန်လျှောက်ထားသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စားသောက်ကုန်လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိ‌စေရေး တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာစာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

              ၅.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ စာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းပြီး ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူများမှ လူကိုယ်တိုင်ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန website မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းဖြင့်လည်းကောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ Call Center (1535) ကို ခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ခြင်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသား/ သူ စုစုပေါင်း (၂၀) ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဧက (၅၀၀) မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးသည် လွိုင်ကော်မြို့နယ်၊ ဧက(၅၀၀) မူလ တန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၀) ဦးကို စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ် ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများအပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးတက် ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည့်မေးမြန်းမှုများကိုရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့နယ်၊နမ့်ဘော်ဝမ်(ခါး)မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း(၂)ဦးသည် လွိုင်ကော် မြို့နယ်၊ နမ့်ဘော်ဝမ်(ခါး) မူလတန်းလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၂၀) ဦးကို  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် စားသုံးသူအခွင့်အရေးများ၊စားသုံးသူများ လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ ကုန်စည်တွင်ပါရှိမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်းကောင်း၊ ကုန်ပစ္စည်းများအပေါ် ပေးထားသော ဝန်ဆောင်မှုများကိုလည်းကောင်း၊ ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင်နစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊  Website DOCA Myanmar mobile application ၊ Call Center 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်းအကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများကသိရှိလိုသည့် မေးမြန်းမှုများကို ရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရှိပါသည်။

DOCA(ကယား)

 

ချောင်းဆုံမြို့နယ်တွင် စံမညီ‌ဆေးဈေးဝါးများအား စျေးကွက်စောင့်ကြည့်စစ်ဆေး

              ၆.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင်ဆေးဝါး မှတ်ပုံတင်ထားသောဆေးများ တင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များလိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးဆိုင် (၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

                ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်များတွင် ဆန်များအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

               ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်များတွင် ဈေးနူန်းမြှင့်တင်ရောင်းချရန်အတွက် သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မွန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊နေ့လယ် (၁၄း၃၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ​ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan NewAsia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၂) ပေပါကို ယာဥ်မောင်း ဦးသန်း‌ဇော်ဦး၊ ယာဉ်အမှတ် 5G-7822/ Hino မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး  ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၉၂) ပေပါအား ကုမ္ပဏီ၏လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်း စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၃)ဦးသည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ ဆီနှင့်ကုန်မျိုးစုံဆိုင် (၂)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

   စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (၂/၂၀၁၉)၊ (၁/၂၀၂၁)ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဈေးကွက်အတွင်း သက်ဆိုင်ရာဌာနမှ ထောက်ခံချက် မရှိသော စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှု ပြုသဖြင့် စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ “မကောင်းမြတ်မော်” ဆီနှင့်ကုန်မျိုးစုံဆိုင်၊ “ကေသွယ်မင်း” ဆီနှင့်ကုန်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ “စိန်လမင်း” အမှတ်တံဆိပ် မြေပဲဆီသန့်(၅၀ကျပ်သား)ဘူးများသည် ညွှန်ကြားချက်(၂/၂၀၁၉)၊ (၁/၂၀၂၁)နှင့် ကိုက်ညီမှုရှိပြီး FDA ၏ ထောက်ခံချက်အမှတ်ပါရှိသည်ကို စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး  သက်ဆိုင်ရာဌာနမှ ထောက်ခံချက်ပါရှိသော စားသုံးဆီများကို ဝယ်ယူရောင်းချရန် ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ