သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Hello K T Beauty Saloon လုပ်ငန်းအတွက် MSME ချေးငွေပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

     ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ် လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့်အကျိုးထိရောက်စွာ အသုံးပြုနိုင် ရေးစီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(26၂)၊ မြေညီထပ်၊ မေတ္တာလမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်ရှိ Hello K T Beauty  Saloon လုပ်ငန်းအတွက် MSME လျှောက်ထား သည့် လုပ်ငန်းရှင်အား  ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်၊ အလုပ်သမား ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီး ကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနစသည့် သက်ဆိုင်ရာဌာန များပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဒေါ်အေးအေးနွယ် (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၃) ရှိ စီးပွားရေး လုပ်ငန်းရှင်သည် စားသုံးသူအပေါ်ဝန်ဆောင်မှုပေးရာတွင် (၁) မိမိဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန်ကြိုတင်အသိပေးခြင်း၊ (၂) မှန်ကန်သော သတင်းအချက် အလက်နှင့်ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးရမှာဖြစ်ကြောင်း အသိ ပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Favourite Online Store စားသောက်ကုန်လုပ်ငန်းအတွက် MSME ချေးငွေပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

      ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ်လိုအပ် သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြုနိုင် ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(276)၊ ပြည်သာယာလမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်ရှိ Favourite Online Store စားသောက်ကုန်လုပ်ငန်းအတွက် MSME လျှောက်ထား သည့် လုပ်ငန်းရှင်အား ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်၊ အလုပ်သမား ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနစသည့် သက်ဆိုင်ရာဌာန များပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဒေါ်အေးအေးနွယ် (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၀)ရှိ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအကြောင်း နှင့် Online မှတ်ပုံတင်ခြင်းဆိုင်ရာအချက်အလက်များကို အသိ ပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုက်ထိုမြို့နယ်တာဝန်ခံမှလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

          ၁၁.၁၂.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာရှိ ‘လနတ်သား’ဂျစ်ဆမ်သဘာဝကျောက်မှုန့် မြေဩဇာ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

            ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံက ကုန်ကြမ်းစုဆောင်းမှု၊ ကုန်ချောထုတ်လုပ်မှု၊ တစ်နေ့စက်ရုံလည်ပတ်မှု၊ ကုန်ချောဖြန့်ဖြူးမှုနှင့် အခက်အခဲများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်မှ ကုန်ကြမ်းအနေဖြင့် ဂေါ်ဒန်ကျောက်များကိုအသုံးပြုကြောင်း၊ အဆိုပါဂေါ်ဒန်ကျောက်များကို ကရင်ပြည်နယ်မှဝယ်ယူရရှိပြီး တစ်တန်လျှင် (၁၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ တစ်လလျှင် ကုန်ချောတန်ချိန် (၁၀၀၀) ထုတ်လုပ် နိုင်ကြောင်း၊ ကုန်ချောတစ်တန်လျှင် (၂၀၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် မွန်ပြည်နယ်အတွင်းရှိ သဘာဝမြေဩဇာ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ရန်ကုန်မြို့ရှိ မြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့တင်ပို့ရကြောင်း၊ ကုန်ချောတစ်တန်လျှင် (၅၀၀၀၀)ကျပ် အမြတ်ရရှိကြောင်း လုပ်သားအင်အား (၃၅) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း၊ အခက်အခဲအနေဖြင့် မတည်ရင်းနှီးငွေအခက်အခဲရှိကြောင်း ဆွေးနွေးခဲ့သည်ဟုသိရှိရပါသည်။

DOCA(မွန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

         ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဆက်ဟိန်းယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးအောင်လင်း၊ ယာဉ်အမှတ် 9C-9660/ FUSO မော်တော်ယာဥ်နှင့် ၁၀း၀၀ အချိန်တွင် ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ Kaung Hlyan New Asia Co,Ltd မှ  စားအုန်းဆီ (၉၂) ပေပါကို ယာဉ်မောင်း ဦးစိုင်းသက်ကျော်၊ ယာဉ်အမှတ် 1M-3466 ISUZU မော်တော်ယာဉ်ဖြင့် စုစုပေါင်းစားအုန်းဆီ (၁၈၂) ပေပါတို့ကို တင်ဆောင်၍ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေး ရာဦးစီးမှူး  ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၈၂) ပေပါအား ကုမ္ပဏီ၏ လက်ကား အ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှ တစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။­

DOCA(တနင်္သာရီ)

ညှိနှိုင်းအစည်းအ‌ဝေး တက်ရောက်ခြင်း

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏ အလှည့်ကျ ရုံးလုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Zoom Meeting ဖြင့် တက် ရောက်ခဲ့ပါသည်။

        အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရုံးချုပ်၊ စားသုံးသူရေးရာဌာခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံများမှ ဖြည့်စွက်ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများရှိ စားသုံးသူရေးရာဌာနခွဲနှင့်၊ ထုန်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံများမှ မိမိတို့ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်းနှင့် သိရှိလို သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ကာ ညှိနှိုင်းဆွေး‌နွေးပွဲအား(၁၅း၅၀)နာရီအချိန်တွင်  အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းခဲ့ သိရှိ ရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်းသိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချမည်ဆိုပါက   အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသောက်ဆိုင်နှင့် ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၂.၁၂.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဧဒင်စားသောက်ဆိုင် နှင့်ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အိမ်သုံးဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၀.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့် အတူ ဇလွန်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် ပြတ်လပ်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဇလွန်မြို့ပေါ်ရပ်ကွက်တွင်ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းများမြှင့်တင်ရောင်းချမှုရှိ/ မရှိ၊ Registration မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်းစစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အတူပူးပေါင်း၍(၁၁.၁၂.၂၀၂၄)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ အုတ်ရှစ်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အနော်ရထာခန်းမတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦးအား  စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်အောင်မှ အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိမှ ကလေးသူငယ်အသိပညာပေးဟောပြောခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိန်းအသိပညာပေးခြင်းများ ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကာ  နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ဟောပြောပွဲကိုရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အွန်လိုင်းဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

          ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးသည် အမှတ်(၁)ရပ်ကွက်၊ ချယ်ရီ(မြောက်)လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌  စားသုံးသူပြည်သူများအနေဖြင့် Online မှဈေးဝယ်ယူရာတွင် လိမ်လည်လှည့်ဖြားခံရမှုမရှိစေရန်ရည်ရွယ်လျက် အွန်လိုင်းဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက အွန်လိုင်းဈေးရောင်းချသူများသည် စားသုံးသူထံမှ ရည်ရွယ်ချက်ရှိရှိဖြင့် ကြိုတင်စီစဉ်ပြီး ငွေကြေးရယူသည့်လိမ်လည်မှုနှင့် ကုန်စည်/ ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်းသည့် လိမ်လည်မှုများကို ပြုလုပ်လေ့ရှိကြောင်း၊ ပထမတစ်ချက်ဖြစ်သည့် ကြိုတင်ငွေကြေးရယူသည့် လိမ်လည်မှုတွင် ငွေကြိုလွှဲပြီးနောက် Social Network Account များပိတ်သွားခြင်း၊ ဝယ်ယူသူအား Block လိုက် ခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် မြေပြင်လိပ်စာ ရှာမရခြင်း၊ ဖုန်းနံပါတ်များအား Block ပြုလုပ်သွားခြင်းနှင့် Deactivate ပြုလုပ်သွားခြင်း၊ ဒုတိယ တစ်ချက်ဖြစ်သည့် ကုန်စည်/ဝန်ဆောင်မှုအရည်အသွေးနှင့်စပ်လျဉ်းသည့်လိမ်လည်မှုတွင် ကုန်စည်/ ဝန်ဆောင်မှုကို ဝယ်ယူပြီးနောက် အမှန်တကယ်ရောင်းချသော်လည်း ပစ္စည်းများပို့သည့်အခါ/ ဝန် ဆောင်မှုပေးသည့်အခါ သဘောတူညီထားသည့် အချက်အလက်များနှင့်မကိုက်ညီသည့် ကုန်စည်/ ဝန်ဆောင်မှုကိုပေးခြင်း၊ ဝယ်ယူထားသည့် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဖြစ် ပေါ်လာပါက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း စသည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စား သုံးသူပြည်သူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လာပါက  စားသုံးသူရေးရာဦးစီးဌာန Website Complaint System  သို့လည်းကောင်း၊ ဦးစီးဌာနနှင့် ဦးစီးမှူးရုံး CICC များသို့လည်းကောင်း၊ Doca Myanmar Mobile Application သို့ လည်းကောင်း၊ Consumer Call Center (1535) သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ