ပန်းတနော်မြို့နယ် MYTEL ရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း စစ်ဆေးဆရေးအရှိသည် ၂၄-၁၀-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ပန်းတနော်မြို့နယ်တွင် လူသုံးများသော ဆက်သွယ်ရေး ဝန်ဆောင်မှုဖြစ်သည့် MYTEL ဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်း၍ အွန်လိုင်းဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကျေနပ်မှု ရှိစွာသုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     မအူပင်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်တို့က MYTEL ရုံးတာဝန်ခံနှင့် တွေ့ဆံဒ၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ အကြောင်းကို ရှင်းလင်းပြောကြားပြီး၊ Online လိမ်လည်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခြင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံး အတွက်အရေးကြီးဆုံးသောအင်တာနက် ဝန်ဆောင်မှုတစ်ရပ် အနေဖြင့်ပါဝင်ပါကြောင်း၊ ဆိုရှယ်မီဒီယာ ခေတ်ကြီးတွင် လူသုံးများသော MYTEL အနေဖြင့် အဆင်ပြေချောမွေ့စေရေးဆောင်ရွက်နိုင်ရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်းများ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှု ရရှိအောင်ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန် စသည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေ တာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)