သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုရှိပါက ဌာနသို့ Consumer Call Center (1535)ဆက်သွယ်တိုင်ကြားနိုင်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုကြုံရပါကဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင်  လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တွင်လိုင်းခွဲ(၂)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃) တို့ကိုဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ကလေးခရိုင်မှ(၁)ကြိမ်၊ ကန့်ဘလူခရိုင်မှ(၁) ကြိမ်၊ ၊ စစ်ကိုင်းခရိုင်မှ (၂)ကြိမ်၊ မုံရွာခရိုင်မှ (၂)ကြိမ် ၊  ရွှေဘိုခရိုင်မှ(၃)ကြိမ်၊ တိုင်ကြားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်း(၉)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၈.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းများတွင် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များအား သိုလှောင်းထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ () ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှီ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ၊အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ဝင်းထွန်း”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၆.၈.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ “ဝင်းထွန်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးကလုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။  

DOCA(စစ်ကိုင်း)

“BoB”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် (၆.၈.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ “BoB” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည် များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှီ စားအုန်းဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့်စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများတိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

       နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင်အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဩဂုတ် ၈ ရက်နေ့ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစု အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက (၃၇)သိန်း (၅)သောင်းကျော်ရှိပြီး ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းကျော်ပါဝင်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် တောင်သူများလက်ဝယ် အချိန်မီ ရောက်ရှိရန်လိုအပ်ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအနေဖြင့် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ခရိုင်၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများစသည့် supply chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး  ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်တွင် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများတိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်သည့်အတိုင်း စနစ်တကျဆောင်ရွက်ရန်လိုပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် Drum Seeder များထုတ်လုပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှု ကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များလျော့နည်းပပျောက်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းစနစ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး အတွက် ရည်မှန်းချက်ပေးထားသကဲ့သို့ တောင်သူအားလုံး မျိုးစေ့ချကိရိယာ(Drum Seeder)များ ပိုင်ဆိုင်နိုင်ရေး နည်းလမ်းများရှာဖွေကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း" တက်ရောက် အမှာစကားပြောကြားခဲ့သည်။

(DOCA ဧရာဝတီ)

 

Online Sales နှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း သည် အမှတ်(၂) ရပ်ကွက်၊ ဆေးရိုးတန်းလမ်းရှိ Little Collection အလှကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်သို့  သွားရောက်၍ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေး တွေ့ရှိချက်များကို Online Sales Application တွင် ဖြည့်သွင်းပေးပို့ခဲ့ကြောင်း၊ အဆိုပါစစ်ဆေးချက် များကို ကုန်သွယ်ရေး ဦးစီး ဌာနမှ ဆက်လက်စိစစ်ပေးပြီး ပါက Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

ဘိုကလေးမြို့ ဗိုလ်ဗထူးလမ်းရှိ “မိုး” သုံးထောင့်မုန့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

      ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် (၁) ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ “မိုး” သုံးထောင့်မုန့် လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          “မိုး” သုံးထောင့်မုန့် လုပ်ငန်း မှ ထုတ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် သုံးထောင့်မုန့် ဘူး(၂၅၀) ခန့် ထုတ်လုပ်လျက်ရှိပါသည်။ တစ်ဘူးလျှင် (၅) ခုပါဝင်ပြီး ဈေးနှုန်းအနေဖြင့် (၂၇၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ပါဝင်ပစ္စည်းများမှာ ဂျုံ၊သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့် တို့ဖြစ်ကြ ပါသည်။ လုပ်သားဦးရေ (၄) ဦးခန့်ရှိပြီး လုပ်ခနှုန်းထားအနေဖြင့် တစ်လလျှင် (၂) သိန်းဖြင့် စားစရိတ်ငြိမ်းပေးချေရပါသည်။ဈေးကွက်အနေဖြင့် ဖျာပုံ၊ မော်ကျွန်း၊ စက်စု နှင့် အနီးတဝိုက်ရှိ ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် Talk Show ပြုလုပ်ဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင် (၇.၈.၂၀၂၅) ၊ နေ့လယ် (၁၅:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကိုကျင်းပပြုလုပ်ခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများတွင် အခန်းပေါင်း (၂၅) ခန်းရှိသည့် အနက် အခန်း(၉) ဖြစ်သော စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် အသိပညာပေး ဟောပြောပွဲများ၊ ဈေးကွက်ကွင်းဆင်း စစ်ဆေးခြင်းများ၊ပြည်သူလူထုထံ သို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ထို့အပြင် စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာ၍ တိုင်ကြားလာသည့်အခါတွင်လည်း လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ