
၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့အတွင်းရှိ ရာသက်ပန်ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်၊ ဖိုးလပြည့် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ ချိုချိုဆေးအရောင်းဆိုင်တို့အား ဆေးဝါးပြတ်လပ်မှု မရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးတို့အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်း ဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းတစ်မျိုးချင်းစီအလိုက် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ စံမမှီ ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ စျေးကွက်အတွင်း ဆေးဝါးပြတ်လတ်မှု ရှိ/မရှိ တို့အား စစ်ဆေးဆောင်ရွက်ခဲ့သည်။
မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု မရှိကြောင်းနှင့် စျေးနှုန်းစျေးကွက်တည်ငြိမ်လျက်ရှိပြီး ပှံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
