သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့နယ်တွင်ဌာနဆိုင်ရာများမှ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ရောင်းချပေးလျှက်ရှိ

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန် အတွက်ရည်ရွယ်၍ ကြက်ဥ များကိုနေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

  ၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့ မှ ၉ ရက်နေ့ထိ ၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အခြားသော ဌာနဆိုင်ရာများ နှင့်အတူ  မြို့နယ်အရံ မီးသပ်တက်ဖွဲ့ရုံး ရှေ့တွင် ကြက်ဥ အလုံး(၁၄၀၀၀) ကို ရောင်းချပေးနေကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဌာနဆိုင်ရာများမှ ပြည်သူများ သက်သာစွာ ဝယ်ယူရရှိနိုင်ရန် ဆက်လက်၍‌ နေ့စဉ်ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် (၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့် စက်ရုံသို့ ကွင်းဆင်းစိစစ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ၉ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့် စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစိစစ်မှုတွင် YYL သောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူး(၁၀၀၀၀) ခန့်ဈေးကွက်ထဲသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ လျှပ်စစ်မီးရရှိလျှင် တစ်နာရီကို ဘူး ၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ပြီး လျှပ်စစ်မီး မရရှိပါက ရပ်နားထား ရပါသည်။ဈေးနှုန်းဈေးကွက် အနေဖြင့် ဘူးကြီး တစ်ဘူးလျှင် လက်လီ ၁၂၀၀ ကျပ်၊ လက်ကား ၁၀၀၀ ကျပ် ဖြင့် ရောင်းချပေးလျက်ရှိပါသည်။လုပ်သား တစ်ဦးလျှင် လုပ်ခလစာ နှစ်သိန်း ၊ နှစ်သိန်းခွဲအထိ ရှိပြီး လုပ်သားဦးရေ (၁၇) ဦးခန့် ထားရှိပါသည်။ဈေးကွက်အနေဖြင့် မြို့နယ်အတွင်း၌သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

       ထို့နောက် မြို့နယ်တာဝန်ခံက ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုစေရေး အတွက် ကုန်အညွှန်းအမှတ် တံဆိပ် များလည်း ဈေးကွက်ရောက်ကုန်စည်များတွင် ထည့်သွင်းဖော်ပြပေးရန်နှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာခရိုင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် သိန်းမင်းစားသောက်ကုန် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည်  “သိန်းမင်း” စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသော စားသောက်ကုန်လုပ်ငန်းရှင်နှင့်   ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ “သိန်းမင်း” စားသောက်ကုန်လုပ်ငန်းတွင် ငရုတ်ပွအရောင်တင်မှုန့်၊ ငရုတ်ကြော်မှုန့်၊ နနွင်းမှုန့်ထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်းနှင့်အခြားမြို့များသို့  ဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ ၊ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းနှင့်  ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်များအတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေဖော်ပြရန်နှင့် တိကျမှန်ကန် စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို  အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်လျှောက်ထားခြင်း နှင့်ပတ်သက်၍ ဌာနသို့စိစစ် ဆောင်ရွက်ပေးပါရန်တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသည့် စားသုံးဆီ (ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  ၂၀၂၄ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ အမှတ် တံဆိပ်ပါ ဘူးဆီများတွင် FDA ထောက်ခံချက်နှင့် မြန်မာဘာသာ ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    အဆိုပါ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် Lotus  နှင့် Meizan ဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်း အမှတ်အသား ကိုက်ညီမှုရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအား ပြည့်စုံမှုမရှိသော ကုန်စည်များ၊ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုမရှိသဖြင့် မရောင်းချရန် အသိပညာပေး‌ဆောင်ရွက်ခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ အတိုင်း သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် ဖြူစင်သန့် ဆန်စက် လည်ပတ်မှု အခြေအနေ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်လမ်းမပေါ်ရှိ ဖြူစင်သန့်ဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၅) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ gasifirer သုံးစနစ်ကို စစ်ဆေးခြင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

      ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဖြူစင်သန့်ဆန်စက်သို့  သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ Gasifier သုံးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများစသည်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆန်စက်မှ ကြိတ်ခွဲ ထွက်ရှိလာသော ဆန်များကို ထုပ်ပိုးရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်စေရေး၊  ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့်  လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မိတ္ထီလာခရိုင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် စားသောက်ကုန် ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည်  “သစ္စာ” စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်နေသော စားသောက်ကုန်လုပ်ငန်းရှင်နှင့်   ၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍  ဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ “သစ္စာ” စားသောက်ကုန်လုပ်ငန်းတွင် လယ်ကိုင်းကြက်ဥမရွေး ၊ ထောပတ်မရွေးထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်းနှင့်အခြားမြို့များသို့  ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ တာဝန်ခံမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ ၊ လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းနှင့်  ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်များအတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာ (သို့) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေဖော်ပြရန်နှင့် တိကျမှန်ကန်စွာ ဖော်ပြခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်များအကြောင်းကို  အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဌာနသို့စိစစ် ဆောင်ရွက်ပေးပါရန်တင်ပြလာမှု အပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

ပန်းတနော် ဆန်ဆိုင်ကြီးများအား သတ်မှတ်ချက်များအတိုင်းရောင်းချမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း

   (၈-၄-၂၀၂၅ ) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေ ရေးအတွက် ပန်းတနော်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်ကြီး (၅)ဆိုင်အား  စစ်ဆေးဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေးချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများရှိ/ မရှိနှင့် ဆန် သိုလှောင်မှုအခြေအနေ လက်ကျန်ဆန်အိတ် များရှိ/ မရှိ  စစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ မှတ်ပုံတင်ထားရှိမှု အခြေအနေနှင့် သတ်တမ်းတိုးထားရှိမှု အခြေအနေများ၊  လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီ ဆန်စက်သိုလှောင်ရုံ ဆန်ပြည်ပတင်ပို့နိုင်မှု အခြေအနေနှင့် သိုလှောင်ရုံ ဆန်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး

     ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ  UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) သိုလှောင်ထားသောဆန်/ ဆန်ကွဲ အခြေအနေများ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေများ မြေပြင်သိုလှောင်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အဖွဲ့စုံဖြင့် ၈-၄-၂၀၂၅ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိမီဇင် ဒု-ဦးစီးမှူး လိုက်ပါပူးပေါင်း စစ်ဆေးခဲ့ပြီး UAPPT ဆန်စက်တာရှိရှိသူနှင့်အတူ သိုလှောင်ရုံအခြေအနေများကို ကြည်ရှု စစ်ဆေးပြီး ဆန်/ ဆန်ကွဲသိုလှောင်ထား ရှိမှုမြေပြင်အမှန်တကယ်အခြေအနေများ၊ ပိုကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ သိုလှောင်ရုံ ရထုတ်ကျန်၊ ကုန်ကိုက်ညီမှု ရှိ/မရှိကို ကြည့်ရှုခြင်း၊ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက်အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင် ဆောင်ရွက်ထားရှိမှု၊ ဆန်စက်မှကြိတ်ခွဲပြီး ဆန်များကို ပြည်တွင်းဈေးကွက်ရောင်းချခြင်းရှိပါက အွန်းလိုင်းရောင်းချမှုလုပ်ငန်းနှင့်ပတ်သက်၍ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်မှုအခြေအနေများအကြောင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ မြို့ပတ်လမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၄.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင် လပွတ္တာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ မြို့ပတ်လမ်းရှိပြည်သူများအား စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံး သူရေးရာဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေး ရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံး သူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး  ထိုဟောပြောပွဲသို့ ပြည်သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA (ဧရာဝတီ)                                               

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၉.၄.၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ် တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ပွဲပြု လုပ်ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား   မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင် များအားလက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဘိလပ်မြေ ဈေးနှုန်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချနေကြောင်း ကြားသိရသဖြင့် လုပ်ငန်းရှင်များ အနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချကြရန် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး ၊ လက်ကျန် အခြေအနေနှင့် ကုန်ပစ္စည်း ဝင်ရောက်မှုများအား မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်း ချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၈)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ