သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Rangoonhomeappliances အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၁၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် Rangoonhomeappliances အမည်ဖြင့် စားသောက် ကုန်လုပ်ငန်းတည်ရှိရာ အမှတ်(၃)၊ ပြည်လမ်း၊ ဆပ်သွားတောကျေးရွာ၊ မှော်ဘီ မြို့နယ် သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်ဖြစ်သည့် ဦးမြင့်ကျော်ကို ဆွေးနွေးရာ e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက် များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ အွန်လိုင်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့်လူသုံးကုန်(အစားအသောက်)လုပ်ငန်းဖြစ်သည့်အတွက်စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွား ရေးလုပ်ငန်းရှင်၏တာဝန်များ အတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)     

Wise Chinese အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

                   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်နီလာ ဝင်း၊ နှင့်ဝန်ထမ်းများသည် အမှတ်(စီ-၁၇၀)၊ မြို့ပတ်လမ်း၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန် မြို့နယ်ရှိ Wise Chinese Online လုပ်ငန်းသို့ (၁၅.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့်အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကိုအရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားသည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)     

                                       

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ SPA DESIGN & PROJECT SERVICES LIMITED လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း (၁၇) ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)                                             

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦးတို့သည် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ YL SERVICES (MYANMAR)COMPANY LIMITED လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက် (၁၈) ချက်နှင့် ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ် ရရှိသူ၏တာဝန် များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃) ဦး တို့သည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် YL DEVELOPMENT (STAR CITY) COMPANY LIMITED လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့်အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိ ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

  DOCA(ရန်ကုန်)

YOMA DEVELOPMENT GROUP LIMITED လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

            (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက် (၉:၅၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATE ရှိ YOMA DEVELOPMENT GROUP LIMITED လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက YOMA DEVELOPMENT GROUP LIMITED ပိုင်ရှင် ဒေါ်သင်းသန္တာဆွေနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ တင်ပြထား သည့်လုပ်ငန်း တည်ရှိရာ လိပ်စာတွင် ရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့ နံနက်(၉:၄၀)အချိန်တွင် F.M.I GARDEN DEVELOPMENT LIMITED အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် THE CAMPUS, 1, OFFICE PARK, RAIN TREE DRIVE, PUN HLAING ESTATEရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက် များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံနှင့် ဆေးပစ္စည်းအရောင်းဆိုင် များအားကွင်းဆင်းခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊  ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်   ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်  ၊ ဒီဇင်ဘာလ ၊ ၉ ရက်နေ့ နံနက်(၉.၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိပုဂ္ဂလိက ဆေးရုံများနှင့် ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံ တင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိစသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံ ယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိ ပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး၊ ပုဂ္ဂလိကဆေးရုံ (၂)ရုံနှင့် ဆေးအရောင်းဆိုင်(၃)ဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်တွင် Infinity Store Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးစီးအရာရှိ ဒေါ်မြို့ရီ၊ ဒု-ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဈေးအရှေ့ပြင်ရှိ Infinity Store Online Sale  ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာရမည့်ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

“ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းအခြေအနေ စာရင်းကောက်ယူ”

            အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ဒီဇင် ဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင်ကော့မှူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်နီလာဝင်းနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဒေါ်မူ၊ ဦးချမ်းသာကြီး၊ မိဘရိပ်၊ ဒေါ်လုံးလုံး ဆန်ဆိုင်များ၊ ဦးတင့်ဆွေ ဦး၊ ဦးသန့်ဇင်ဝင်း၊ ဒေါ်ချောစုလှိုင်၊ ဦးဌေးလှိုင်၊ ဒေါ်ချိုချိုမြင့် ကုန်ခြောက်ဆိုင်များ၊ ဦးခင်မောင် ဝင်း ဝက်သားဆိုင်၊ ဦးကုလားဆိုင် အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်နှင့် ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သား၊ ဘဲသားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည် ရေချိုရေငံ၊ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက်ဆိုင်နှင့် ဒေါ်စုကြည်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥလက်လီလက်ကားဆိုင်၊ ဒေါ်စိန်မမ၊ ဦးဖိုးထောင်၊ ဦးကျောက်ခဲ အသီးအရွက်ကုန်စိမ်းအရောင်းဆိုင်တို့တွင် ဒီဇင်ဘာလဆန်းနှင့် ဒီဇင်ဘာလလယ်ပိုင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းတို့မှာ သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာသည်ကို မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ