HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝကြီးရပ်ကွက် မုန့်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၁၉-၄-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်က  အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်ရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးလေးလွင်က မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Sugar Puff သကြားအထပ်လွှာမုန့်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနကထုတ်ပြန်ထားသော   ဥပဒေညွှန်ကြားချက်များအား   လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း ဌာနကဈေးကွက်အတွင်း စဉ်ဆက်မပြတ်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှုမရှိလျှင် ထုတ်ပြန်ထားသောဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ရွှေရောင်လင်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရစေမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် မိတ်ဖက်ဌာနဆိုင်ရာများသည် (၁၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်ရှိ ရွှေရောင်လင်းဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်း၍ လေ့လာစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးက ဆန်/စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်ဆန်များကြိတ်ခွဲတင်ပို့နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆွေးနွေးခဲ့ကြပြီး အသေးစား၊ အလတ်စား ဆန်စက်ကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်မှုအခြေအနေများ၊ စပါးရောင်းဝယ်မှုအနေဖြင့် မိုးစပါးကွင်းဈေး၊ စက်အရောက်ဝယ်ယူဈေးနှုန်းများ၊ လက်ရှိ ပေါ်ဆန်းဆန်လတ်စတစ်အိတ်ဈေးနှုန်းအနေဖြင့် ၆၇၅၀၀/-ကျပ်၊ ထိပ်စ ပေါ်ဆန်းတစ်အိတ်လျှင် ၆၈၅၀၀/-ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ မနောသုခ စပါး (၅၀) ပေါင် ကွင်းဈေးအနေဖြင့် ၁၅၆၀၀/-ကျပ်၊ စက်အရောက်ဈေး ၁၅၈၀၀/-ကျပ်၊ နှံကားစပါး (၅၀) ပေါင် ကွင်းဈေးအနေဖြင့် ၁၃၄၀၀/-ကျပ်၊ စက်အရောက်ဈေးနှုန်းမှာ ၁၃၆၀၀/-ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း သိရပါသည်။ ယခင်လ (၇-၃-၂၀၂၃) ရက်နေ့၌ စပါးဈေး မနောသုခာ (၅၀) ပေါင်ကွင်းဈေးမှာ ၁၅၂၀၀/-ကျပ်ဖြစ်၍ (၁)လအတွင်း (၆၀၀/-)ကျပ်သာ အနည်းငယ်မြင့်တက်ပါကြောင်း၊ (၇-၃-၂၀၂၃) ရက်နေ့၌ နှံကားစပါးကွင်းဈေးအနေဖြင့် (၁၃၀၀၀/-) ကျပ်ဖြစ်၍ တစ်လအတွင်း (၄၀၀/-) ကျပ်အနည်းငယ်မြင့်တက်ပါကြောင်း သိရပါသည်။ ဆန်စက်ပိုင်ရှင်အား ဆန်စက်အဆင့်မြှင့်တင်နိုင်မှုအခြေအနေ၊ ဆန်စပါးကြိတ်ခွဲစက်အမျိုးအစားသုံးစွဲမှုအခြေအနေ၊ အခြောက်ခံစက်သုံးစွဲမှုအခြေအနေနှင့် လက်ရှိ ဆန်/စပါးဈေးကွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

သရက်ခရိုင်၊ ကံမမြို့တွင် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ (Talk Show) ဆောင်ရွက်ခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိ ဈေးကွက်များအတွင်းရောင်းချဖြန့်ဖြူးလျက်ရှိသောကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၁၉-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်ရုံးမှ ဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ၊ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကံမမြို့၊ ရပ်ကွက်(၄)ရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သောအစားအသောက် (၄)မျိုးအား ဈေးကွက်အတွင်းရောင်းနေမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းက စားသုံးရန်မသင့်သောအစားအသောက်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး ကုန်စုံဆိုင်ပိုင်ရှင်များအား ပြောကြားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသောကုန်စည်များသာ တင်သွင်းရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက် (၂/၂၀၁၉)ပါ ကုန်စည်အုပ်စု(၈)အုပ်စုတွင် ပါဝင်ရမည့်အချက်များ၊ ပါဝင်သောကုန်စည်များရောင်းချရန် အသိပညာပေးဆွေးနွေးခြင်း၊ ပါဝင်သောဝန်ထမ်းများနှင့် မိတ်ဖက်အဖွဲ့များက သက်တမ်းလွန်ပစ္စည်းများမရောင်းချစေရေး ဆွေးနွေးပြောကြားခဲ့ပါသည်။

       ဆက်လက်၍ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများနှင့် ယခုဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းဆောင်ရွက်ချက်များအား သိရှိစေရန် အသိပညာပေး (Talk Show) ဖြင့် ဟောပြောဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

 

         

မိတ္ထီလာမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဦးစန်းအောင် (စစ်ဆေးရေးအရာရှိ) သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်များ စျေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ အချိန်အတွယ်၊ လီတာ၊ ဂါလံများပြည့်မီမှုရှိ/မရှိနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး မိတ္ထီလာမြို့နယ်အတွင်းရောင်းချနေသော စက်သုံးဆီဆိုင် (၁၀) ဆိုင်အား (၁၂-၄-၂၀၂၃) ရက်နေ့တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှုရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာတင်သွင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိအခြေအနေများအား  ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ်သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီကသတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချမှုရှိပြီး၊ အချိန်အတွယ်၊ လီတာ၊ ဂါလံများပြည့်ဝမှုရှိ/မရှိကို (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုများရှိပါက ဌာနသို့အကြောင်းကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

“သာစည်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့၊  နံနက် (၁၀း၀၀) နာရီအချိန်တွင် သာစည်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျက်ရှိသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြ ပါသည်။  

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှတ် (၄) ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉၊ အခန်း(၉)ပါ ပြဋ္ဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း (၂၄) ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ပုဒ်မ (၄၁)၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ဌာနကစျေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြဆောင်ရွက်မှုရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို နေ့စဉ် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ၏ တည်ဆဲဥပဒေနှင့်ညီညွတ်သောကုန်ပစ္စည်းများကိုသာ ရောင်းချစေရေးတို့အတွက်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးမှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း”

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ရန်ကုန်-မန္တလေးလမ်း၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာ၌ “HHS” သောက်ရေသန့်လုပ်ငန်းတွင် ထုတ်လုပ်ဖြန်ဖြူးရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန်၂၀၂၃ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    အဆိုပါတွေ့ဆုံမှုအရ ““HHS” သောက်ရေသန့်လုပ်ငန်းတွင် သောက်ရေသန့်  (၂၀) လီတာနှင့် သောက်ရေသန့်  (၁) လီတာဘူးများ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက အစားအသောက်အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ(၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ပါဆံကျကျေးရွာ(နားပါခါး)ရှိ ဘုရားကျောင်းအတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ရွာသူ/ရွာသား (၁၂၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

       ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးသန်းထွန်းအောင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်၍ ရွာသူ/ရွာသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့်အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့်ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသောအစားအစာနှင့် ထောက်ခံချက်မရှိသောအစားအစာများကို ပုံများနှင့်တကွ ဟောပြောရှင်းလင်းပြသခဲ့ပါသည်။

DOCA(ရှမ်း)

 

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု (Expression of Interest-EOI) အဆိုပြုလွှာတင်ပြရန် ဖိတ်ခေါ်ခြင်း

          တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံ ချုပ်ဆိုထားသော အပင်ကျန်းမာ‌ရေး လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် ‌ဖြစ်ပါသည်။

          ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားလိုသည့်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း ရယူပြီး (၁) Hard Copy (၂) Soft Copy (Word File) များဖြင့် (၁၉.၅.၂၀၂၃)  ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

ဆက်သွယ်ရန်လိပ်စာ

၁။      စိုက်ပျိုးရေးဦးစီးဌာန 

သီးနှံကာကွယ်ရေးဌာနခွဲ

ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း

အင်းစိန်၊ ရန်ကုန်

Ph- 01-644214

Email: directorppddoa@gmail.com

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး

၂။       တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေးနည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့

(Technical Working Group)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး(UMFCCI ၉လွှာ)

မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်

01-218266~68 ၊ 01-2301128~29

Email: admin@mrf.com.mm

လျှောက်လွှာရယူရန်

လျှောက်လွှာများအား အောက်ပါ (EOI Application Form.pdf)ဖိုင်၊ https://www.doa.gov.mm , https://ppd.doa.gov.mm နှင့် www.umfcci.com.mm တို့တွင် (Download) ရယူလျှောက်ထားနိုင်ပါသည်။

ကျွန်းလှမြို့”ပေါ်ဦး “သောက်ရေသန့်စက်ရုံ လုပ်ငန်းရှင်နှင့်စက်ရုံရှိအလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် (၃.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီ အချိန်တွင်  ထုတ်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များ နှင့် စက်ရုံအတွင်းရှိ အလုပ် သမားများအား ကျွန်းလှမြို့ပေါ်ရှိ ပေါ်ဦး သောက်ရေသန့်စက်ရုံ သို့ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဦးအောင်မျိုးသန့် ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒုတိယ ဦးစီးမှူး ဦးမင်းကျော့မောင် တို့နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး)ဒေါ်ဝေဝေအောင်တို့သည် လုပ်ငန်းရှင်နှင့် စက်ရုံရှိအလုပ်သမားများအား တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ရေး အသိပညာ ပေးဟောပြောပွဲကျင်းပခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောရာတွင် “ပေါ်ဦး” သောက်ရေသန့် လုပ်ငန်းရှင်အား စားသုံးသူအကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် လိုက်နာရမည့်အချက်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြသော  ကုန်ပစ္စည်းများကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် ၊ ကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ဌာန၏ အတည်ပြုချက် ရယူနိုင်ရေးဆောင်ရွက်ကြရန် နှင့်  အလုပ်သမားများအား စားသုံးသူဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ပါကြောင်း ၊ ဌာန၏ Website ၊ Facebook Page၊ DOCA Myanmar (Mobile App)၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် စားသုံးသူတိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) နှင့် Call Center No. 1535 တို့မှတဆင့် ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။

           အသိပညာပေးဟောပြောပွဲသို့ စက်ရုံပိုင်ရှင်နှင့် စက်ရုံ အလုပ်သမား(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)       

စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များတွင် ရောင်းချနေသောစားသောက်ကုန်ပစ္စည်းများအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူစားသုံးနိုင်ရေး ကုန်ပစ္စည်းများပေါ်၌ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာဖော်ပြ ထားသောကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ဈေးကွက်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)က ဈေးဆိုင်ပိုင်ရှင်များအား ရောင်းချနေသောကုန်စည်များသည် ဝယ်ယူစားသုံးသောမိဘပြည်သူများအား ဘေးဥပါဒ်မဖြစ်စေရေးအတွက် မိမိတို့နိုင်ငံမှ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြထားသောကုန်စည်များကို ဦးစားပေးရောင်းချရန်လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ပါ စားသုံးသူကာကွယ်ရေးဥပဒေအရ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရန်လိုအပ်ပြီး မြန်မာဘာသာ (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖော်ပြရမည်ဖြစ်သည့်အတွက် ရောင်းချသည့်ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေးပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - HighLight News