HighLight News

Powered by Drupal

“လယ်ယာထွက်ကုန်သီးနှံဆိုင်ရာ တွက်ချက်မှုအခြေခံအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေး

    (၂၇-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် “လယ်ယာထွက်ကုန်သီးနှံဆိုင်ရာတွက်ချက်မှုအခြေခံအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကျင်းပဆောင်ရွက်ခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည် နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးမြင့်စိုးက လယ်ယာထွက်ကုန်သီးနှံဆိုင်ရာတွက်ချက်မှုအခြေခံအကြောင်း ဆွေးနွေးရာတွင် တင်းမှ ပိဿာတွက်နည်း၊တင်းမှ ပြည်တွက်နည်း၊ ပေါင်မှ ပိဿာတွက်နည်း၊ ပေါင်မှ တန်တွက်နည်း၊ ပိဿာမှ တန်တွက်နည်း၊ စားသုံးပိုလျှံတွက်နည်း၊ မျိုးတစ်ဧက၏ကုန်ကျစရိတ်တွက်နည်း၊  သီးနှံအထွက်နှုန်း၏အလေအလွင့်များတွက်နည်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ခြင်း၊ တက်ရောက်လာသည့်ဝန်ထမ်းများနှင့်   အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြခြင်းတို့ဆောင်ရွက်ကာ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် Thursday Talk ဆွေးနွေးခြင်းအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းနှင့် Thursday Talk အသိပညာပေးဆွေးနွေးခြင်းဖြင့် ဝန်ထမ်းများသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများတိုးပွားပြီး ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေပါကြောင်း သိရှိရပါသည်။

DOCA(ကယား)

ထားဝယ်မြို့၊ သပြေချောင်းစျေးရှိ စားသောက်ကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

     (၂၇-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ သပြေချောင်းစျေးအတွင်းရှိ စားသောက်ကုန်ပစ္စည်းအမျိုမျိုးအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

  အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာရောင်းချကြရန်နှင့် သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန်တို့အတွက် စစ်ဆေးကာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခဲ့

    (၂၆-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ် (၃)၊ မြဉ္စူလမ်း(ပါရမီ)ရှိ “Lemon Baby Products” လုပ်ငန်းအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)ကဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်/ပင်(ကျန်းမာ‌ရေး)၊ စားသုံးသူရေးရာဦးစီးဌာန(အရှေ့ပိုင်းခရိုင်)တို့ပူးပေါင်း၍ ကလေးအာဟာရဖြည့်စွက်အစာများကို Online တွင် ဈေးကွက်တင်ရောင်းချနေခြင်းရှိ/မရှိကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်၏ ဈေးကွက်စုံစမ်းခြင်း

   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကားရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

   ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၄-၂၀၂၃) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းများကိုစုံစမ်းခြင်းပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

    ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ပိဿာလျှင် (၁၆၀၀၀/၁၇၀၀၀)ကျပ်၊ အသားတိုးကြက် ၁ပိဿာလျှင် (၆၄၀၀/၆၅၀၀) ကျပ်၊ မွေးမြူရေးကြက် (ထီး/မ) ၁ပိဿာလျှင် (၈၅၀၀/၁၀၀၀၀) ကျပ်၊ ဘဲ ၁ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ‌ရောင်းချလျက်ရှိကြောင်းနှင့် တစ်ရက်လျှင် ကုန်ချိန် (၆၄၆၀၀၀) ပိဿာခန့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

         

 

စားအုန်းဆီဈေးကားများရောင်းချနေမှုအား ကြပ်မတ်ဆောင်ရွက်

    စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ (၁၀-၄-၂၀၂၃) ရက်နေ့မှ (၂၃-၄-၂၀၂၃) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး၊ လက်ကားဈေးနှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင်  ၄၇၉၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

   အဆိုပါရန်ကုန်အထိုင်ဈေး၏ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူကုန်ကျစရိတ်များပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချခြင်းနှင့် ဈေးနှုန်းအဆမတန်ရောင်းချနေမှုများရှိ/မရှိ၊ အလေးအချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၉-၄-၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လွတ်လပ်ရေးလမ်းနှင့် ဘောဂလမ်းထောင့်၊ (ဂ) ရပ်ကွက်၌ Zabu Kan Tun Trading Co.,Ltd က စားသုံးသူပြည်သူများကို တန်းစီစနစ်အားကျင့်သုံး၍ တစ်ဦးလျှင် တစ်ပိဿာ (၅၀၀ဝိ/-) ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားသုံးဆီများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြန့်ဖြူးသယ်ယူရောင်းချနိုင်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်သည်(၁၉-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ “Htoo” စားအုန်းဆီကန်များသို့သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ယင်းသို့ စစ်ဆေးရာတွင် မဟာသင်္ကြန်ကာလအပြီး ဈေးကွက်အတွင်းဖြန့်ဖြူးမည့် စားသုံးဆီထည့်သွင်းသည့်ပေပါများပေါ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကခွင့်ပြုပေးထားသည့် သက်ဆိုင်ရာကုမ္ပဏီ၏ ကုန်အမှတ်တံဆိပ် (Logo) ပါ Cap Seal များချိတ်ပိတ်ထားခြင်း ရှိ/မရှိ၊ သန့်စင်သောပေပါ (Food Grade Clean Drum) များဖြင့်လည်းကောင်း၊ Food Grade Bowser Truck  ဖြင့်လည်း‌ကောင်း၊ ဆီလုပ်ငန်းရှင်များကလည်း ဆီလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့်အဝါရောင်ပေပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီးသောအဝါရောင်ပေပါများဖြင့် သယ်ယူ/ထုတ်ပေးနေခြင်းအခြေအနေနှင့် (၁၀-၄-၂၀၂၃) ရက်နေ့မှ (၂၃-၄-၂၀၂၃) ရက်နေ့ထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ ၁ပိဿာလျှင် ၄၇၉ဝိ/-ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းထုတ်ပေးမှုအခြေအနေတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုံရွှေပြည်ဈေး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃ဝ) နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံရွှေပြည်ဈေး၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့ (၁၈) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)၊ ပုဒ်မ ၄၁အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရမည့်အချက်(၈)ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသား ဖော်ပြပေးရမည်ဖြစ်ကြောင်းနှင့် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

မဟာမြိုင်ဈေး၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅-၄-၂၀၂၃)  ရက်နေ့၊ နံနက် (၀၉:ဝဝ) နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဟာမြိုင်ဈေး၌ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင်ပါရှိသည့် “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့ (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)၊ ပုဒ်မ ၄၁အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါရှိရမည့်အချက်(၈)ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပေးရမည်ဖြစ်ကြောင်းနှင့် တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားပါက ထိုသူကို နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မရမ်းကုန်းကျေးရွာ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံး၌ (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ မရမ်းကုန်ကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကို ပြည်သူများသည် မိမိတို့၏အခွင့်အရေးများကိုသိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ပညာပေးဟောပြောဆွေးနွေးမှုတွင် ပန်းတနော်မြို့နယ်ဦးစီးမှူး ဦးပိုးဖြူပိုင်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်၊ မရမ်းကုန်းကျေးရွာရှိ ပြည်သူ(၁၀)ဦးအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ အကြောင်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းကိုရှင်းလင်းပြီး စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၄)၊ အခန်း(၆)၊ အခန်း(၉)၊ အခန်း(၁၀)၊ အခန်း(၁၁၊ ၁၂)၊ အခန်း(၁၈)နှင့် အခန်း(၁၉)ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသောပြည်သူများကသိရှိလိုသည်များကိုမေးမြန်းခဲ့ကြပြီး ဟောပြောပွဲသို့ ပြည်သူ(၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရစေမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် (၂၁-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွာရှိ ဦးအောင်ရွှေ၏ ဧရာဝတီဆန်စက်သို့သွားရောက်၍ ဈေးကွက်မရောက်မီကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်က ဧရာဝတီဆန်စက်ပိုင်ရှင် ဦးအောင်ရွှေအားတွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းစဉ်များအကြောင်းကိုမေးမြန်းခဲ့ပြီး ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့မှုအခြေအနေ၊ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ လက်ကျန်စပါးနှင့် စီးဝင်စီးထွက်မှုအခြေအနေများ၊ ဆန်စက်မှထွက်ရှိလာသောဆန်များကို စနစ်တကျ အလေးချိန်မှန်ကန်ပြည်ဝစွာဖြင့် ထုတ်ပိုးမှု၊ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်စေရး၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးပြီး ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အလေးပေးဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - HighLight News