HighLight News

Powered by Drupal

သောက်ရေသန့်စက်ရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

     ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာနတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကျောက်တော်မြို့ပေါ်ရှိ ရေသန့်ထုတ်လုပ်သောစက်ရုံ(၅)ရုံသို့သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသောကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြစေရန်ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှမောင်(ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပြဋ္ဌာန်းချက်အရ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉အရ ကုန်စည်အုပ်စု(၈)မျိုး၏ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ သိရှိစေရေး ရှင်းလင်းပြောကြားပြီး သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ခြင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာအစိုးရဌာနများ၏ထောက်ခံချက်များရယူရန်လိုအပ်ကြောင်း၊ စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အလုပ်သမားများ၏တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး၊ သောက်ရေသန့်ဘူးများသန့်ရှင်းမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံးစေရေးအတွက် ဘားအံမြို့ပေါ်ရှိ “စိန်”ဆီစက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးဦးဆောင်၍ ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆီနှင့်ဆီထွက်သီးနှံပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ “စိန်မိသားစု” မြေပဲဆီနှင့်နှမ်းဆီထုတ်လုပ်ရေးဆီစက်သို့ (၈-၅-၂၀၂၃) ရက်နေ့၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် ကုန်ကြမ်းရရှိမှုအခြေအနေများ၊  ကုန်ကြမ်းနှင့်ထုပ်ပိုးပစ္စည်းများဝယ်ယူစုဆောင်းမှုအခြေအနေများကို သွားရောက်အားပေးကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

  ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးက ကရင်ပြည်နယ်အတွင်း ဆီနှင့်ဆီထွက်သီးနှံများစားသုံးပိုလျှံမှုအခြေအနေ၊ ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်းထွက်ရှိမှုအခြေအနေကိုလည်းကောင်း၊ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိုးသူနှင့် ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်းက ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်း အသင်းဖွဲ့စည်းမျဉ်းရေးဆွဲဆောင်ရွက်မှုအခြေအနေနှင့် ကရင်ပြည်နယ်အတွင်းရှိ ဆီစက်များ၏ ဆီကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး စိန်မိသားစုဆီစက်ပိုင်ရှင် ဦးဝေလင်းအောင်က  ဆီထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းရရှိမှုနှင့် ဈေးကွက်အလားအလာတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

      ကရင်ပြည်နယ်ဦးစီးမှူးက ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဆီနှင့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်နှင့်  Supply Chain တစ်ခုလုံးတွင်ပါဝင်သည့် စိုက်ပျိုးတောင်သူ၊ ကုန်သည်နှင့်စက်ပိုင်ရှင်များ၏ လိုအပ်သည့်အရင်း အနှီး၊ နည်းပညာအထောက်အကူများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့်အခြေအနေနှင့် နိုင်ငံတော်ကပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများကို ရှင်လင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ကယား)

တောင်ငူခရိုင်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ (၄-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာများ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းချက်များ၊ ဦးစီးဌာနမှ မြို့နယ်များတွင် စစ်ဆေးရေးအရာရှိများခန့်အပ်၍ ဈေးကွက်မရောက်မီကုန်စည်များနှင့် ဈေးကွက်အတွင်းရှိ ကုန်စည်များအား စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများကို အသိပညာပေးပြောကြားပါသည်။

       ထို့အတူ ယင်းနေ့နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ ဇေယျဝတီသောက်ရေသန့်စက်ရုံသို့သွားရောက်၍ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲတွင် ဖြူးမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ဦးစားပေးဖတ်ရှုသင့်သည့် ကုန်အညွှန်းအမှတ်အသားများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားပါသည်။

       ဟောပြောပွဲသို့ စက်ရုံပိုင်ရှင်နှင့် အလုပ်သမား ၁၀ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် စက်ရုံအတွင်း သောက်ရေသန့်ထုတ်လုပ်ပုံများကိုကြည့်ရှုပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် စက်ရုံပိုင်ရှင်နှင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ “ရွှေပြည်စိုး”မုန့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ၊ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစောမင်းသူဦးဆောင်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် (၂-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်ရှိ “ရွှေပြည်စိုး”မုန့်မျိုးစုံလုပ်ငန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာကြည့်ရှုခဲ့ပါသည်။

     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲများရှိသည်ကိုသိလို၍ လာရောက်လေ့လာကြည့်ရှုခြင်းဖြစ်ကြောင်းပြောကြားပြီး သိရှိလိုသည်များကို‌မေးမြန်းရာ လုပ်ငန်းရှင် ဦးထင်ကျော်ဝင်းက ထုတ်လုပ်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသပါသည်။

      လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ ပုဒ်မ ၄၁တွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန်ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၄၃တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ လုပ်ငန်းရှင်များက မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ပါ ထုတ်ပြန်ထားခြင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

"လှလှဆန်း"ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် (၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နောင်စွန်းရပ်ကွက်ရှိ လှလှဆန်းကုန်စုံဆိုင်အား  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Oishi Corn Puffs အမှတ်တံဆိပ်ပါ ပြောင်းဖူးအရသာအသင့်စားမုန့်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားကုန်စည်များကိုရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသောကုန်စည်များကိုမရောင်းချရန် အသိပညာပေးဆွေးနွေးကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်းဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ "အငယ်လေး"ကုန်စုံဆိုင်မှ စားသောက်ကုန်များဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများသည် ဘေးအန္တရာယ်ကင်းရှင်းသည့်စာသောက်ကုန်များဝယ်ယူသုံးစွဲနိုင်ရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်သတ်မှတ်ချက်များကို မဖြစ်မနေရေးသားဖော်ပြရမည်ဖြစ်ပြီး စားသုံးသူများအနေဖြင့် လွယ်ကူစွာကြိုတင်သိရှိစေနိုင်ရန် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကိုရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိ/မရှိတို့အား စိစစ်ပြီးမှ ဈေးကွက်အတွင်းသို့ ရောင်းချရန်ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်အေးဘုရားတွင်ကျင်းပသော ပဲဆွမ်းလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးပွဲကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးက ပါဝင်ဆင်နွှဲ

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့၊ (၃--၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊  ရွှေယဉ်မျှော်ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲနှင့် စတုဒီသာအလှူတော်မင်္ဂလာပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေယဉ်မျှော်ပြည်တော်၊ အေးစေတီတော်ရှိ ပရိဘောဂစေတီထိုက်သည့်မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများက ငွေကျပ် (၂၄၂၆၅၀၀၀) တန်ဖိုးရှိသောပဲမျိုးစုံ (၅၃၉၈) ပြည်အား ဘားအံမြို့ပေါ်ရှိ ကျောင်း တိုက်ပေါင်း (၅၄) ကျောင်းနှင့် သီလရှင်ကျောင်း (၁၄) ကျောင်းတို့မှ ရဟန်းသီလရှင် (၂၆၁၃) ပါးတို့အား စုပေါင်းလောင်းလှူခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၃) ကြိမ်မြောက်ကဆုန်လပြည့်နေ့၊ ပဲဆွမ်းလောင်းလှူပွဲအား အာရုံခံတန်ဆောင်းအတွင်း ကျင်းပခဲ့ပြီး ဘားအံမြို့၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းတွင်လည်း စုပေါင်းစတုဒီသာအလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့နှင့် တွေ့ဆုံတွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ပြည်တွင်းဌာနခွဲတာဝန်ခံ ဦးမျိုးဝင်းနိူင် (ဦးစီးအရာရှိ)သည် (၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌  ကရင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်တွေ့ဆုံ၍ ဆန်ဖြန့်ဖြူးရောင်းချနိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

       ထိုသို့ဆွေးနွေးရာတွင် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်း အသင်းအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပေါင်းစပ်၍ ကရင်းပြည်နယ်အတွင်း ဆန်များဖြန့် ဖြူးရောင်းချနေမှုအခြေအနေများ၊ ဒေသတွင်းဆန်ဖူလုံပိုလျှံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် အသင်းနှင့်ဌာနတို့ပေါင်းစပ်၍ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ အသင်းအဖွဲ့ များခိုင်မာအားကောင်းလာစေရေးနှင့် အသင်းဖွဲ့စည်းမျဉ်းရေးဆွဲဆောင်ရွက်နေမှုအခြေအနေ ကိုလည်းကောင်း၊ ကရင်ပြည်နယ်ဒေသထွက် ဆန်/စပါးများကို အနီးအနားရှိဒေသများက သိုလှောင် ရန်ရည်ရွယ်၍ အဓိကလာရောက်ဝယ်ယူကြသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်သည့် အထိဖြစ်နေကြောင်းနှင့် ယင်းတို့ကို့ဖြေရှင်းနိုင်ရေးနည်းလမ်းများကို ဆွေး‌နွေးခဲ့ကြောင်းသိရပါသည်။

      ကရင်ပြည်နယ်အတွင်း ဆန်ဖူလုံပိုလျှံစေရေး၊ ဆန်/စပါးနှင့်ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကရင်ပြည်နယ်ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းကို (  ၁-၆-၂၀၂၃  ) ရက်နေ့တွင် အသင်းဖွဲ့ဦးရေ(၂၇)ဦးတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ကရင်ပြည်နယ်ဒေသထွက် စပါးများကို အနီးအနားရှိဒေသများက သိုလှောင်ရန်ရည်ရွယ်၍ အဓိကလာရောက် ဝယ်ယူကြသောကြောင့် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်သည်အထိဖြစ်နေကြောင်း ဆန်ကုန်သည်များနှင့်ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံတော်ကသတ်မှတ်ထားသည် ဈေးနှုန်းနှင့် လက်ရှိမြင့်တက်နေသောဈေးနှုန်း/ဈေးကွက်အခြေအနေ၊ ပြည်ပတို့တင်ပို့မှုအခြေအနေနှင့် လမ်းခရီးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်အတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် (၈-၈-၂၀၂၃) ရက်နေ့၊ ညနေ (၁၆း၀၀) နာရီအချိန်တွင် ဘားအံမြို့၊ ကမ်းနားလမ်းရှိ စိန်ဆီစက်တွင်  ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း ပုဂ္ဂလိကကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် MSME လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ဌာနကဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုလည်းကောင်း၊ MSME လုပ်ငန်းများအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အခက်အခဲများရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်တွင် MSME (Help Desk Center) ဖွင့်လှစ်ထားရှိမှုနှင့် ကူညီဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောလုပ်ငန်းရှင်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေး နွေးခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားတွင် ကရင်ပြည်နယ်ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း အတွင်းရေးမှူးနှင့် ညီနောင်အသင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များတက်ရောက်ကြပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ (၁၇:၀၀) နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ရှမ်းပြည်နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

   (၅-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်ရေးရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ပါ သည်။

   အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ခြင်း၊ လူငယ်များအသိပညာရရှိစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာအသိပညာပေးကိစ္စရပ်များဟောပြောခြင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ပညာရေးဝန်ကြီးဌာနက လူငယ်နှင့်ကျင့်ဝတ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့်ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

     ဆက်လက်၍ ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမောင်/မယ်များက တိုက်ကွမ်ဒို၊ ဝူရှူးနှင့် မြန်မာ့သိုင်းပညာများကို သရုပ်ပြတင်ဆက်ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးဝင်းက အားကစားဆပ်ကော်မတီအသီးသီးသို့ အားကစားပစ္စည်းများနှင့် ဆုကြေးငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်သူ(၄၂၀)ဦးခန့်ရှိပြီး နေ့လယ်(၁၂:၃၀) နာရီအချိန်ခန့်တွင် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News