HighLight News

Powered by Drupal

‌ချောက်မြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းကျောင်း၌ (၁၉-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

      အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက “အမျိုးသားနေ့ဖြစ်ပေါ်လာပုံ” သမိုင်းကြောင်းနှင့် “ပညာရေး၏အရေးပါပုံ” အကြောင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သော အစားအစာများနှင့် စားသုံးသူအခွင့်အရေး” အကြောင်းများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး  ကျောင်းအတွင်းရှိ ရောင်းချလျက်ရှိသောမုန့်ဆိုင်များအား စားသုံးသူအန္တရာယ် ကင်းရှင်းစေရေး စစ်‌ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကံပြားကျေးရွာ၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး

       မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့်ဝန်ထမ်းသည် (၁၉-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကံပြားကျေးရွာ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း၌ စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့်အရေးများကိုသိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိသောကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူများရရှိမည့်အခွင့်အရေးနှင့် အခွင့်အရေးအတွက် ချိုးဖောက်ခံရလျှင် နစ်နာဆုံးရှုံးမှုများအတွက် မည်သို့ကုစားခွင့်ရရှိမည်အကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

                ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်ရှိ အကယ်ဒမီ(ကိုယ်ပိုင်အထက်တန်းကျောင်း) ရှိကျောင်းသား/သူများနှင့် ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

           အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ စားသုံးသူများ၏အခွင့်အရေးများနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာမှုများရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ call canter သို့တိုက်ရိုက်ခေါ်ဆိုပြ၍နည်းလမ်းပေးခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းဟောပြောခြင်း၊ စားသုံးသူများ၏သိရှိလိုသည်များဖြေကြားပေးခြင်း များဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

               ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း ဝမ်နားခမ်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

                 ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့်ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသောအစားအစာနှင့် ထောက်ခံချက်မရှိသောအစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်အုပ်စု၊ ကတ်တောင်ကျေးရွာအတွင်းရှိ ဆန်စက်များအား ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆန်စက်များတွင် ဒေသထွက်ဧည့်မထဆန်၊ မှော်ဘီ(၃)ဆန်၊ ရွှေရင်အေးဆန်/ စပါးများကိုသာ ကြိတ်ခွဲရောင်းဝယ်မှုပြုကြသည်ကို တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆန်စက်ပိုင်ရှင်များအား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများမပြုကြရန်၊ စပါးတင်း(၅၀၀၀)နှင့်အထက် စပါးသိုလှောင်ရုံ များအား Myroတွင် မှတ်ပုံတင်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာဆောင်ရွက်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

လွိုင်လင်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၃.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

            ဆန်ဆိုင်များမှရောင်းချလျှက်ရှိသောဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မဂျမ်းတောနှင့် မိုးနဲဒေသထွက်ဆန်များကို ရောင်းချလျှက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကိုမေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း) 

“ရွှေချယ်ရီ” သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

             ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည်၊ ကတ်တောင်အုပ်စု၊ ကတ်တောင်ကျေးရွာအတွင်းရှိ “ရွှေချယ်ရီ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့်စက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ရွှေချယ်ရီ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)   

နမ့်စန်မြို့ပေါ်ရှိဆန်အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၁၁.၁၁.၂၀၂၄) ရက်နေ့တွင် နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နမ့်စန်မြို့အတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

             ဆန်ဆိုင်များမှရောင်းချလျှက်ရှိသောဆန်များမှာ ရွှေဘိုပေါ်ဆန်း‌မွှေး၊ မနောသုခနှင့် မိုးနဲ ဒေသထွက်ဆန်များကို ရောင်းချလျှက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ သွားတိုက်ဆေးအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

             ထိုသို့စစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

               ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဦးစီးဌာန စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိအခြေခံစားသောက် ကုန်အရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက၊ မန်ကျည်းသီးမှည့်၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကုလားပဲ၊ အသားနှင့် ဥ အစရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါသည်။ ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ အခြေခံစားသောက်ကုန်ပစ္စည်းများအဝင်နည်းခြင်းနှင့် တိရစ္ဆာန်အစာများဈေးနှုန်းမြင့်တက်ခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းဝယ်မှုပြုကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှီရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News