အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်အတွင်း စားအုန်းဆီရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ စားအုန်းဆီဝယ်ယူ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ (၁၁.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၁၅)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ 

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကားကိုယ်စားလှယ်များမှ တစ်ဆင့်ခွဲတမ်းရရှိသောဆီများအား ရွာမအေနာက်ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့်စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး  ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှု လက်ခံစာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၁) ပိဿာရောင်းချပြီး တစ်လလျှင် ၄ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)