
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များတွင် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးဆီအမျိုးမျိုးတို့အား စစ်ဆေးရန် နိုဝင်ဘာလ(၁၂)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦိးစိုးဝင်းဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်မျိုးစုံဆိုင်တို့တွင် ရောင်းချသော Duck (ဟင်းသီးဟင်းရွက်ဆီအဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီ)၊ LOTUS (ကြာပန်းဆံဆိပ်ဟင်းသီးဟင်းရွက်ဆီစားအုန်းဆီ)၊ Meizan ရာနှုန်းပြည့် သဘာဝမြေပဲဆီစစ်စစ်၊ သူဌေးမင်း စားအုန်းဆီမြေပဲရောနှောဆီတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က လူတိုင်းနေ့စဉ် မရှိမဖြစ်သုံးစွဲရသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိသော စားသုံးဆီများကိုသာ ဝယ်ယူတင်သွင်းရောင်းချကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
