HighLight News

Powered by Drupal

မြိတ်မြို့တွင် Online Sale အကြောင်းသိကောင်းစရာများအကြောင်းကို Talk Show ပြုလုပ်

            မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများသိရှိစေရန်အတွက် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် Online Sale အကြောင်းသိကောင်းစရာများ Talk Show အစီအစဉ်ကို မြိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Center ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ၎င်းTalk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှအဖွင့်စကားပြောကြားခဲ့ပြီးနောက် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအုပ်-ဒေါ်မိမိမာမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အကြောင်း ပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် လုပ်ငန်းမှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ အွန်လိုင်းမှတဆင့် ဈေးဝယ်တော့မယ်ဆိုရင် သိထားသင့်သည့်အကြောင်းအရာများ ၊ စားသုံးသူများ၏နစ် နာမှုနှင့် တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူဗဟုတုတဖြစ်ဖွယ်အသိပညာပေး ဟောပြောခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ၊ Doca Myanmar application ဖြင့်ဖြစ်စေ တိုင်ကြား၍ရနိုင်ကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေး အဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှတက်ရောက်

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု ‌(‌ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်‌ရေးအဖွဲ့၏ (၂/၂၀၂၅) ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင်တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြော ကြားကာ တိုင်းဒေသကြီးအမှတ်(၂)သတ္တုတွင်းဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ ဓာတ်သတ္တု(ရွှေ) ရောင်း ဝယ်ခြင်းလုပ်ငန်းများ၏ မှတ်ပုံတင်လျှောက်ထား‌ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကာ အစည်းအ‌ဝေးအား နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်  ၂၀၂၅ ခုနှစ်  ဖေဖော်ဝါရီလ  (၇)ရက်နေ့၊  မွန်းလွဲ (၁၃:၃၀) အချိန်တွင်  တောင်ကြီးမြို့ ၊ အဝေရာမီးပုံးပျံကွင်း ၌ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ခင်းကျင်းရောင်း ချလျက် ရှိသောဈေးဆိုင်များအား ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရန် အတွက် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် ဈေးဆိုင်များမှရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များ နှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ထိုနောက်စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေအန္တရာယ်ကင်းရှင်းစေရေးကိုအလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်များ၊ ထောက်ခံချက်များ ပြုလုပ်ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

အလှကုန်ပစ္စည်းအမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၁၃.၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော အလှကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေ နိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်းတင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

           ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ်တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်)မှထုတ်ယူခဲ့သော စားအုန်းဆီ(၈၄)ပေပါမှ (၁၄)ပေပါအား ယာဉ်အမှတ် 2M/2996 ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁၄.၁.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်း စာသင်ကျောင်းတွင် အသိပညာပေး‌ဟောပြောခြင်း

            ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လယ်(၀၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းစာသင်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စားကားဝိုင်း အသိပညာပေးဟောပြောပွဲတွင် ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ (ဦးစီး အရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင်တောင်းဆိုနိုင် သည့်အခွင့်အရေး၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လှိုင်သာယာမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၁၀၃)၊ ယောမင်းကြီးအိမ်ရာ၊ ရွှေလင်ဗန်းရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ  အွန်လိုင်းစနစ်ဖြင့် ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများရောင်းချမည့်နေရာသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Online Sale ဆောင်ရွက်ခြင်းအတွက် လိုအပ်သော အချက်အလက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ မြေပြင် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို Online Sale Application တွင် ဖြည့်သွင်း ပေးပို့ခဲ့ပြီး  အဆိုပါ စစ်ဆေးချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေးပြီးပါက Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း(သို့)ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်လျှောက်ထားသည့် ရွှေပြည်သာမြို့နယ်၊ အလှကုန်ပစ္စည်းများရောင်းချမည့်နေရာသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့ သည် ၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ၁(က)၊ ရတနာသိင်္ဂီပတ်လမ်း၊ (၉)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်ရှိ မေမြတ်နိုးအမည်ဖြင့် အလှကုန်ပစ္စည်းများ အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာ ကိုက်ညီမှုများရှိ/မရှိနှင့် အခြား လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေး ခြင်းနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းဆိုင်ရာနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၁၄.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၁၅) နာရီအချိန်တွင် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်‌ လျှောက်ထားသည့် အမှတ်(၁၁၈)၊ ၂၉/၂ ရပ်ကွက်၊ နွယ်သာကီလမ်း၊ ရွှေပြည်သာမြို့နယ်ရှိ အစား အသောက်ဝန်ဆောင်မှုနှင့်ခရီးသွားလာရေးဝန်ဆောင်မှု Let’s Travel Easily Online လုပ်ငန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် လုပ်ငန်းပိုင်ရှင်၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်၊ ရပ်ကွက် ထောက်ခံချက်၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက်၊ လုပ်ငန်း၏ Logoနှင့် မှတ်ပုံတင်ထားသောကုန်စည်၊ ဝန်ဆောင်မှုကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုက်သည့် အချက်အလက် များပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          မှော်ဘီမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအမျိုးအစားတို့အား ဝယ်ယူသုံးစွဲရာတွင် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ရည်ရွယ်၍ (၁၄.၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မမူစိုက်ပျိုးရေးဆေးမျိုးစေ့နှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်သမဝါယဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော အဖွဲ့များသည် မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ မမူစိုက်ပျိုးရေး ဆေးမျိုးစေ့နှင့် ဓါတ်မြေ ဩဇာအရောင်းဆိုင်သို့ ရှောင်တခင်ဝင်ရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များတွင် ပစ္စည်းများပြတ်လပ်မှုမရှိပါကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးနှင့် အညီ ရောင်းချလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News