HighLight News

Powered by Drupal

ရန်ကင်းမြို့နယ်၊ (၁၃) ရပ်ကွက်နှင့် (၁၄) ရပ်ကွက်အား စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၁၉.၁၁.၂၀၅ ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများနှင့်၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စုစားအုန်းဆီရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်နှင့် (၁၄)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၁)စုအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  GD GOOD GOLDEN Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပြည်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အခမ်းအနားကျင်းပ

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား ပြည်တွင်းဌာနခွဲ၏ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအကြောင်းအား အသိပညာ ဗဟုသုတများတိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်လွင်လွင်ဆန်း (ဒုဦးစီးမှူး)က ပြည်တွင်းဌာနခွဲ၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ဘက်မှလည်း စီးပွားရေးကျင့်ဝတ်များနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ  CICC ရုံးခန်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၉.၁၁.၂၀၂၅)နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ ပေါက်နွယ်ခြုံကျေးရွာအုပ်စု၊ ပေါက်နွယ်ခြုံကျေးရွာရှိ တောင်သူနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များထဲမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့်နေရာများ၊ 1535 Call Center များတွင် ဖုန်းခေါ်ဆိုတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၁၉.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ညောင်လေးပင်မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးပေးခြင်း၊ MyRo ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့၊ ကျောက်တံခါးမြို့နယ်သို့ လာရောက်၍ စားအုန်း ဆီလက်လီလက်ကားရောင်းချမှုနှင့် စားသုံးသူလက်ဝယ်ရောက်ရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်း ရှိ/ မရှိ ကိစ္စရပ်များကို ၁၆.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုခရိုင် ဦးစီးမှူးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံတို့မှ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်သို့ လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ကျောက်တံခါးမြို့နယ်တာဝန်ခံတို့နှင့်အတူ ကျောက်တံခါးမြို့ပေါ်ရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက်ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်း ရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာ ရောင်းချပေးရန်နှင့် စားသုံးသူလက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ကျောက်တံခါးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်များအားလုံး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့၊ ဒိုက်ဦးမြို့နယ်သို့ လာရောက်၍ စားအုန်းဆီ လက်လီ/လက်ကား ရောင်းချမှုနှင့် စားသုံးသူလက်ဝယ်ရောက်ရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

               စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်းရှိ/ မရှိ ကိစ္စရပ်များကို ၁၅.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုခရိုင် ဦးစီးမှူးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံတို့မှ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်သို့ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံတို့နှင့်အတူ ဒိုက်ဦးမြို့ပေါ်ရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက် ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည် ညွှန်းဈေး အတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် စား သုံးသူ လက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ဒိုက်ဦးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များအားလုံး သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်မှ ညောင်လေးပင်ခရိုင်သို့ လာရောက်၍ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချမှုနှင့် စားသုံးသူ လက်ဝယ်ရောက်ရှိမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်းရှိ/ မရှိ ကိစ္စရပ်များကို ၁၅.၁၁.၂၀၂၅ ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တောင်ငူခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ပြည်တွင်းဌာနခွဲတာဝန်ခံတို့မှ ညောင်လေးပင်ခရိုင်သို့ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ပေါ်ရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက်ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေး အတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် စားသုံးသူ လက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာတွင် ညောင်လေးပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များအားလုံး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်းအား ပြင်ဆင်ဖြည့်စွက် အကြံ ပြုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက် 

                  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ရေးဆွဲထားသော အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်းအား ပြင်ဆင် ဖြည့်စွက်နိုင်ရန်အတွက် ဆွေးနွေးအကြံပြုပေးပါရန် ရုံးချုပ်မှလမ်းညွှန်မှုအရ ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများနှင့် အလုပ်ရုံဆွေးနွေးပွဲအား Online (Zoom Meeting) ဖြင့် ကျင်းပခဲ့ရာ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

               အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးက အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်း ရေးဆွဲထားပြီးဖြစ်ရာ အတည်ပြုရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများမှ အမျိုးသားစားသုံးသူကာကွယ်ရေး အစီအစဉ် (၂၀၂၆ - ၂၀၃၀) မူကြမ်း၏ အားနည်းချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုပေးကြပါရန် ပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများမှ ဆွေးနွေးအကြံပြုကြရာ တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းပေးပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးများ မှ ဝန်ထမ်းများက Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၁၁.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအား သိုလှောင်ရုံ သက်တမ်းတိုးပေးခြင်း၊ My Ro ရှိ သိုလှောင်ရုံ လုပ်ငန်းစဉ်များထဲတွင် ဆန်စပါး ရ၊ ထုတ်၊ ကျန်စာရင်းများ ကူညီဖြည့်သွင်း သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာ(အ.မ.က လွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာ(အ.မ.က လွန်) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

         ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အတူ သာယာကုန်းကျေးရွာ (အ.မ.က လွန်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၂ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၆၃ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News