
မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံဖြစ်သော မြေပဲသည် ယခုနှစ်တွင် စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း ပြီးဈေးကွက်အတွင်း ဝယ်လိုအားမြင့်မားကာ ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် စီးပွားရေးအသိုင်းအဝိုင်းမှ သိရသည်။ မြေပဲသည် ပြည်တွင်းဆီ ဖူလုံရေးအတွက်သာမက ပြည်ပပို့ကုန်အဖြစ်ပါ အရေးပါသောသီးနှံတစ်ခုဖြစ်သည်။ ကုန်သွယ်မှုနယ်ပယ်တွင် မြန်မာ့မြေပဲဆန်သည် တရုတ်နိုင်ငံအပါအဝင် ပြည်ပဝယ်လိုအား ဆက်လက်ရှိ နေခြင်းကြောင့် ရန်ကုန်ဈေးကွက်ရှိ မြေပဲလုံးဆန် ပြည်ပရောင်းဈေးသည် တစ်တန်လျှင် ဒေါ်လာ (၈၀)ခန့် ထပ်မံဈေးတက်လာကြောင်းသိရသည်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၏ ဝယ်လိုအားပေါ် မူတည်၍ မြေပဲဈေးနှုန်းမှာ သိသိသာသာ လှုပ်ခတ်မှုများရှိခဲ့သည်။ ပြည်ပပို့ကုန်ဈေးမြင့်တက်နေသော်လည်း ပြည်တွင်း၌ ကုန်ဝင်ရောက်မှုနှင့် ဝယ်လိုအားအခြေအနေ များကြောင့် မြေပဲအမျိုးအစားအများစုမှာ ပြည်တွင်းဈေးကွက်တွင် ဈေးအနည်းငယ် ပြန်ကျလျက်ရှိ သည်။ လက်ရှိပြည်တွင်းဈေးကွက်အတွင်း ဖြစ်ပေါ်နေသောမြေပဲဆန် ဈေးနှုန်းများမှာ မြေပဲ (လုံးဆန်) တစ်တန်လျှင် ၇,၉၆၀,၀၀၀ ကျပ်၊ မြေပဲ (အနီ) တစ်တန်းလျှင် ၇,၃၄၀,၀၀၀ ကျပ်၊ ရှိရာမှ မြေပဲ(လုံးဆန်) တစ်တန်လျှင်၇,၈၃၀,၀၀၀ကျပ်၊ မြေပဲ (အနီ) တစ်တန်းလျှင်၇,၂၂၀,၀၀၀ ကျော်သို့ အသီးသီး ဈေးအေးသွားကြောင်းသိရပါသည်။
DOCA(မန္တလေး)
